Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အင်္ဂလန်နိုင်ငံက ရယူထားသော ပတ္တမြားငမောက်နှင့် မြန်မာ့အမွေပစ္စည်း (၇၉)မျိုးသည် ယနေ့ထိ ပြန်မရ၍ မြန်မာ့အမွေများရရှိရေး ကြိုးစားရမည်ဟု နစကတိုက်တွန်း

မျိုးကြီး (NSS) - ဇွန် ၂၈

အင်္ဂလန်နိုင်ငံက ရယူထားသော ပတ္တမြားငမောက်ကျောက်နှင့် မြန်မာ့အမွေပစ္စည်း (၇၉)မျိုးသည် ယနေ့ထိ ပြန်လည်မရရှိသေးကြောင်း သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနက ဆိုသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်ရှိ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနက ယနေ့ (ဇွန်လ ၂၈ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးပြောဆိုထားခြင်းဖြစ်သည်။

အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံအား ကျူးကျော်စစ် (၃)ကြိမ် ဆင်နွှဲပြီးနောက် ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်တွင် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာသည် လုံးဝလက်လွှတ်ဆုံးရှုံးသွားခဲ့ရသည်။

ထိုသို့ အင်္ဂလိပ်တို့သည် မြန်မာ့မြေကို ကျူးကျော်သိမ်းပိုက်ခဲ့ပြီးနောက် မြန်မာလူမျိုးတို့၏ ရတနာအမွေ အနှစ်ပစ္စည်းများကိုလည်း တစ်ပါတည်းသိမ်းယူသွားခဲ့ကြောင်း အထက်ပါဦးစီးဌာနက ဆိုထားသည်။

ထို့နောက် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် လွတ်လပ်ရေးရရှိခဲ့ကာ မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို ပြန်လည်ရရှိခဲ့ပြီး ၁၉၆၄ ခုနှစ် တော်လှန်ရေးကောင်စီလက်ထက်၌ အင်္ဂလန်နိုင်ငံ ဒုတိယမြောက် အဲလီဇဘက်ဘုရင်မကြီးက မြန်မာနိုင်ငံကုန်းဘောင်မင်းဆက်များ၏ မင်းခမ်းတော်ပစ္စည်းများအပါအဝင် ပစ္စည်းအရေးအတွက် (၁၄၁)ခုကို ပြန်လည်ပေးအပ်ခဲ့ကြောင်း ဦးစီးဌာနက အသိပေးထားသည်။

အင်္ဂလိပ်တို့ သိမ်းယူခဲ့သော မြန်မာ့အမွေပစ္စည်းအချို့သည် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သော်လည်း ပတ္တမြားငမောက်ကျောက်အပါအဝင် မြန်မာ့အမွေပစ္စည်း (၇၉)မျိုးသည် ယနေ့တိုင် ပြန် လည်ရရှိရန် ကျန်နေဆဲဖြစ်ကြောင်း သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနက ဆို သည်။

ယနေ့အထိ အင်္ဂလန်နိုင်ငံထံမှ ပြန်လည်ရရှိရန် ကျန်နေဆဲဖြစ်သော မြန်မာ့အမွေပစ္စည်းများမှာ ပတ္တမြားငမောက်ကျောက်၊ လှော်ကားတင်လေးကျောက်(ရတီ ၂ဝ)၊ လှော်ကားတင်ကြီးကျောက်(ရတီ ၄ဝ ကျော်)၊ ဆက်မတော်ကျောက်(ရတီ ၄ဝ ကျော်)တို့ ပါဝင်နေကြောင်း ဦးစီးဌာနက ဆက်လက်အသိပေးထားသည်။

ထို့ပြင် စိန်၊ မြ၊ ပတ္တမြားနားတောင်းတောင် (၁၂)ရန်၊ ပတ္တမြားစလွယ် (ခ)ခု၊ စိန်ခါးစည်း၊ စိန်ပန်းခွေ၊ စိန် ပန်းခိုင်၊ စိန်လက် ကောက်၊ စိန်လက်စွပ်၊ ပတ္တမြားလက်စွပ်တို့အပါအဝင် မြန်မာ့အမွေပစ္စည်း (၇၉)မျိုးသည် ယနေ့တိုင် အင်္ဂလန်နိုင်ငံထံမှ ရရှိရန် ကျန်နေဆဲဖြစ်ကြောင်း ဦးစီးဌာနက ဆိုထားသည်။

