Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဘင်္ဂလားဒေ့ရှ်၏ နျူကလီယားဓာတ်အားပေးစက်ရုံ စက်တင်ဘာလ ဖွင့်လှစ်မည်

Htay Oung (NSS) - ဇွန် ၂၅

ဘင်္ဂလားဒေ့ရ်ှရဲ့ “ရွတ်ပူးနျူကလီယာစွမ်းအင်စီမံကိန်း” RNPP ကို လာမယ့် စက်တင်ဘာလမှာ စတင်ဖွင့်လှစ်မယ်လို့ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဗိသုကာပညာရှင် “ယာဖက်အိုစမန်“ က စနေနေ့ (ဇွန်လ ၂၄ ရက်)မှာ ကြေညာလိုက်ပါတယ်။ စက်ရုံဖွင့်ပွဲအခမ်းအနားကို ရုရှားသမ္မတ ဗလာဒီမာပူတင် ကိုယ်တိုင်အွန် လိုင်းဗွီဒီယိုစနစ်နဲ့ တက်ရောက်ဖွယ်ရှိကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုတယ်လို့ Dhaka Tribune က ယမန်နေ့ (ဇွန်လ ၂၄ ရက်)မှာ ရေးသားပါတယ်။ 

ဘင်္ဂလားဒေ့ရ်ှနိုင်ငံရဲ့ လက်ရှိ လျှပ်စစ်ဓါတ်အားလွှမ်းခြုံမှုဟာ ၁ဝဝ ရာခိုင်နှုန်းရှိနေပေမယ့် တစ်ခါတစ်လေ လျှပ်စစ်သုံးစွဲလိုအား တိုးမြင့်လာနေကြောင်း၊ လျှပ်စစ်မီးပြတ်တောက်တဲ့အခါ ပြည်သူတွေ ဒုက္ခရောက်ရတဲ့ပြဿနာနဲ့ ရင်ဆိုင်နေရကြောင်း၊ ကမ္ဘာပေါ်မှာ ဖြစ်ပေါ်နေတဲ့ စစ်ပွဲကြောင့် ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှာလည်း အကျပ်အတည်း ကြုံတွေ့ရပေမယ့် လျှပ်စစ်မီးပြတ်တောက်ရတဲ့ ပြဿနာကို အတော်ကြီး ကျော်လွှားနိုင်ခဲ့ကြောင်း၊ နောင် အဲ့ဒီလိုပြဿနာတွေ ထပ်ဖြစ်လာစရာ မရှိတော့ဘူးလို့ မျှော်လင့်ပါကြောင်း ဝန်ကြီးက ရှင်းပြပါတယ်။ 

စောစောပိုင်း ဝန်ကြီးအိုစမန်ဟာ ဆိုလာစွမ်းအင်အသုံးပြုသူများအတွက် ဘင်္ဂလားဒေ့ရှ် သိပ္ပံနဲ့စက်မှုသုတေသနကောင်စီက တီထွင်ထားတဲ့ စမတ်ဖုန်းအက်ပ်ပလီကေးရှင်း Solectricity (Surjo Bidyut) စတင်အသုံးပြုခြင်းအခမ်းအနားကိုလည်း ဖွင့်လှစ်ပေးခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရ်ှနိုင်ငံရဲ့ ကျောက်မီးသွေးသုံး “ပေရာ“ ဓာတ်အားပေးစက်ရုံဟာ တနင်္ဂနွေနေ့မှာ ပြန်လည် လည်ပတ်နိုင်တော့မှာဖြစ်ကြောင်း ယမန်နေ့ Dhaka Triune ရဲ့ အခြားသတင်းတစ်ပုဒ်မှာ တွေ့ ရှိရပါတယ်။

တနင်္ဂနွေနေ့ နံနက်စောစောပိုင်းမှာ ပြန်လည် လည်ပတ်နိုင်လိမ့်မယ်လို့ ဘင်္ဂလားဒေ့ရှ်-တရုတ် ဖက်စပ် စွမ်းအင်ကုမ္ပဏီ (Pvt) လီမိတက် (BCCPL) ရဲ့ မန်နေဂျင်းဒါရိုက်တာက မှတ်ချက်ပေးပါတယ်။ BCPCL ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံပိုင် “နော့သ်ဝက်စ် စွမ်းအင်ထုတ်လုပ်ရေး ကုမ္ပဏီလီမီတက်" နဲ့ တရုတ် အစိုးရပိုင် “ချိုင်းနား အမျိုးသား စက်မှုသွင်းကုန်ထုတ်ကုန်ကော်ပိုရေး"(CMC) တို့ရဲ့ ဖက်စပ်လုပ်ငန်းဖြစ်ပါတယ်။ လျှပ်စစ် ၁,၃၂ဝ မဂ္ဂါဝပ်ကို ထုတ်လုပ်ပေးနေတဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံရဲ့ ပိုင်ရှင်နဲ့ အော်ပရေတာလည်း ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှာ ကျောက်မီးသွေးပြတ်လပ်မှုကြောင့် အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို ရပ်တန့်ပြီးနောက် ၁၈ ရက်အကြာ သောကြာနေ့မှာ ကျောက်မီးသွေး ၄၁,၃၂၇ တန် တင်ဆောင်လာတဲ့ သင်္ဘောတစ်စီးက ပေရာဆိပ်ကမ်းကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ နောက်ထပ် ကျောက်မီးသွေးတင် သင်္ဘော လေးစင်းဟာ ဇူလိုင်လ ပထမ ရက်သတ္တပတ်အတွင်း ပေရာဆိပ်ကမ်းကို ရောက်ရှိလာမယ်လို့ စက်ရုံတာဝန်ရှိသူများက ပြောပါတယ်။

ဘင်္ဂလားဒေ့ရ်ှနိုင်ငံရဲ့ အကြီးဆုံးအပူစွမ်းအင်သုံး “ပေရာ ဓာတ်အားပေးစက်ရုံ” မှာ ကျောက်မီးသွေးပြတ်လပ်မှုဖြစ်ပေါ်တဲ့အတွက် ဇွန်လ ၅ ရက်က လုံးဝပိတ်ပစ်လိုက်ရပါတယ်။

အမေရိကန်ဒေါ်လာသန်း ၃၉ဝ ကို ပေးချေရန် ဘင်္ဂလားဒေ့ရ်ှက ပျက်ကွက်မှုကြောင့် ကျောက်မီးသွေးတင်သွင်းမှု ပြတ်တောက်ခဲ့ရပါတယ်။ ၂ဝ၂ဝ ပြည့်နှစ်မှာ စတင်လည်ပတ်ခဲ့ပြီး ၆၆ဝ မဂ္ဂါဝပ်အသီးသီး လျှပ်စစ်ထုတ်လုပ်ပေးနိုင်တဲ့ ယူနစ် ၂ ခုပါ ဓါတ်အားပေးစက်ရုံမှ တစ်ယူနစ်တစ်ခုရဲ့ လျှပ်စစ်ထုတ်လုပ်မှုကို ပြီးခဲ့တဲ့ မေလ ၂၅ ရက်မှာ စတင်ရပ်ဆိုင်းခဲ့ရပါတယ်။ ကျန်ယူနစ်မှ စွမ်းအင်ထုတ်လုပ်မှုကိုလည်း ဇွန်လ ၅ ရက်မှာ ရပ်ဆိုင်းလိုက်ရတဲ့အတွက် ကျောက်မီးသွေးပြတ်လပ်မှုကြောင့် စံချိန်တင် အပူဆုံး နွေရာသီကာလ နိုင်ငံတစ်ဝန်းမှာ လျှပ်စစ်ပြတ်တောက်မှုများဖြစ်ပေါ်ခဲ့ရပါတယ်။

၁၉ဝ၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက် ဗြိတိသျှ ကိုလိုနီလက်ထက် ဘင်္ဂလားဒေ့ရ်ှဟာ လျှပ်စစ်ဓာတ်အားကို စတင် အသုံးပြုခဲ့ပါတယ်။ ၂ဝ၂၂ ခုနှစ် ဇွန်လအထိ အသုံးဝင်လျှပ်စစ်ကဏ္ဍအတွက် ၂၅,၇ဝဝ မဂ္ဂါဝပ်ကို ဖြန့်ဖြူးပေးနိုင်တဲ့ နိုင်ငံတော် မဟာဓာတ်အားလိုင်းတစ်ခု ရှိပါတယ်။ ဘင်္ဂလားဒေ့ရ်ှရဲ့ စွမ်းအင်သုံးစွဲကဏ္ဍမှာ အမှတ်အသားများ မရှိသေးပါဘူး ။ ဒါပေမယ့် ဘင်္ဂလားဒေ့ရ်ှတစ်ဦးချင်း စွမ်းအင်သုံးစွဲမှုဟာ ထုတ် လုပ်မှုထက် မြင့်မားတယ်လို့ ယူဆရပါတယ်။ ဘင်္ဂလားဒေ့ရ်ှရဲ့ စွမ်းအင်သုံးစွဲမှု အများဆုံးမှာ စက်မှုလုပ်ငန်းနဲ လူနေအိမ်ကဏ္ဍဖြစ်ပြီး အဲ့ဒီနောက် စီးပွားရေးနဲ့ စိုက်ပျိုးရေးကဏ္ဍများက အသီးသီး ရပ်တည်နေပါတယ်။ ဘင်္ဂလားဒေ့ရ်ှရဲ့ စီးပွားရေးတိုး တက်မှု ၇ ရာခိုင်နှုန်းကျော်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် ၂ဝ၃ဝ ခုနှစ်မှာ ခန့်မှန်းခြေ လျှပ်စစ် ၃၄,ဝဝဝ မဂ္ဂါ၀ပ် ဓာတ်အား လိုအပ်မှာဖြစ်ပါတယ်။

နိုင်ငံ့ လျှပ်စစ်ဓာတ်အားကဏ္ဍမှာ ဓါတ်အားစနစ် ရပ်တန့်ခြင်း၊ စက်ရုံအသစ်များ ပြီးစီးရန် နှောင့်နှေးခြင်း၊ စက်ရုံများရဲ့ ထိရောက်မှု နည်းပါးခြင်း၊ တက်ကျမြန် ဓာတ်အားဖြစ်ပေါ်ခြင်း၊ လျှပ်စစ်ခိုးယူခံရခြင်း၊ ဓာတ်အားပေးစက်ရုံများ ပြုပြင်ထိန်းသိမ်းရေးအတွက် ဘဏ္ဍာငွေ ပြတ်တောက်ခြင်း ပြဿနာများ ဖြစ်ပေါ်နေပါတယ်။ ယေဘူယျအားဖြင့် နိုင်ငံ့ ခေတ်အဆက်ဆက် လျှပ်စစ်ကဏ္ဍဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်များအတွင်း လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိခဲ့ပါဘူး။ ချို့ယွင်းချက် အတော်များများဟာ ကာလကြာမြင့်စွာ ပေါ့ဆမှု၊ မသင့်လျှော်စွာ စီမံခန့်ခွဲမှု၊ ထိရောက်စွာ အသုံးမချနိုင်မှု၊ ထုတ်လုပ်-ဖြန့်ဖြူးမှု စီမံကိန်း စနစ်တကျ မရှိမှုတို့ကြောင့် ဖြစ်ပေါ် ခဲ့ရကြောင်း စုံစမ်းစစ်ဆေးရေးကော်မတီက အစီရင်ခံခဲ့ပါတယ်။

မြစ်ချောင်းများကို အိန္ဒိယနဲ့ မျှဝေသုံးစွဲနေရတဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံဟာ ဆည်များတည်ဆောက်ပြီး လျှပ်စစ်ထုတ်ယူနိုင်ခြင်း မရှိပါဘူး၊ ဒီအတွက် အဓိက အသုံးပြုနေရတဲ့ သဘာဝဓါတ်ငွေ့နဲ့ ဒီဇယ်သုံး စက်ရုံများမှာလည်း ပြည်ပမှ ဝယ်ယူတင်သွင်းနေရပါတယ်။ အိမ်နီးချင်း အိန္ဒိယမှ လျှပ်စစ်ဝယ်ယူခြင်းအပြင် ကျောက်မီးသွေးသုံး အကြီးစား လျှပ်စစ်စက်ရုံများနဲ့ နျူကလီယာ ဓါတ်အားပေးစက်ရုံများကို တည်ဆောက်နေပါတယ်။

ဒီအတွက် နောက်ဆက်တွဲအနေနဲ့ ဒါကာမြို့တော်ရဲ့ လေထုညစ်ညမ်းမှုဟာ ကမ္ဘာ့ထိပ်တန်းအဆင့် နိုင်ငံများစာရင်းမှာ ပါဝင်လာပါတယ်။ ဒါပေမယ့် (မြန်မာနိုင်ငံ ရှမ်းပြည်နယ်လောက်သာ ကျယ်ဝန်းပြီး) သန်းပေါင်း ၁၇ဝ နားကပ်လာတဲ့ နိုင်ငံ့လူဦးရေကို ကျွေးမွေးဖို့၊ လူနေမှု အဆင့်အတန်း မြှင့်တင်ဖို့ လက်ရှိ နိုင်ငံ ဂျီဒီပီအတိုင်း ဆက်ထိန်းထားနိုင်ဖို့ဆိုတာ ဘင်္ဂလားဒေ့ရ်ှရဲ့ စွမ်းအင်လိုအပ်မှု စစ်ပွဲမှာ ရင်မြေကတုတ် မဆုတ်တမ်း ရှေ့ဆက်ဖို့ ဖြစ်နေပါတယ်။

လျှပ်စစ်များများ သုံးနိုင်လေ ကုန်ထုတ်လုပ်မှု တိုးလေ၊ လူနေမှု အဆင့်မြင့်လေပါ၊ ဒီအတွက် ထိခိုက်မှု ရှိသော်ငြား ငုတ်တုပ်အငတ်ခံနေကြရမယ့်အစား နောက်ပြန်မဆုတ်နိုင်တဲ့ လမ်းပေါ် ရောက်နေကြပါတယ်။

(Dhaka Tribune., 24 June 2023,” Minister: Rooppur Nuclear Power Plant to be inaugurated in September”နှင့် “Payra power plant expected to resume operation from Sunday" ကိုဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နစကအစိုးရလက်ထက်အတွင်း အမေရိကန်ဒေါ်လာ (၁)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးမျိုးစုံကို ဖမ်းဆီးရရှိထား

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved