ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၌ ကားတစ်စီး ထန်းပင်အားဝင်တိုက်မိ၍ အမျိုးသား (၁)ဦး သေဆုံး
စော (NSS) - ဇွန် ၂၈
ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၁၃/၅)မိုင်၌ ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ ထန်းပင်အားဝင်တိုက်မိ၍ အမျိုးသား(၁)ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဇွန်လ ၂၈ ရက်)၊ နံနက် (၁)နာရီဝန်းကျင်အချိန်တွင် အထက်ပါကဲ့သို့ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း (၁၁၅)မိုင် အမြန်လမ်းမီးသတ်စခန်းထံမှ သိရသည်။
အဆိုပါယာဉ်သည် ရန်ကုန်မှ နေပြည်တော်သို့ မောင်းနှင်လာသည့် Nissan Vanette အမျိုးအစား ဖြစ်ကြောင်း သိရသည်။
“အရှိန်လွန်ပြီးတော့ လမ်းလယ်ကျွန်းကိုရောက်သွားပြီး ထန်းပင်ကိုဝင်တိုက်တာပါ။ အဲဒီကားပေါ်မှာ အမျိုးသား(၂)ယောက်ပါပါတယ်”ဟု (၁၁၅)မိုင် အမြန်လမ်းမီးသတ်စခန်းထံမှ သိရသည်။
ယာဉ်မတော်တဆမှုကြောင့် အမျိုးသား(၂)ဦးအနက် အမျိုးသား (၁)ဦးသေဆုံးခဲ့ပြီး ၎င်းတို့အား ဖြူးမြို့ နယ်ပြည်သူ့ဆေးရုံ့သို့ ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပဲရစ်မြို့အနောက်ပိုင်းမှာ ဆူပူအကြမ်းဖက်မှုများဖြစ်ပွားခဲ့ပြီးနောက် လူပေါင်း (၂ဝ)ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ရဟု ပြင်သစ်ရဲတပ်ဖွဲ့ပြော
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း