Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဖြစ်ပွားဆဲပဋိပက္ခများကြောင့် မြန်မာနိုင်ငံသားသေဆုံးမှု ပိုမိုများပြားလာပြီး အရပ်သား (၅ဝဝဝ)ကျော် အကြမ်းဖက်သတ်ဖြတ်ခံထားရ

NP News - ဇန်နဝါရီ ၉

နိုင်ငံအတွင်း ဖြစ်ပွားနေဆဲပဋိပက္ခများကြောင့် မြန်မာနိုင်ငံသားသေဆုံးမှုမှာ ပိုမိုများပြားလာပြီး အရပ်သား (၅ဝဝဝ)ကျော် အကြမ်းဖက်သတ်ဖြတ်ခံထားရကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ၌ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းအထိ ပဋိပက္ခများကြောင့် သေဆုံးခဲ့ရသည့်မြန်မာနိုင်ငံသားဦးရေမှာ စုစုပေါင်း (၆ဝ၄၅)ဦးအထိရှိလာပြီဖြစ်ကြောင်း သိရသည်။

၎င်းအချက်အလက်များသည် NP News မှ ပြုစုထားသော စာရင်းဇယားများနှင့် ရရှိထားသောသတင်းအချက်အလက်များကို အခြေခံကာ တွက်ချက်ထားခြင်းဖြစ်ပြီး ထိုသို့အသက်စွန့်ခဲ့ရသူများထဲတွင် ရဟန်းသံဃာ၊ နိုင်ငံ့ဝန်ထမ်း၊ ရဲနှင့် အရပ်သားများ ပါဝင်လျက်ရှိသည်။

သို့သော် တပ်မတော် နှင့် PDF အဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း သေဆုံးခဲ့ရသူများ၏ မြန်မာနိုင်ငံသားစာရင်းများ ပါဝင်ခြင်းမရှိပေ။ နိုင်ငံအတွင်း ဖြစ်ပွားနေဆဲ ပဋိပက္ခများကြောင့် အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသော အရပ်သားပြည်သူဦးရေမှာ (၅ဝ၃၈)ဦးအထိရှိလာပြီဖြစ်ကာ အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် အရပ်သား(၆ဝဝဝ)နီးပါးမှာလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ပဋိပက္ခကာလအတွင်း လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသော မြန်မာနိုင်ငံသားများဖြစ်သည့် ရဲတပ်ဖွဲ့ဝင်ဦးရေမှာလည်း (၄၉၇)ဦးအထိရှိကာ ထိခိုက်ဒဏ်ရာရရှိခဲ့သော ရဲတပ်ဖွဲ့ဝင်ဦးရေမှာလည်း (၁၅ဝဝ) ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။

အလားတူ ဆန္ဒပြမှုဖြစ်စဉ်အတွင်း လုံခြုံရေးအဖွဲ့မှ ဖြိုခွင်းစဉ်အချိန် သေနတ်ဒဏ်ရာဖြင့်သေဆုံးခဲ့မှုအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့ရသော မြန်မာနိုင်ငံသားဦးရေမှာလည်း (၅၁ဝ)ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

လက်ရှိပဋိပက္ခကာလများအတွင်း ဆန္ဒပြမှုကြောင့် ဖမ်းဆီးခံခဲ့ရသော မြန်မာနိုင်ငံသားဦးရေမှာလည်း အများအပြားရှိကြောင်း တွေ့ရှိရသည်။ အကြမ်းဖက်သတ်ဖြတ်မှု၊ ပစ်ခတ်တိုက်ခိုက်မှု၊ ဖမ်းဆီးမှုများကို ရပ်တန့်ကာ ပဋိပ က္ခများအား ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးရန်အတွက်လည်း တိုက်တွန်းတောင်းဆိုမှုများရှိနေသည်ကိုလည်း တွေ့ရှိရသည်။

“တိုင်းပြည် အခုလည်း ဘယ်လောက်ထိခိုက်နာကျင်မှုတွေ များနေပြီလဲ။ လက်နက်မဲ့အရပ်သားတွေ သေကြေမှု၊ ပျက်စီးမှုက (၇ဝဝဝ)ကျော်လာပြီ။ တစ်ခါမှ မကြာဖူး၊ မကြုံဖူးတဲ့ကိစ္စကတော့ ရဟန်းသံဃာတွေ တခြားဘာသာရေးခေါင်းဆောင်တွေ ဆိုထာထက်ကို ဗုဒ္ဓဘာသာရဟန်းသံဃာတွေ သတ်ဖြတ်ခံရတဲ့ကိစ္စဟာ ကျွန်တော်တို့ နိုင်ငံရေးသမိုင်းမှာ မရှိခဲ့ဘူး” ဟု ပြည်သူ့ပါတီဥက္ကဋ္ဌဦးကိုကိုကြီးက NP News ကို မှတ်ချက်ပြုပြောဆိုထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်း၌ နေရပ်စွန့်ခွာရွှေ့ပြောင်းဒုက္ခသည်ဦးရေမှာလည်း အများဆုံးစံချိန်တင်ဖြစ်လာသကဲ့သို့ လူငယ်အများအပြားမှာလည်း နိုင်ငံခြားသို့ ထွက်ခွာအလုပ်လုပ်ရန် အများအပြားပြင်ဆင်နေလျက်ရှိကြောင်း ၎င်းက မှတ်ချက် ပြုထားသည်။

“အုပ်ကြီးတွေလည်း ခြိမ်းခြောက်လို့ နှုတ်ထွက်လို့ အလုပ်လုပ်မယ့်လူမရှိတော့ဘူးဆိုရင် အဲဒါက မင်းမဲ့စရိုက်ထဲကို ဦးတည်သွားတာ။ နောက်တစ်ခုက လက်လွတ် စပယ်တွေဖြစ်ပြီးတော့ သေကြေပျက်စီးသွားပြီး တစ်ချို့ဆိုရင် ခုတ်ထစ်၊ လှီးဖြတ်ပြီးသွားရင် လက်သည်မပေါ်ဘူး။ ကျွန်တော်မဟုတ်ဘူး။ သူမဟုတ်ဘူးနဲ့ သေတဲ့လူက သေသွားရော။ မိဘမဲ့ကလေးတွေ ဖြစ်တဲ့သူက ဖြစ်သွားရော။ ပြီးရင် ဟိုလွှဲချ၊ ဒီလွှဲချနဲ့တွေနဲ့ဖြစ်တော့ ဆိုလိုတာက အဲဒီအခြေအနေကြီးကို ကာလအကန့်အသတ်မရှိ သွားကြမှာလား။ အဲဒီတော့ ကျွန်တော်ကတော့ သူတို့ကိုလည်း မေးရလိမ့်မယ်” ဟု ဦးကိုကိုကြီးက ဆိုသည်။

လက်ရှိတွင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် တပ်မတော်နှင့် ဒေသခံတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ PDF များကြားတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း တွေ့ရှိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံ၌ ပဋိပက္ခများချုပ်ငြိမ်းကာ ထာဝရငြိမ်းချမ်းရေးရရှိရန်အ တွက် တွေ့ဆုံညှိနှိုင်းအဖြေရှာကြရန်လည်း နိုင်ငံရေးပါတီများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းများက တိုက်တွန်းအကြံပြုထားကြသည်။


zawgyi version

ျဖစ္ပြားဆဲပဋိပကၡမ်ားေၾကာင့္ ျမန္မာႏိုင္ငံသားေသဆုံးမႈ ပိုမိုမ်ားျပားလာၿပီး အရပ္သား (၅ဝဝဝ)ေက်ာ္ အၾကမ္းဖက္သတ္ျဖတ္ခံထားရ

NP News - ဇန္နဝါရီ ၉

ႏိုင္ငံအတြင္း ျဖစ္ပြားေနဆဲပဋိပကၡမ်ားေၾကာင့္ ျမန္မာႏိုင္ငံသားေသဆုံးမႈမွာ ပိုမိုမ်ားျပားလာၿပီး အရပ္သား (၅ဝဝဝ)ေက်ာ္ အၾကမ္းဖက္သတ္ျဖတ္ခံထားရေၾကာင္း သတင္းရရွိသည္။

ျမန္မာႏိုင္ငံ၌ ၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလမွစ၍ ၂ဝ၂၂ ခုႏွစ္ ဒီဇင္ဘာလကုန္ပိုင္းအထိ ပဋိပကၡမ်ားေၾကာင့္ ေသဆုံးခဲ့ရသည့္ျမန္မာႏိုင္ငံသားဦးေရမွာ စုစုေပါင္း (၆ဝ၄၅)ဦးအထိရွိလာၿပီျဖစ္ေၾကာင္း သိရသည္။

၎အခ်က္အလက္မ်ားသည္ NP News မွ ျပဳစုထားေသာ စာရင္းဇယားမ်ားႏွင့္ ရရွိထားေသာသတင္းအခ်က္အလက္မ်ားကို အေျခခံကာ တြက္ခ်က္ထားျခင္းျဖစ္ၿပီး ထိုသို႔အသက္စြန႔္ခဲ့ရသူမ်ားထဲတြင္ ရဟန္းသံဃာ၊ ႏိုင္ငံ့ဝန္ထမ္း၊ ရဲႏွင့္ အရပ္သား မ်ား ပါဝင္လ်က္ရွိသည္။

သို႔ေသာ္ တပ္မေတာ္ ႏွင့္ PDF အဖြဲ႕၊ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားအၾကား ျဖစ္ပြားခဲ့ေသာ တိုက္ပြဲမ်ားအတြင္း ေသဆုံးခဲ့ရသူမ်ား၏ ျမန္မာႏိုင္ငံသားစာရင္းမ်ား ပါဝင္ျခင္းမရွိေပ။

ႏိုင္ငံအတြင္း ျဖစ္ပြားေနဆဲ ပဋိပကၡမ်ားေၾကာင့္ အၾကမ္းဖက္သတ္ျဖတ္ခံခဲ့ရေသာ အရပ္သားျပည္သူဦးေရမွာ (၅ဝ၃၈)ဦးအထိရွိလာၿပီျဖစ္ကာ အၾကမ္းဖက္တိုက္ခိုက္ခံရမႈေၾကာင့္ အရပ္သား(၆ဝဝဝ)နီးပါးမွာလည္း ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ပဋိပကၡကာလအတြင္း လုပ္ႀကံသတ္ျဖတ္ျခင္းခံခဲ့ရေသာ ျမန္မာႏိုင္ငံသားမ်ားျဖစ္သည့္ ရဲတပ္ဖြဲ႕ဝင္ဦးေရမွာလည္း (၄၉၇)ဦးအထိရွိကာ ထိခိုက္ဒဏ္ရာရရွိခဲ့ေသာ ရဲတပ္ဖြဲ႕ဝင္ဦးေရမွာလည္း (၁၅ဝဝ) ဝန္းက်င္ခန႔္ရွိေၾကာင္း သိရသည္။

အလားတူ ဆႏၵျပမႈျဖစ္စဥ္အတြင္း လုံၿခဳံေရးအဖြဲ႕မွ ၿဖိဳခြင္းစဥ္အခ်ိန္ ေသနတ္ဒဏ္ရာျဖင့္ေသဆုံးခဲ့မႈအပါအဝင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေသဆုံးခဲ့ရေသာ ျမန္မာႏိုင္ငံသားဦးေရမွာလည္း (၅၁ဝ)ဦးအထိ ရွိလာၿပီျဖစ္ေၾကာင္း သိရသည္။

လက္ရွိပဋိပကၡကာလမ်ားအတြင္း ဆႏၵျပမႈေၾကာင့္ ဖမ္းဆီးခံခဲ့ရေသာ ျမန္မာႏိုင္ငံသားဦးေရမွာလည္း အမ်ားအျပားရွိေၾကာင္း ေတြ႕ရွိရသည္။ အၾကမ္းဖက္သတ္ျဖတ္မႈ၊ ပစ္ခတ္တိုက္ခိုက္မႈ၊ ဖမ္းဆီးမႈမ်ားကို ရပ္တန႔္ကာ ပဋိပ ကၡမ်ားအား ၿငိမ္းခ်မ္းစြာေတြ႕ဆုံေဆြးေႏြးရန္အတြက္လည္း တိုက္တြန္းေတာင္းဆိုမႈမ်ားရွိေနသည္ကိုလည္း ေတြ႕ရွိရသည္။

