Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မက္ကဆီကိုနိုင်ငံသို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန် ပထမဆုံးအကြိမ် သွားရောက်လည်ပတ်

Pika (NP News) - ဇန်နဝါရီ ၉

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် ရွှေ့ပြောင်းနေထိုင်သူများနှင့် မူးယစ်ဆေးဝါးမှောင်ခိုကူးမှုဆိုင်ရာ ဆွေးနွေးပွဲ အပြင် မြောက်အမေရိကခေါင်းဆောင်များ၏ ထိပ်သီးဆွေးနွေးပွဲအတွက် ဇန်နဝါရီ(၈)ရက်တွင် မက္ကဆီကိုနိုင်ငံသို့ ပထမဆုံးအကြိမ် ချစ်ကြည်ရေး အလည်အပတ်ရောက်ရှိလာခဲ့ကြောင်းလည်း သိရသည်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် ဇန်နဝါရီ(၉)ရက် နှင့် (၁ဝ) ရက်တို့တွင် မက္ကဆီကိုနိုင်ငံ သမ္မတ အန်ဒရက် စ်မန်နူရယ်လို ပက်ဇ်အိုဘရာဒေါ နှင့် ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရုဒဲရု တို့နှင့် တစ်ဦးချင်း တွေ့ဆုံ မည်ဖြစ်ပြီး Three Amigos ဟု အမည်ပေးထားသော ထိပ်သီးအစည်းအဝေးပွဲတွင် အတူတကွ တွေ့ဆုံမည်ဖြစ်ကြောင်းလည်း သိရသည်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် လေဆိပ်သို့ရောက်ရှိလာချိန်တွင် မက္ကဆီကိုသမ္မတ လိုပက်ဇ် အော်ဘရာဒေါက ကော်ဇောနီခင်းကာ ကြိုဆိုခဲ့ကြောင်းလည်း သိရသည်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် မက္ကဆီကိုနိုင်ငံသို့ ပထမဆုံးအလည်အပတ်ရောက်ချိန်အတွင်း ရွှေ့ပြောင်းနေထိုင်မှုနှင့် အန္တရာယ်ရှိသော မူးယစ် ဆေးဝါးမှောင်ခိုကူးမှုဆိုင်ရာကိစ္စများနှင့်အတူ ကုန်သွယ်ရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို လည်း ဆွေးနွေးခဲ့ကြောင်းသိရသည်။

မက္ကဆီကိုနိုင်ငံသို့ လာစဥ်အချိန်အတွင်း ဂျိုးဘိုင်ဒန်သည် ရွှေ့ပြောင်းနေထိုင်သူများ မကြာခဏဖြတ်ကျော် ဝင်ရောက်နေသော နယ်စပ်တစ်ခုဖြစ်သည့် အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် အယ်လ်ပါဆိုမြို့တွင် နာရီ အတော်ကြာရပ်နားနေခဲ့ကြောင်းလည်း သိရသည်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၏ မက္ကဆီကိုနိုင်ငံသို့ သွားရောက်လည်ပတ်သည့်ခရီးစဥ်သည်  သမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်ချိန်ကတည်းက ပထမဆုံး အကြိမ်သွားရောက်လည်ပတ်သော ခရီးစဥ်တစ်ခုဖြစ်ကြောင်းလည်း သိရသည်။

ဂျိုးဘိုင်ဒန်သည် နယ်စပ်မြို့တစ်ခုဖြစ်သည့် အယ်လ်ပါဆိုမြို့တွင် အမေရိကန်အရာရှိများနှင့်တွေ့ရှိခဲ့ပြီး နောက်ဆုံး ပေါ် နယ်စပ်ထိန်းသိမ်းရေးနည်းပညာ နှင့် အကောက်ခွန်ဌာနရှိ အနံ့ခံခွေးတစ်ကောင်ကိုလည်း ကြည့်ရှုခဲ့ကြောင်း သိရသည်။ ဂျိုးဘိုင်ဒန်က "အကောက်ခွန်ဌာနက လူတွေဟာ ရှာဖွေရေးနဲ့ပတ်သက်ပြီး ပစ္စည်းတော်တော်များများ လိုအပ်နေပါသေးတယ်။ အဲဒါတွေကို ကျွန်တော် သူတို့အတွက်ပေးမှာပါ" ဟု ပြောဆိုခဲ့သည်။


Zawgyi Version;


Pika (NP News) - ဇန်နဝါရီ ၉





Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အင်ဒိုနီးရှားသမ္မတဝီဒိုဒိုနဲ့ မလေးရှားဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေးပြီးနောက် နစကကို အာဆီယံသဘာတူညီချက်များ အကောင်အထည်ဖော်ဖို့ တောင်းဆို

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved