၂ဝ၂၃ အာဆီယံ အမျိုးသမီး ယူ-၁၉ ပြိုင်ပွဲတွင် မြန်မာအမျိုးသမီးအသင်းနှင့် ထိုင်းအသင်းတို့ ထိပ်တိုက်တွေ့ဆုံနေ
ရဲပြည့် (NSS) - ဇူလိုင် ၅
၂ဝ၂၃ အာဆီယံ အမျိုးသမီး ယူ-၁၉ ပြိုင်ပွဲကို ယနေ့ (ဇူလိုင်လ ၅ ရက်)တွင် စတင်မည်ဖြစ်ပြီး မြန်မာအမျိုးသမီးအသင်းအနေဖြင့် ထိုင်းအသင်း နှင့် ထိပ်တိုက်တွေ့ဆုံကစားရမည်ဖြစ်သည်။
အဆိုပါ ၂ဝ၂၃ အာဆီယံ အမျိုးသမီး ယူ-၁၉ ပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ ပလမ်ဘန်းမြို့တွင် ဇူလိုင်လ ၅ ရက်မှ ၁၇ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၁၉ အသင်းသည် ဇူလိုင်လ ၈ ရက် မြန်မာစံတော်ချိန် ည ၇ နာရီတွင် ဖိလစ်ပိုင်အသင်း ၊ ဇူလိုင်လ ၁ဝ ရက် မြန်မာစံတော်ချိန် ည ၇ နာရီတွင် ထိုင်းအသင်းနှင့်ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။
ယင်းပြိုင်ပွဲကို အုပ်စုသုံးခုခွဲထားပြီး အုပ်စုသုံးခုမှ အုပ်စုပထမရ သုံးသင်း၊ အကောင်းဆုံး အုပ်စုဒုတိယတစ်သင်း၊ စုစုပေါင်း လေးသင်းသည် ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်မည်ဖြစ်သည်။
ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဇူလိုင်လ ၁၃ ရက်တွင် ကျင်းပမည်ဖြစ်ပြီး အုပ်စု (ခ) ပထမနှင့် အုပ်စု (ဂ) ပထမ၊ အုပ်စု (က) ပထမနှင့် အကောင်းဆုံး အုပ်စုဒုတိယအသင်းတို ကစားကြရမည်ဖြစ်သည်။ တတိယလုပွဲနှင့် ဗိုလ်လုပွဲကို ဇူလိုင်လ ၁၅ ရက်တွင် ကျင်းပမည်ဖြစ်သည်။
အုပ်စု မဲခွဲမှုအရ အုပ်စု (က) တွင် အိမ်ရှင် အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ လာအို၊ တီမောအသင်းတို့ ကျရောက်နေပြီး အုပ်စု (ခ)တွင် ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ အသင်းတို့ ကျရောက်လျက်ရှိသည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၁၉ အသင်းသည် ၂ဝ၂၃ အာဆီယံ အမျိုးသမီး ယူ-၁၉ ပြိုင်ပွဲဝင်ရန်အတွက် အင်ဒိုနီးရှားနိုင်ငံသို့ ဇူလိုင်လ ၄ ရက် နံနက်အစောပိုင်းက ထွက်ခွာခဲ့သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၁၉ အသင်းတွင် အုပ်ချုပ်/နည်းပြ ၁ဝ ဦး၊ ကစားသမား ၂၂ ဦး၊ စုစုပေါင်း ၃၂ ဦး လိုက်ပါသွားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မင်္ဂလာဒုံမြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံ၌ မီးလောင်မှုဖြစ်ပွား
RELATED POSTS
01 Aug 2024 | အားကစား,နိုင်ငံတကာ
30 Jul 2024 | အားကစား,နိုင်ငံတကာ
07 Jul 2024 | အားကစား,နိုင်ငံတကာ
23 May 2024 | အားကစား,ပြည်တွင်း