ထို့ကြောင့် ဆုံးရှုံးသွားပြီး ပြန်လည်ရရှိရန် ကျန်နေဆဲဖြစ်သော စာရင်းဝင်/ စာရင်းမဝင် မြန်မာ့အမွေ နန်းစဉ်ပစ္စည်းများကို ပြန်လည်ရရှိရန် ကြိုးစားကြရမည်ဟု သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့် တိုက်ဦးစီးဌာနက တိုက်တွန်းထားသည်။

“သူ့ပစ္စည်းကို သူ့ဆီ ပြန်ပေးတာက တရားနည်းလမ်းကျပါတယ်။ ပြန်ပေးသင့်တာပေါ့။ လွတ်လပ်ရေးလည်း ပေးပြီးပြီလေ။ အဲဒီတော့ ကိုလိုနီနယ်ချဲ့ခဲ့တဲ့ နယ်မြေအားလုံးနီးပါးလောက်က အမွေအနှစ်တွေကို ပြန်ပေးဖို့ တာဝန်က လက်ရှိ ဗြိတိန်ဘုရင်နဲ့ သူ့ရဲ့အစိုးရအဖွဲ့မှာ တာဝန်ရှိတာပေါ့။ အဲဒီတော့ အမွေအနှစ်တွေက သူ့ရဲ့ မူရင်းနေရာမှာ ရှိမှပဲ တန်ဖိုးက ပိုပိုတက်လာတာပေါ့။ အဲဒါကြောင့်လည်း နိုင်ငံပေါင်းစုံက ယူသွားတဲ့ သူတို့ရဲ့ အမွေအနှစ်တွေကို ပြန်တောင်းကြတာပေါ့။ အဲဒီတော့ တောင်းဆိုသင့်ပါတယ်။ တစ် ဖက်ကလည်း အတင်းအဓမ္မသိမ်းယူခဲ့တာမို့ ပြန်ပေးသင့်ပါတယ်”ဟု ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်က NP News ကို မှတ်ချက်ပြုပြောဆိုထားသည်။

အင်္ဂလန်နိုင်ငံအနေဖြင့် မြန်မာ့အမွေအနှစ်ပစ္စည်းများကို မူလပိုင်ရှင်မြန်မာထံသို့ ပြန်လည်ပေးပို့ရန် တာဝန်ရှိကြောင်းလည်း ဒေါက်တာအေးမောင်က ဆိုထားသည်။

“ဒီဘက်ကလည်း နောင်လာနောက်သားတွေရဲ့ အမွေအနှစ်ဖြစ်တာမိုလို့ အရကို တောင်းသင့်တာပေါ့။ လုပ်ထုံးလုပ်နည်းအတိုင်းပဲ တောင်းရမှာပေါ့” ဟု ၎င်းက ဆက်လက်ပြောဆိုထားသည်။

မြန်မာ့အမွေအနှစ်ပစ္စည်းများ ပြန်လည်ရရှိရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးမှ ပူးပေါင်းတောင်းဆိုသင့်ကြောင်းလည်း အကြံပြုထားသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တရုတ်နိုင်ငံဟာ အမေရိကန်ရဲ့အမျိုးသားလုံခြုံရေးကို အကြီးမားဆုံးခြိမ်းခြောက်နေတဲ့ နိုင်ငံဖြစ်ကြောင်းအမေရိကန်သမ္မတလောင်း နစ်ကီဟာလေးပြော

RELATED POSTS
RECENT POSTS
ဗြိတိန်သံတမန် (၆)ဦးကို ရုရှားအစိုးရ နှင်ထုတ်
16 Sep 2024
တောင်ခမ်းတိုက်ပွဲ၌ TNLA ဝတ်စုံဝတ်ဗမာ PDF များ နောက်ကျည်မှန်၍ သေဆုံးမှုမြင့်တက်နေ
16 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် ဧရာဝတီဘဏ်က ငွေကျပ်သိန်းတစ်သောင်းတန်ဖိုးရှိ စားနပ်ရိက္ခာများလှူဒါန်း
16 Sep 2024
ပြည်နယ်များတွင် အစိုးရနှင့်ပူးတွဲအုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် EAO(၇)ဖွဲ့ ဆန္ဒရှိနေ
16 Sep 2024
ကမ္ဘောဇဘဏ်မှ ရေဘေးသင့်ပြည်သူများအတွက် သိန်းပေါင်း (၁)သိန်း မတည် လှူဒါန်းမည်
16 Sep 2024
"အကြွေးဆပ်နိုင်ဖို့အတွက် သဘင်ခြံကိုရောင်းဖို့ ဖိုးချစ် စီစဉ်နေ"
16 Sep 2024
မြေကမ္ဘာက လအသေးစားတစ်စင်းကို ရက်(၅၀)ကျော်ခန့်ကြာမျှ ပိုင်ဆိုင်မည်
16 Sep 2024
“ချောင်ချောင်”ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဓားပြတိုက်မှုကျူးလွန်သူ(၇)ဦးအနက်(၆)ဦးကို သက်သေခံရွှေထည်၊ ငွေသားများနှင့်အတူ ဖမ်းဆီးရမိ
16 Sep 2024
အမေရိကန်နဲ့ တရုတ်တို့ရဲ့စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေကြား ဆွေးနွေးပွဲတွေ ပြန်လည်စတင်လုပ်ဆောင်
16 Sep 2024
ရေကြီး၊ ရေလျှံ၊ မြေပြိုမှုကြောင့် နိုင်ငံတစ်ဝန်းလုံး၌ သေဆုံးသူ (၁၁၃)ဦးရှိခဲ့ပြီး ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေကြောင်း နစကပြောခွင့်ရဆို
16 Sep 2024
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာ တိုင်ဖွန်းမုန်တိုင်းအတွက် ပြင်ဆင်မှုများ ပြုလုပ်၊ လေကြောင်းပျံသန်းမှု အားလုံးရပ်နားထား
16 Sep 2024
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အကြား ခရီးသွားလာမှု သိသာစွာ လျော့ကျ
16 Sep 2024
"တေလာဆွစ်ဖ် ကို ကျွန်တော်မုန်းတယ်" ဆိုပြီး ပို့စ်တင်ခဲ့တဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်
16 Sep 2024
တောင်ကိုရီးယားမင်းသား ချိုယောင်းဂျွန် မင်္ဂလာသတင်းကြေညာ
16 Sep 2024
ကစဥ့်ကလျားဖြစ်နေတဲ့ ရေဘေးကူညီမှုတွေကို စနစ်တကျဖြစ်အောင် စီမံခန့်ခွဲပါ၊ သမ္မတ​(ငြိမ်း) ဦးသိန်းစိန်ရဲ့ရေဘေးအလှူ၊ ပအိုဝ်း ခွဲထွက်အဖွဲ့တို့ ထပ်ကွဲပြန်ပြီ ၊ တရုတ်သံရုံး ထုတ်ပြန်ချက် (၁၅.၉.၂၀၂၄)
16 Sep 2024
ရေဘေးအလွန် နောက်ဆက်တွဲလုပ်ရမယ့်အရာများ ၊ ရေဘေးကို နိုင်ငံရေးနဲ့ ရောချတဲ့ ဒေါက်တာ ဝင်းမြတ်အေး ၊ ဧရာဝတီ အောင်ဇော်နဲ့ သတင်းအဆိပ်ဖြန့်သူများ ၊ ကရင်လက်နက်ကိုင်(၃ဝ) ထိုင်းမှာ ဖမ်းဆီးခံရ (၁၄-၉-၂ဝ၂၄)
15 Sep 2024
မဲခေါင်မြစ်ရေစံချိန်တင်မြင့်တက်မှုကြောင့် ထိုင်းတွင် ရေကြီးမှုများဖြစ်ပွားနေပြီး လူပေါင်းထောင်ချီ အခက်ခဲများစွာကြုံတွေ့
14 Sep 2024
ရေကြီးရေလျှံမှုအတွက် ပြည်ပနိုင်ငံများမှ ကူညီမှုများရရှိအောင် ချိတ်ဆက်ရန် နှင့် ရေဘေးသင့်များအား အမြန်ဆုံးထောက်ပံ့ရန် နစကဥက္ကဋ္ဌပြော
14 Sep 2024
တစ်နှစ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း (၂၉၀၀)ကို လုပ် ငန်းမှတ်ပုံတင် ထုတ်ပေးမည်
14 Sep 2024
ဗိုလ်ချုပ်ဈေး အနောက်ဘက်တန်းတွင် မိနစ်ပိုင်းခန့် မီးလောင်မှုဖြစ်ပွား
14 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved