Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
လာမည့်ရွေးကောက်ပွဲ၌ မဲစာရင်းပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူခြင်းအား ယနေ့ စတင်ပြုလုပ်

မျိုးကြီး (NP News) - ဇန်နဝါရီ ၉

လာမည့်ရွေးကောက်ပွဲ၌ မဲစာရင်းပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းစဉ်ကို ယနေ့ (ဇန်နဝါရီလ ၉ ရက်)တွင် စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တိုင်းနှင့်ပြည်နယ်အသီးသီးရှိ နေရာအနှံ့တွင် မြေပြင်လူဦးရေစာရင်းကို လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများအပါအဝင် သက် ဆိုင်ရာဌာနမှတာဝန်ရှိသူများနှင့်ပူးပေါင်းကာ မြေပြင်ကွင်းဆင်းကောက်ယူနေခြင်းဖြစ်သည်။

“ကျွန်တော်တို့ လက်ရှိတာဝန်ယူထားတဲ့ နိုင်ငံတော်အစိုးရရဲ့ ရှေ့လုပ်ငန်းစဉ်(၅)ရပ်မှာပါတဲ့ အထွေထွေရွေးကောက်ပွဲအတွက်ကို မဲစာရင်းမှန်ကန်ဖို့ လူဦးရေစာရင်းမှန်ကန်ဖို့ ကောက်တာဖြစ်ပါတယ်” ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက NP News ကို အတည်ပြုပြောဆိုထားသည်။

အဆိုပါမြေပြင်လူဦးရေစာရင်းကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းစဉ်ကို ယနေ့ (ဇန်နဝါရီလ ၉ ရက်)မှစတင်ကာ ဇန်နဝါရီလ ၃၁ ရက်အထိ တစ်နိုင်ငံလုံး ဆောင် ရွက်သွားမည်ဖြစ်ကြောင်း နစကဘက်က ပြောဆိုထားသည်။

“ကျွန်တော်တို့ ရွှေပြည်သာမှာတော့ မနေ့ကတည်းက စာရင်းကောက်နေတာ။ သူကဘယ်လိုကောက်လဲဆိုတော့ ရာအိမ်မှူးအိမ်ကို အိမ်ထောင်စုစာရင်းတွေ ၊ ဧည့်စာ ရင်းတွေ လာပို့ခိုင်းပြီးတော့ စာရင်းပြုစုတာပေါ့။ သူတို့ကတော့ လူဦးရေစာရင်းကောက်တာလို့ ပြောတယ်။ တစ်အိမ်တက်တစ်အိမ်ဆင်းလာကောက်တာမျိုးတော့ မဟုတ်ဘူး” ဟု ရွှေပြည်သာမြို့နယ်၊ (၁ဝ)ရပ်ကွက်အတွင်းနေထိုင်သူတစ်ဦးက NP News ကိုပြောသည်။

သို့သော် ရန်ကုန်တိုင်းအတွင်းရှိ အခြားသော မြို့နယ်များတွင် မြေပြင်လူဦရေစာရင်းအား တစ်အိမ်တက်တစ်အိမ်ဆင်း ကွင်းဆင်းကောက်ယူလျက်ရှိကြောင်း တွေ့ရှိရသည်။ လက်ရှိတွင် နစကအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် လာမည့်အထွေထွေရွေးကောက်ပွဲကို တစ်နိုင်ငံလုံး၌ အကြားအလပ်မရှိ ကျင်းပနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုပြောဆိုထားသည်။

ထို့ပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်လည်း လာမည့်ရွေး ကောက်ပွဲကို အချိုးကျကိုယ်စားပြုစနစ်(PR)ကို ကျင့်သုံးကာ ဆောင်ရွက်သွားမည်ဟု ကြေညာထားပြီး လက်ရှိတွင် မဲစာရင်း၊ မဲရုံသုံးပစ္စည်းများကို ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။


zawgyi version

လာမည့္ေ႐ြးေကာက္ပြဲ၌ မဲစာရင္းျပည့္စုံမွန္ကန္ေရးအတြက္ ေျမျပင္လူဦးေရစာရင္း ကြင္းဆင္းေကာက္ယူျခင္းအား ယေန႔ စတင္ျပဳလုပ္

မ်ိဳးႀကီး (NP News) - ဇန္နဝါရီ ၉

လာမည့္ေ႐ြးေကာက္ပြဲ၌ မဲစာရင္းျပည့္စုံမွန္ကန္ေရးအတြက္ ေျမျပင္လူဦးေရစာရင္း ကြင္းဆင္းေကာက္ယူျခင္းလုပ္ငန္းစဥ္ကို ယေန႔ (ဇန္နဝါရီလ ၉ ရက္)တြင္ စတင္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