“တိုင္းျပည္ အခုလည္း ဘယ္ေလာက္ထိခိုက္နာက်င္မႈေတြ မ်ားေနၿပီလဲ။ လက္နက္မဲ့အရပ္သားေတြ ေသေၾကမႈ၊ ပ်က္စီးမႈက (၇ဝဝဝ)ေက်ာ္လာၿပီ။ တစ္ခါမွ မၾကာဖူး၊ မႀကဳံဖူးတဲ့ကိစၥကေတာ့ ရဟန္းသံဃာေတြ တျခားဘာသာေရးေခါင္းေဆာင္ေတြ ဆိုထာထက္ကို ဗုဒၶဘာသာရဟန္းသံဃာေတြ သတ္ျဖတ္ခံရတဲ့ကိစၥဟာ ကြၽန္ေတာ္တို႔ ႏိုင္ငံေရးသမိုင္းမွာ မရွိခဲ့ဘူး” ဟု ျပည္သူ႔ပါတီဥကၠ႒ဦးကိုကိုႀကီးက NP News ကို မွတ္ခ်က္ျပဳေျပာဆိုထားသည္။

လက္ရွိတြင္ ျမန္မာႏိုင္ငံအတြင္း၌ ေနရပ္စြန႔္ခြာေ႐ႊ႕ေျပာင္းဒုကၡသည္ဦးေရမွာလည္း အမ်ားဆုံးစံခ်ိန္တင္ျဖစ္လာသကဲ့သို႔ လူငယ္အမ်ားအျပားမွာလည္း ႏိုင္ငံျခားသို႔ ထြက္ခြာအလုပ္လုပ္ရန္ အမ်ားအျပားျပင္ဆင္ေနလ်က္ရွိေၾကာင္း ၎က မွတ္ခ်က္ ျပဳထားသည္။

“အုပ္ႀကီးေတြလည္း ၿခိမ္းေျခာက္လို႔ ႏႈတ္ထြက္လို႔ အလုပ္လုပ္မယ့္လူမရွိေတာ့ဘူးဆိုရင္ အဲဒါက မင္းမဲ့စ႐ိုက္ထဲကို ဦးတည္သြားတာ။ ေနာက္တစ္ခုက လက္လြတ္ စပယ္ေတြျဖစ္ၿပီးေတာ့ ေသေၾကပ်က္စီးသြားၿပီး တစ္ခ်ိဳ႕ဆိုရင္ ခုတ္ထစ္၊ လွီးျဖတ္ၿပီးသြားရင္ လက္သည္မေပၚဘူး။ ကြၽန္ေတာ္မဟုတ္ဘူး။ သူမဟုတ္ဘူးနဲ႔ ေသတဲ့လူက ေသသြားေရာ။ မိဘမဲ့ကေလးေတြ ျဖစ္တဲ့သူက ျဖစ္သြားေရာ။ ၿပီးရင္ ဟိုလႊဲခ်၊ ဒီလႊဲခ်နဲ႔ေတြနဲ႔ျဖစ္ေတာ့ ဆိုလိုတာက အဲဒီအေျခအေနႀကီးကို ကာလအကန႔္အသတ္မရွိ သြားၾကမွာလား။ အဲဒီေတာ့ ကြၽန္ေတာ္ကေတာ့ သူတို႔ကိုလည္း ေမးရလိမ့္မယ္” ဟု ဦးကိုကိုႀကီးက ဆိုသည္။

လက္ရွိတြင္ ကခ်င္ျပည္နယ္၊ ကရင္ျပည္နယ္၊ စစ္ကိုင္းတိုင္းႏွင့္ မေကြးတိုင္းတို႔တြင္ တပ္မေတာ္ႏွင့္ ေဒသခံတိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ား၊ PDF မ်ားၾကားတြင္ တိုက္ပြဲမ်ား ျဖစ္ပြားလ်က္ရွိေၾကာင္း ေတြ႕ရွိရသည္။

ထို႔ေၾကာင့္ ျမန္မာႏိုင္ငံ၌ ပဋိပကၡမ်ားခ်ဳပ္ၿငိမ္းကာ ထာဝရၿငိမ္းခ်မ္းေရးရရွိရန္အ တြက္ ေတြ႕ဆုံညႇိႏႈိင္းအေျဖရွာၾကရန္လည္း ႏိုင္ငံေရးပါတီမ်ားႏွင့္ ႏိုင္ငံတကာအသိုင္းအဝိုင္းမ်ားက တိုက္တြန္းအႀကံျပဳထားၾကသည္။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လာမည့်ရွေးကောက်ပွဲ၌ မဲစာရင်းပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူခြင်းအား ယနေ့ စတင်ပြုလုပ်

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved