ONE championship ဟဲဗီးဝိတ်တန်းကမ္ဘာချန်ပီယံကိုအလဲထိုးအနိုင်ယူပြီး မတူညီတဲ့ဝိတ်တန်းနှစ်ခုရဲ့ ကမ္ဘာ့ချန်ပီယံဖြစ်လာသူ မာလီခင်
ဂျန်ဇက် (NSS) - ဇွန် ၂၄
နာမည်ကျော်တိုက်ခိုက်ရေးသမားတစ်ဦးဖြစ်တဲ့ အနာတိုလီ မာလီခင်ဟာ ဇွန်လ ၂၃ ရက်က ယှဉ်ပြိုင်ခဲ့တဲ့ ONE Heavyweight MMA ပွဲစဉ်မှာ ဟဲဗီးဝိတ်တန်း လက်ရှိ ချန်ပီယံအိန္ဒိယလူမျိုး ဘဟူလာကို သုံးချီမြောက်မှာအလဲထိုးအနိုင်ရယူပြီး one championship ရဲ့ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံအသစ်ဖြစ်လာခဲ့ကြောင်းသိရပါတယ်။
ရှုံးပွဲမရှိသေးတဲ့ ရုရှားတိုက်ခိုက်ရေးသမား မာလီခင်ဟာ လက်ရည်အသာနဲ့ယှဉ်ပြိုင်ထိုးသတ်နိုင်ခဲ့ပြီး အိန္ဒိယလူမျိုး ဘဟူလာကို သုံးချီမြောက်မှာအလဲထိုးအနိုင်ရယူနိုင်ခဲ့တာ ဖြစ်ကြောင်းသိရပါတယ်။ အသက် ၃၅ နှစ်အရွယ်ရှိ မာလီခင်ဟာ ၂ဝ၁၆ ခုနှစ်မှာ ပရော်ဖက်ရှင်နယ်တိုက်ခိုက်ရေး ကစားသမားဘဝကိုစတင်ဝင်ရောက်ခဲ့ပြီးနောက်ပိုင်းကတည်းက (၁၃)ပွဲဆက်တိုက်ရှုံးပွဲမရှိဘဲ ပြိုင်ဘက်တိုင်းကိုအနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဇွန်လ ၂၃ ရက်က ဘန်ကောက်မြို့မှာကျင်းပတဲ့ပွဲစဉ်အတွင်း မာလီခင်ဟာ ဘဟူလာကိုချုပ်ထားကာ ခေါင်းကို လက်သီးနဲ့ ဆက်တိုက်ထိုးခဲ့ပြီး အလဲထိုးအနိုင်ရယူနိုင်တာဖြစ်ပါတယ်။
မာလီခင်ဟာ ဘဟူလာနဲ့ပွဲစဉ်မှာ အကောင်းဆုံးပုံစံမျိုးနဲ့ ထိုးသတ်နိုင်ခဲ့တဲ့အတွက် one championship ရဲ့ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၅ သိန်းကိုလည်းရယူနိုင်ခဲ့ပါတယ်။ ဘဟူလာဟာ ၂ဝ၂၁ ခုနှစ်မှာ one championship ရဲ့ဟဲဗီးဝိတ်တန်းကမ္ဘာချန်ပီယံဆုရယူနိုင်ခဲ့ပြီးနောက် ပထမဆုံးအကြိမ်ယှဉ်ပြိုင်ထိုးသတ်တဲ့ ချန်ပီယံဆုကာကွယ်ပွဲမှာ ရှုံးနိမ့်ကာ ချန်ပီယံခါးပတ်ကို စွန့်လွှတ်လိုက်ရကြောင်းသိရပါတယ်။
အနာတိုလီမာလီခင်ဟာ ဘဟူလာကို အနိုင်ရရှိခဲ့ခြင်းကြောင့် one championship ပြိုင်ပွဲမှာမတူညီတဲ့ကမ္ဘာချန်ပီယံခါးပတ်ကို ရယူနိုင်ခဲ့ကြောင်း၊ မာလီခင်ဟာ လိုက်ဟဲဗီးဝိတ်တန်းကမ္ဘာချန်ပီယံခါးပတ်ကိုရရှိထားပြီး ဘဟူလာကိုအနိုင်ရတဲ့အတွက် ဟဲဗီးဝိတ်တန်းချန်ပီယံခါးပတ်ကိုထပ်မံရယူနိုင်ခဲ့ကြောင်းသိရပါတယ်။ မာလီခင်ဟာ ဘဟူလာကို အနိုင်ရခဲ့ပြီးနောက်မတူညီတဲ့ ဝိတ်တန်းသုံးခုရဲ့ချန်ပီယံခါးပတ်ကိုရယူနိုင်ဖို့ မစ်ဒယ်ဝိတ်တန်းလက်ရှိချန်ပီယံဒီရစ်ဒါ နဲ့ယှဉ်ပြိုင်ထိုးသတ်လိုကြောင်း စိန်ခေါ်စကားဆိုခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို PDF အဖွဲ့မှ မီးရှို့ဖျက်ဆီး
RELATED POSTS
01 Aug 2024 | အားကစား,နိုင်ငံတကာ
30 Jul 2024 | အားကစား,နိုင်ငံတကာ
07 Jul 2024 | အားကစား,နိုင်ငံတကာ
23 May 2024 | အားကစား,ပြည်တွင်း