တိုင္းႏွင့္ျပည္နယ္အသီးသီးရွိ ေနရာအႏွံ႔တြင္ ေျမျပင္လူဦးေရစာရင္းကို လူဝင္မႈ ႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဝန္ႀကီးဌာနမွ တာဝန္ရွိသူမ်ားအပါအဝင္ သက္ ဆိုင္ရာဌာနမွတာဝန္ရွိသူမ်ားႏွင့္ပူးေပါင္းကာ ေျမျပင္ကြင္းဆင္းေကာက္ယူေနျခင္းျဖစ္သည္။

“ကြၽန္ေတာ္တို႔ လက္ရွိတာဝန္ယူထားတဲ့ ႏိုင္ငံေတာ္အစိုးရရဲ႕ ေရွ႕လုပ္ငန္းစဥ္(၅)ရပ္မွာပါတဲ့ အေထြေထြေ႐ြးေကာက္ပြဲအတြက္ကို မဲစာရင္းမွန္ကန္ဖို႔ လူဦးေရစာရင္းမွန္ကန္ဖို႔ ေကာက္တာျဖစ္ပါတယ္” ဟု လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦးက NP News ကို အတည္ျပဳေျပာဆိုထားသည္။

အဆိုပါေျမျပင္လူဦးေရစာရင္းကြင္းဆင္းေကာက္ယူျခင္းလုပ္ငန္းစဥ္ကို ယေန႔ (ဇန္နဝါရီလ ၉ ရက္)မွစတင္ကာ ဇန္နဝါရီလ ၃၁ ရက္အထိ တစ္ႏိုင္ငံလုံး ေဆာင္ ႐ြက္သြားမည္ျဖစ္ေၾကာင္း နစကဘက္က ေျပာဆိုထားသည္။

“ကြၽန္ေတာ္တို႔ ေ႐ႊျပည္သာမွာေတာ့ မေန႔ကတည္းက စာရင္းေကာက္ေနတာ။ သူကဘယ္လိုေကာက္လဲဆိုေတာ့ ရာအိမ္မႉးအိမ္ကို အိမ္ေထာင္စုစာရင္းေတြ ၊ ဧည့္စာ ရင္းေတြ လာပို႔ခိုင္းၿပီးေတာ့ စာရင္းျပဳစုတာေပါ့။ သူတို႔ကေတာ့ လူဦးေရစာရင္းေကာက္တာလို႔ ေျပာတယ္။ တစ္အိမ္တက္တစ္အိမ္ဆင္းလာေကာက္တာမ်ိဳးေတာ့ မဟုတ္ဘူး” ဟု ေ႐ႊျပည္သာၿမိဳ႕နယ္၊ (၁ဝ)ရပ္ကြက္အတြင္းေနထိုင္သူတစ္ဦးက NP News ကိုေျပာသည္။

သို႔ေသာ္ ရန္ကုန္တိုင္းအတြင္းရွိ အျခားေသာ ၿမိဳ႕နယ္မ်ားတြင္ ေျမျပင္လူဦေရစာရင္းအား တစ္အိမ္တက္တစ္အိမ္ဆင္း ကြင္းဆင္းေကာက္ယူလ်က္ရွိေၾကာင္း ေတြ႕ရွိရသည္။ လက္ရွိတြင္ နစကအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္အေနျဖင့္ လာမည့္အေထြေထြေ႐ြးေကာက္ပြဲကို တစ္ႏိုင္ငံလုံး၌ အၾကားအလပ္မရွိ က်င္းပႏိုင္ေရးေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ကတိျပဳေျပာဆိုထားသည္။

ထို႔ျပင္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အေနျဖင့္လည္း လာမည့္ေ႐ြး ေကာက္ပြဲကို အခ်ိဳးက်ကိုယ္စားျပဳစနစ္(PR)ကို က်င့္သုံးကာ ေဆာင္႐ြက္သြားမည္ဟု ေၾကညာထားၿပီး လက္ရွိတြင္ မဲစာရင္း၊ မဲ႐ုံသုံးပစၥည္းမ်ားကို ႀကိဳတင္ျပင္ဆင္လ်က္ရွိေၾကာင္း သိရသည္။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကျောက်တန်းမြို့နယ်ရှိ ချည်မျှင်ကုန်ကြမ်းစက်ရုံတွင် (၂)နာရီကြာ မီးလောင်မှုဖြစ်ပွား

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved