နေထိုင်ရေးအခက်အခဲရှိသူများကို နေထိုင်ခွင့်ပေးမည့် သုခဒဂုံအငှားအိမ်ရာများအတွက် လျှောက်လွှာခေါ်ယူ
NSS - ဇူလိုင် ၁
ရန်ကုန်တိုင်း ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်၂ လမ်းမကြီးနှင့် မြို့ပတ်လမ်းဆုံအနီး (Toll gate အနီး)တွင် တည်ဆောက်ထားသည့် သုခဒဂုံ ပြည်သူ့အငှားအိမ်ရာရှိ အိမ်ခန်းများတွင် နေထိုင်ရေးအခက် အခဲရှိသူ ပြည်သူများ နှင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများငှားရမ်းနေထိုင်ခွင့် လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။
အဆိုပါ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာတွင်ရှိသည့် (၅၈၈)စတုရန်းပေကျယ်ဝန်းသည့် အိမ်ခန်းများတွင်ငှားရမ်းနေထိုင်ရန် လျှောက်ထားလိုသူများသည် လာမည့် ဇူလိုင်လအတွင်း မိမိတို့နေထိုင်ရာ မြို့နယ်ထွေအုပ်ရုံးများ၌ လျှောက်လွှာတစ်စောင်လျှင် ငွေကျပ် (၃ဝဝဝ)နှုန်းဖြင့်ဝယ်ယူကာ သတ်မှတ်စည်းကမ်းချက်များဖြည့်စွက်ပြီး ထွေအုပ်ရုံးများ၌ လျှောက်လွှာတင်ထားနိုင်ကြောင်းသိရသည်။
ပြည်သူ့ဝန်ထမ်းများအနေဖြင့် သက်ဆိုင်ရာဌာနအကြီးအကဲ၏ထောက်ခံချက်တင်ပြရမည်ဖြစ်ပြီး အမှန်တကယ်နေထိုင်ရေးအခက်အခဲရှိသူပြည်သူများ လျှောက်ထားနိုင်သည့်အပြင် နေထိုင်ခွင့်ရပါက (၅)နှစ်ကြာ ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ၏ အခန်းများအလိုက် သတ်မှတ်ငှားရမ်းခများအနေဖြင့် (၁)လကြာငှားရမ်းခသည် ပထမထပ်အတွက် ၆၇ဝဝဝ ကျပ် ၊ ဒုတိယထပ်အတွက် ၆ဝဝဝဝကျပ် ၊ တတိယထပ်အတွက် ၅၅ဝဝဝ ကျပ် နှင့် စတုတ္ထထပ်အတွက် ၄၆ဝဝဝ ကျပ် သတ်မှတ်ထားပြီး လျှောက်ထားသူများအနေဖြင့်ငှားရမ်းခွင့်ရပါက (၃)လကြာငှားရမ်းခနှင့် ညီမျှသည့် အာမခံငွေ ငှားရမ်းခကို ကြိုတင်ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အမှတ် (၂ )လမ်းမကြီး နှင့် ရန်ကုန်မြို့ပတ်လမ်းဆုံအနီးတွင် အကောင်အ ထည်ဖော်ဆောက်လုပ်ထားသော သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ နေထိုင်ငှားရမ်းခွင့် လျှောက်လွှာများကို ပြည်သူများအနေဖြင့် ဇူလိုင်လ ၃ ရက်မှစတင်ကာ ရုံးချိန်အတွင်း ဝယ်ယူလျှောက်ထားနိုင်ပြီဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရခိုင်ပြည်နယ်၊ စစ်တွေတက္ကသိုလ်အနီး၌ လူ(၆)ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကာ (၃)ဦးမှာ နေရာ၌ပင် ပွဲချင်းပြီးသေဆုံး
RELATED POSTS
16 Sep 2024 | အထွေထွေ,ပြည်တွင်း
14 Sep 2024 | အထွေထွေ,နိုင်ငံတကာ