Sim Registration ဆိုင်ရာ ညွှန်ကြားချက်များကို မလိုက်နာသည့်အတွက် အော်ပရေတာ (၄)ခုကို အမေရိကန် ဒေါ်လာ (၁)သိန်းစီ ဒဏ်ငွေချမှတ်
NSS - ဇူလိုင် ၇
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ Sim Registration ဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိသည့် အတွက် အော်ပရေတာ(၄)ခုကို အရေးယူဆောင်ရွက်ထားကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဒေတာအရောင်းဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြည်တွင်း၌ ဆောင်ရွက်နေသည့် အော်ပရေတာများဖြစ်သည့် MPT, Telenor(ATOM), Ooredoo, MyTel တို့ကို ဇွန်လ ၂၉ ရက်တွင် အထက်ပါကဲ့သို့ ဒဏ်ငွေချမှတ်ခဲ့ခြင်းဖြစ်ပြီး အော်ပရေတာတစ်ခုလျှင် အမေရိကန်ဒေါ်လာ တစ်သိန်းစီ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆင်းကတ်ဝယ်ယူမှုနှင့်ပတ်သက်ပြီး ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက စနစ်တကျမှတ်ပုံတင်ပြီးမှသာ ဝယ်ယူရန်ညွှန်ကြားထားသော်လည်း အချို့သော အရောင်းကိုယ်စားလှယ်များနှင့် အရောင်းဆိုင် (Point of Sale) မျာသည် သက်သေခံလက်မှတ်ပါ အချက်အလက်များကို ပြင်ဆင်၍ SIM Card များကို ကြိုတင်မှတ်ပုံတင် ရောင်းချ မှုများရှိနေသည်။
စာတမ်းအမှတ်အသား လိမ်လည်အတု ပြုလုပ်ခြင်းဖြစ်၍ တည်ဆဲဥပဒေများအရ ပြစ်မှုမြောက်သည့် အတွက် စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန် ကြားမှုဦးစီး ဌာနမှ အသိပေးထားပြီးဖြစ်သည်။
ထို့ကြောင့် အရောင်းကိုယ်စားလှယ်များနှင့် အရောင်းဆိုင် (Point of Sale) များ အနေဖြင့် သက်သေခံလက်မှတ်ပါ အချက်အလက်များကို ပြင်ဆင်၍ SIM Card များကို ကြိုတင်မှတ်ပုံတင် ရောင်းချခြင်း မပြုကြဘဲ SIM Card များကို ဝယ်ယူသူ၏ သက်သေခံလက်မှတ် (မူရင်း) ဖြင့်သာ SIM Card မှတ်ပုံတင်၍ ရောင်းချကြရန် အသိပေးထားသည်။
ကြိုတင်မှတ်ပုံတင်ထားသော SIM Card များသည် ပိတ်သိမ်းခံရမည့် SIM Card များဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် အော်ပရေတာများမှလည်း မှန်ကန်စွာမှတ်ပုံတင်ထားခြင်းမရှိသည့် ဆင်းမ်ကတ်များအား အထွက်ခေါ်ဆိုမှု နှင့် ဒေတာဝန်ဆောင်မှုများကို သတ်မှတ်ရက်များတွင် စတင် ကန့်သတ်သွားမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားမှုများလည်း ရှိနေသည်။
Comments :
1 comments
1 year ago - 11:36 am - Jul 11, 2023
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားနိုင်ငံဆိုင်ရာ ဖင်လန်သံတမန်တွေ နှင်ထုတ်မှုနဲ့အတူ ဖင်လန်ကောင်စစ်ဝန်ရုံးကို ပိတ်သွားမှာဖြစ်ကြောင်း ရုရှားအစိုးရ ကြေညာ
RELATED POSTS
18 Sep 2024 | နည်းပညာ,နိုင်ငံတကာ
12 Sep 2024 | နည်းပညာ,နိုင်ငံတကာ
31 Aug 2024 | နည်းပညာ,နိုင်ငံတကာ
29 Aug 2024 | နည်းပညာ,နိုင်ငံတကာ