ကချင်ပြည်နယ်တွင် (၅)လအတွင်း မူးယစ်ဆေးဝါးအမှုပေါင်း (၂၄ဝ) ကျော်ရှိခဲ့ပြီး ပြစ်မှုကျူးလွန်သူ (၃ဝဝ)ကျော်ကို အရေးယူနိုင်ခဲ့ဟုဆို
ရဲပြည့် (NSS) - ဇွန် ၂၈
ကချင်ပြည်နယ်တွင် ၂ဝ၂၃ ခုနှစ်မေလအထိ မူးယစ်ဆေးဝါးအမှုပေါင်း (၂၄၅)မှုဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သူ (၃၁ဝ)ကို အရေးယူနိုင်ခဲ့ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြောသည်။
မြစ်ကြီးနားမြို့တွင် ဇွန်လ ၂၇ ရက်က ကျင်းပခဲ့သည့် (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင် ဝင်ရောက်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ၎င်းက အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ကချင်ပြည်နယ်တွင် ၂ဝ၂၂ ခုနှစ်အတွင်း မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အမှုပေါင်း (၇၆၆)မှုဖြစ်ပွားခဲ့ပြီး စုစုပေါင်းတန်ဖိုးငွေကျပ် (၁၈၅၂၆ ဒသမ ၁၄၇)သန်းရှိခဲ့ပြီး ပြစ်မှုကျူးလွန်သူ (၉၉၆) ဦး ရှိခဲ့ကြောင်း သိရသည်။
ယခု ၂ဝ၂၃ ခုနှစ် မေလအထိ ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အမှုပေါင်း ၂၄၅ မှု ဖြစ်ပွားခဲ့ပြီး စုစုပေါင်းတန်ဖိုးငွေကျပ် (၆၈၃၈ ဒသမ ၃၃၈) သန်း နှင့် ပြစ်မှုကျူးလွန်သူ ၃၁ဝ ဦး တို့ကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြာင်းသိရသည်။
ထို့ပြင် ၂ဝ၂၂-၂ဝ၂၃ ခုနှစ် ဘိန်းစိုက်ရာသီအတွင်း တပ်မတော် ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ ဌာနဆိုင်ရာများနှင့် ပြည်သူလူထုပူးပေါင်းပြီး ဘိန်းခင်း (၈ဝ ဒသမ ၅)ဧကကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ကချင်ပြည်နယ်ဝန်ကြီး ချုပ် ဦးခက်ထိန်နန်က ဆက်လက်ပြောကြားခဲ့သည်။
ကချင်ပြည်နယ်တွင် ဘိန်းစိုက်ပျိုးမှု အများဆုံးနေရာများသည် ဝိုင်းမော်မြို့နယ်အတွင်းရှိ ဆဒုံး၊ ဝေမိုး၊ကန်ပိုင်တည်ဒေသနှင့် ချီဖွေမြို့နယ်မှ နယ်စပ်တစ်ကြောနှင့် တနိုင်းဒေသတို့ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဒုတိယ ဘိန်းအများဆုံးစိုက်ပျိုးသော နိုင်ငံအဖြစ်ရပ်တည်နေပြီး ၁၉၉၉ ခုနှစ်မှစတင်ကာ မူးယစ်ဆေးဝါးပပျောက်မှုစီမံကိန်း ၁၅ နှစ်ကို ချမှတ်ခဲ့သော်လည်းမအောင်မြင်သဖြင့် နောက်ထပ်ငါးနှစ်ထပ် ပေါင်းကာ ၂ဝ၂ဝ ခုနှစ်အထိ ဆောင်ရွက်ခဲ့ကြောင်းသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရေမိုင် (၁၂)မိုင်အတွင်း ဝင်ရောက်လာမယ့် တရုတ်တိုက်လေယာဉ်တွေ၊ စစ်သင်္ဘောတွေကို ပစ်ချဖျက်ဆီးပစ်မယ်လို့ ထိုင်ဝမ်စစ်ဘက် သတိပေး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း