အောင်မြေသာစံမြို့နယ်တွင် အသက် (၂၁)နှစ်အရွယ် လူငယ်တစ်ဦး ကြိုးဆွဲချ အဆုံးစီရင်မှုဖြစ်ပွား
NSS - ဇူလိုင် ၁
မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်တွင် အသက် (၂၁)နှစ်အရွယ် လူငယ်တစ်ဦး မိမိကိုယ်ကို ကြိုးဆွဲချ အဆုံးစီရင်သွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော ဇွန်လ ၃ဝ ရက်၊ နံနက် ၉နာရီ ၄ဝမိနစ် အချိန်တွင် အောင်မြေသာစံမြို့နယ်၊ မဟာဇေယျဘုံသရက်ကုန်း၊ ၂၃ လမ်းနှင့် ၂၄ လမ်းကြား၊ ၅၆ လမ်းပေါ်ရှိ နေအိမ်တွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“သေသေချာချာတော့မသိပါဘူး။ အိမ်အပေါ်ထပ်အခန်းထဲမှာ တစ်ယောက်တည်းနေပြီးတော့ အဆုံးစီရင်လိုက်တာပေါ့”ဟု နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက NP news ကိုပြော သည်။
ကြိုးဆွဲချသေဆုံးသူသည် အသက်(၂၁)နှစ်အရွယ် မောင်ဘုန်းဟိန်းအောင်ဖြစ်ကြောင်း အဆိုပါ လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရှိရသည်။
လက်ရှိတွင် အဆိုပါသေဆုံးသူ၏ ရုပ်အလောင်းကို နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့မှ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်- မန္တလေးအမြန်လမ်းမကြီး၌ အိမ်စီးကားတစ်စီး မိုင်တိုင်နှင့် Guardrail တန်းအားတိုက်မိခဲ့ရာ (၂)ဦးသေဆုံး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း