Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နိုင်ငံသားစိစစ်ရေးကတ်ပြားကို smart card ဖြင့် ထုတ်ပေးနိုင်ရေး ပြင်ဆင်နေဟုဆို

NP News - ဇန်နဝါရီ ၁၁

နိုင်ငံသားစိစစ်ရေးကတ်ပြားကို smart card ဖြင့် ထုတ်ပေးနိုင်ရေး လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ပြင်ဆင်ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

နိုင်ငံသားစိစစ်ရေးကတ်ပြားများကို နိုင်ငံတကာအဆင့်မီ smart card များအဖြစ် ပြောင်းလဲရန်အတွက် ပြီးခဲ့သော ၂ဝ၁၆ ခုနှစ်အတွင်းက စတင်ဆောင်ရွက်မှုများရှိခဲ့သည်ကို တွေ့ရှိရသည်။

လက်ရှိ နစကအစိုးရလက်ထက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသော လက်ရှိပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီသည်လည်း နိုင်ငံသားစိစစ်ရေးကတ်ပြားများကို smart card အဖြစ်သို့ ပြောင်းလဲနိုင်ရေးစီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဦးမြင့်ကြိုင်က ၎င်းကတ်ကို smart card အဖြစ်သို့ ပြောင်းလဲနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယခုလက်ရှိတွင် လဝကမှဦးဆောင်ကာ တစ်နိုင်ငံလုံး၌ မြေပြင်လူဦးရေစာရင်းကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းစဉ်များကို ဇန်နဝါရီလ ၉ ရက်မှ စတင်ကာ ဆောင် ရွက်လျက်ရှိသည်။

“အန်တီတို့ကတော့ စာရင်းသွားပေးပြီးပါပြီ။ စာရင်းကောက်တဲ့သူတွေရဲ့ ပြောပြချက်အရကတော့ မှတ်ပုံတင်ပေါ့ နိုင်ငံသား စိစစ်ရေးကတ်ပြားတွေ ပျောက်ဆုံးတာ၊ ပျက်စီးတာတွေကိုပါ လုပ်ပေးမယ်ပြောတယ်။ သန်းခေါင်စာရင်းပါ လုပ်ပေးမယ်လို့ လည်းပြောတယ်။ ပြီးတော့ နောက်ထွက်လာမယ့် သန်းခေါင်စာရင်းက စာရွက်နဲ့ မဟုတ်တော့ဘဲနဲ့ smart card နဲ့ဘဲ ထုတ်ပေးတော့မယ်လို့ ပြောပါတယ်” ဟု လူဦးရေစာရင်းပေးပို့ခဲ့သော မန္တလေးတိုင်းအတွင်းနေထိုင်သည့် သတင်းအရင်း အမြစ်တစ်ဦးက NP News ကိုပြောသည်။

အစိုးရအဆက်ဆက်အနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ကို smart card ဖြင့် ပြောင်းလဲထုတ်ပေးရန် ကြိုးပမ်းလာမှုမှာကြာခဲ့ပြီဖြစ်ပြီး မကြာမီအချိန်၌ ပြည်သူများအနေဖြင့် smart card ကို ကိုင်ဆောင်ခွင့် ရလာနိုင်ဖွယ်ရှိသည်။

zawgyi version

ႏိုင္ငံသားစိစစ္ေရးကတ္ျပားကို smart card ျဖင့္ ထုတ္ေပးႏိုင္ေရး ျပင္ဆင္ေနဟုဆို

NP News - ဇန္နဝါရီ ၁၁

ႏိုင္ငံသားစိစစ္ေရးကတ္ျပားကို smart card ျဖင့္ ထုတ္ေပးႏိုင္ေရး လူဝင္မႈႀကီး ၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဝန္ႀကီးဌာနက ျပင္ဆင္ေဆာင္႐ြက္ေနေၾကာင္း သတင္းရရွိသည္။

ႏိုင္ငံသားစိစစ္ေရးကတ္ျပားမ်ားကို ႏိုင္ငံတကာအဆင့္မီ smart card မ်ားအျဖစ္ ေျပာင္းလဲရန္အတြက္ ၿပီးခဲ့ေသာ ၂ဝ၁၆ ခုႏွစ္အတြင္းက စတင္ေဆာင္႐ြက္မႈမ်ားရွိခဲ့သည္ကို ေတြ႕ရွိရသည္။

လက္ရွိ နစကအစိုးရလက္ထက္တြင္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ ႀကီးအျဖစ္ တာဝန္ယူခဲ့ဖူးေသာ လက္ရွိျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ ဦးခင္ရီသည္လည္း ႏိုင္ငံသားစိစစ္ေရးကတ္ျပားမ်ားကို smart card အျဖစ္သို႔ ေျပာင္းလဲႏိုင္ေရးစီစဥ္ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဝန္ႀကီးဦးျမင့္ႀကိဳင္က ၎ကတ္ကို smart card အျဖစ္သို႔ ေျပာင္းလဲႏိုင္ေရး ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ယခုလက္ရွိတြင္ လဝကမွဦးေဆာင္ကာ တစ္ႏိုင္ငံလုံး၌ ေျမျပင္လူဦးေရစာရင္းကြင္းဆင္းေကာက္ယူျခင္းလုပ္ငန္းစဥ္မ်ားကို ဇန္နဝါရီလ ၉ ရက္မွ စတင္ကာ ေဆာင္ ႐ြက္လ်က္ရွိသည္။

“အန္တီတို႔ကေတာ့ စာရင္းသြားေပးၿပီးပါၿပီ။ စာရင္းေကာက္တဲ့သူေတြရဲ႕ ေျပာျပခ်က္အရကေတာ့ မွတ္ပုံတင္ေပါ့ ႏိုင္ငံသား စိစစ္ေရးကတ္ျပားေတြ ေပ်ာက္ဆုံးတာ၊ ပ်က္စီးတာေတြကိုပါ လုပ္ေပးမယ္ေျပာတယ္။ သန္းေခါင္စာရင္းပါ လုပ္ေပးမယ္လို႔ လည္းေျပာတယ္။ ၿပီးေတာ့ ေနာက္ထြက္လာမယ့္ သန္းေခါင္စာရင္းက စာ႐ြက္နဲ႔ မဟုတ္ေတာ့ဘဲနဲ႔ smart card နဲ႔ဘဲ ထုတ္ေပးေတာ့မယ္လို႔ ေျပာပါတယ္” ဟု လူဦးေရစာရင္းေပးပို႔ခဲ့ေသာ မႏၲေလးတိုင္းအတြင္းေနထိုင္သည့္ သတင္းအရင္း အျမစ္တစ္ဦးက NP News ကိုေျပာသည္။

အစိုးရအဆက္ဆက္အေနျဖင့္ ႏိုင္ငံသားစိစစ္ေရးကတ္ကို smart card ျဖင့္ ေျပာင္းလဲထုတ္ေပးရန္ ႀကိဳးပမ္းလာမႈမွာၾကာခဲ့ၿပီျဖစ္ၿပီး မၾကာမီအခ်ိန္၌ ျပည္သူမ်ားအေနျဖင့္ smart card ကို ကိုင္ေဆာင္ခြင့္ ရလာႏိုင္ဖြယ္ရွိသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နိုင်ငံဖြတ်ကျော်ငွေကြေးခဝါချမှုများကို စုံစမ်းစစ်ဆေးရာတွင် တရားဝင်နှင့် အလွတ် သဘောလမ်းကြောင်း နှစ်ရပ်လုံးဖြင့် လုပ်ဆောင်ရန် ဗဟိုဘဏ်ဥက္ကဋ္ဌပြော

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved