Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မက္ကဆီကိုမူးယစ်ရာဇာ၏သားဖြစ်သူကို ဖမ်းဆီးချိန်အတွင်း အနည်းဆုံးလူ(၂၉)ဦးသေဆုံးခဲ့ဟုဆို

Pika (NP News) - ဇန်နဝါရီ ၇

မက္ကဆီကိုနိုင်ငံ စီနာလိုအာပြည်နယ် မူးယစ်ရာဇာဟောင်း “El Chapo” Guzman ၏သားဖြစ်သူ အိုဗီဒီယိုဂူ့ဇ်မန်းကို ဖမ်းဆီးသည့် စစ်ဆင်ရေးတစ်ခုအတွင်း စစ်သား(၁ဝ)ဦးနှင့်ရာဇဝတ်မှု သံသယရှိသူ(၁၉)ဦးတို့ သေဆုံးခဲ့ကြောင်း မက္ကဆီကိုအစိုးရက ဇန်နဝါရီလ(၆)ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။

မက္ကဆီကိုနိုင်ငံ ကာကွယ်ရေးဝန်ကြီး လူးဝစ်ခရီဆန်စီအိုက "ဒီစစ်ဆင်ရေးအတွင်းမှာ ကံမကောင်းစွာနဲ့ပဲ စစ်သား(၁ဝ)ဦးသေဆုံးခဲ့ပါတယ်"ဟုပြောဆိုခဲ့သည်။ အသက်(၃၂)နှစ်အရွယ် အိုဗီဒီယိုဂူ့ဇ်မန်းကို ခြောက်လကြာ ခြေရာခံလိုက်ခဲ့ပြီးနောက် ဇန်နဝါရီလ(၅)ရက်တွင် Culiacan မြို့၌ ဖမ်းဆီးနိုင်ခဲ့ပြီး မက္ကဆီကိုမြို့သို့ စစ်တပ်မှလေယာဉ်ဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း AFP သတင်းဌာနကဖော်ပြခဲ့သည်။

မူးယစ်ရာဇာဟောင်း “El Chapo” Guzman သည် ဖမ်းဆီးခံခဲ့ရပြီးနောက် (၂ဝ၁၇)ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ လွှဲပြောင်းပေးခံခဲ့ရပြီးကတည်းက သားဖြစ်သူ အိုဗီဒီယိုဂူ့ဇ်မန်းက ၎င်း၏လုပ်ငန်းများဆက်လက်လည်ပတ်နိုင်စေရန် ကူညီပေးခဲ့သည်ဟု စွပ်စွဲခံထားရကြောင်းလည်းသိရသည်။ အိုဗီဒီယိုဂူ့ဇ်မန်းကို ဖမ်းဆီးရမိစေခဲ့သော သတင်းအချက်အလက်များအတွက် အမေရိကန်နိုင်ငံသည် အမေရိကန်ဒေါ်လာ (၅)သန်းအထိ ဆုကြေးငွေထုတ်ပေးခဲ့ပြီး စီနာလိုအာမူးယစ်ဂိုဏ်းတွင် အိုဗီဒီယိုဂူ့ဇ်မန်းသည် အဓိကအရေးအကြီးဆုံးသူဖြစ်ကြောင်းပြောကြားခဲ့သည်။ အို

ဗီဒီယိုဂူ့ဇ်မန်း၏ဖမ်းဆီးမှုသည် မက္ကဆီကိုနိုင်ငံတစ်ဝှမ်းတွင် အကြမ်းဖက်မှုများစွာကို ဖြစ်ပွားစေခဲ့ကြောင်းသိရသည်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန် မက္ကဆီကိုနိုင်ငံသို့ လာရောက်မလည်ပတ်မီ အိုဗီဒီယိုဂူ့ဇ်မန်းကို ဖမ်းဆီးမည့် အစီအစဉ်ထွက်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

သို့သော်လည်း ယခုအကြိမ်သည် အိုဗီဒီယိုဂူ့ဇ်မန်းကိုဖမ်းဆီးသည့် ပထမဆုံးအကြိမ်မဟုတ်ကြောင်းလည်းသိရသည်။ (၂ဝ၁၉)ခုနှစ် အောက်တိုဘာလတွင် မက္ကဆီကိုအာဏာပိုင်များသည် အိုဗီဒီယိုဂူ့ဇ်မန်းကိုဖမ်းဆီးရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ကြောင်းသိရသည်။

မက္ကဆီကိုအစိုးရသည် မူးယစ်ဆေးဝါးဂိုဏ်းများကို နှိမ်နှင်းခဲ့သည်မှာ (၁ဝ)နှစ်ကျော်ရှိပြီဖြစ်ကြောင်း မူးယစ်ဆေးဝါးဂိုဏ်းများသည် စိတ်ကြွဆေး၊ကိုကင်း၊ဟီရိုအင်းနှင့် အခြားတရားမဝင်မူးယစ်ဆေးဝါးအများအပြားကို အမေရိကန်နိုင်ငံသို့ ပို့ဆောင်ပေးလျက်ရှိကြောင်းသိရသည်။

ထို့ပြင်မူးယစ်ဆေးဂိုဏ်းများသည် အီတလီ၊ ဂျာမနီ နှင့် ပြင်သစ်တို့အပါအဝင် ဥရောပနိုင်ငံအများအပြားတွင် ၎င်းတို့၏မူးယစ်ဆေးဝါးလုပ်ငန်းများကို ထူထောင်ခဲ့ကြောင်းလည်းသိရသည်။


zawgyi version

မကၠဆီကိုမူးယစ္ရာဇာ၏သားျဖစ္သူကို ဖမ္းဆီးခ်ိန္အတြင္း အနည္းဆုံးလူ(၂၉)ဦးေသဆုံးခဲ့ဟုဆို

Pika (NP News) - ဇန္နဝါရီ ၇

မကၠဆီကိုႏိုင္ငံ စီနာလိုအာျပည္နယ္ မူးယစ္ရာဇာေဟာင္း “El Chapo” Guzman ၏သားျဖစ္သူ အိုဗီဒီယိုဂူ႔ဇ္မန္းကို ဖမ္းဆီးသည့္ စစ္ဆင္ေရးတစ္ခုအတြင္း စစ္သား(၁ဝ)ဦးႏွင့္ရာဇဝတ္မႈ သံသယရွိသူ(၁၉)ဦးတို႔ ေသဆုံးခဲ့ေၾကာင္း မကၠဆီကိုအစိုးရက ဇန္နဝါရီလ(၆)ရက္တြင္ ထုတ္ျပန္ေျပာၾကားခဲ့သည္။

မကၠဆီကိုႏိုင္ငံ ကာကြယ္ေရးဝန္ႀကီး လူးဝစ္ခရီဆန္စီအိုက "ဒီစစ္ဆင္ေရးအတြင္းမွာ ကံမေကာင္းစြာနဲ႔ပဲ စစ္သား(၁ဝ)ဦးေသဆုံးခဲ့ပါတယ္"ဟုေျပာဆိုခဲ့သည္။ အသက္(၃၂)ႏွစ္အ႐ြယ္ အိုဗီဒီယိုဂူ႔ဇ္မန္းကို ေျခာက္လၾကာ ေျခရာခံလိုက္ခဲ့ၿပီးေနာက္ ဇန္နဝါရီလ(၅)ရက္တြင္ Culiacan ၿမိဳ႕၌ ဖမ္းဆီးႏိုင္ခဲ့ၿပီး မကၠဆီကိုၿမိဳ႕သို႔ စစ္တပ္မွေလယာဥ္ျဖင့္ ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း AFP သတင္းဌာနကေဖာ္ျပခဲ့သည္။

မူးယစ္ရာဇာေဟာင္း “El Chapo” Guzman သည္ ဖမ္းဆီးခံခဲ့ရၿပီးေနာက္ (၂ဝ၁၇)ခုႏွစ္တြင္ အေမရိကန္ႏိုင္ငံသို႔ လႊဲေျပာင္းေပးခံခဲ့ရၿပီးကတည္းက သားျဖစ္သူ အိုဗီဒီယိုဂူ႔ဇ္မန္းက ၎၏လုပ္ငန္းမ်ားဆက္လက္လည္ပတ္ႏိုင္ေစရန္ ကူညီေပးခဲ့သည္ဟု စြပ္စြဲခံထားရေၾကာင္းလည္းသိရသည္။ အိုဗီဒီယိုဂူ႔ဇ္မန္းကို ဖမ္းဆီးရမိေစခဲ့ေသာ သတင္းအခ်က္အလက္မ်ားအတြက္ အေမရိကန္ႏိုင္ငံသည္ အေမရိကန္ေဒၚလာ (၅)သန္းအထိ ဆုေၾကးေငြထုတ္ေပးခဲ့ၿပီး စီနာလိုအာမူးယစ္ဂိုဏ္းတြင္ အိုဗီဒီယိုဂူ႔ဇ္မန္းသည္ အဓိကအေရးအႀကီးဆုံးသူျဖစ္ေၾကာင္းေျပာၾကားခဲ့သည္။ အိုဗီဒီယိုဂူ႔ဇ္မန္း၏ဖမ္းဆီးမႈသည္ မကၠဆီကိုႏိုင္ငံတစ္ဝွမ္းတြင္ အၾကမ္းဖက္မႈမ်ားစြာကို ျဖစ္ပြားေစခဲ့ေၾကာင္းသိရသည္။ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ မကၠဆီကိုႏိုင္ငံသို႔ လာေရာက္မလည္ပတ္မီ အိုဗီဒီယိုဂူ႔ဇ္မန္းကို ဖမ္းဆီးမည့္ အစီအစဥ္ထြက္ေပၚလာခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

သို႔ေသာ္လည္း ယခုအႀကိမ္သည္ အိုဗီဒီယိုဂူ႔ဇ္မန္းကိုဖမ္းဆီးသည့္ ပထမဆုံးအႀကိမ္မဟုတ္ေၾကာင္းလည္းသိရသည္။ (၂ဝ၁၉)ခုႏွစ္ ေအာက္တိုဘာလတြင္ မကၠဆီကိုအာဏာပိုင္မ်ားသည္ အိုဗီဒီယိုဂူ႔ဇ္မန္းကိုဖမ္းဆီးရန္ ႀကိဳးပမ္းခဲ့ေသာ္လည္း ေအာင္ျမင္မႈမရွိခဲ့ေၾကာင္းသိရသည္။ မကၠဆီကိုအစိုးရသည္ မူးယစ္ေဆးဝါးဂိုဏ္းမ်ားကို ႏွိမ္ႏွင္းခဲ့သည္မွာ (၁ဝ)ႏွစ္ေက်ာ္ရွိၿပီျဖစ္ေၾကာင္း မူးယစ္ေဆးဝါးဂိုဏ္းမ်ားသည္ စိတ္ႂကြေဆး၊ကိုကင္း၊ဟီ႐ိုအင္းႏွင့္ အျခားတရားမဝင္မူးယစ္ေဆးဝါးအမ်ားအျပားကို အေမရိကန္ႏိုင္ငံသို႔ ပို႔ေဆာင္ေပးလ်က္ရွိေၾကာင္းသိရသည္။

ထို႔ျပင္မူးယစ္ေဆးဂိုဏ္းမ်ားသည္ အီတလီ၊ ဂ်ာမနီ ႏွင့္ ျပင္သစ္တို႔အပါအဝင္ ဥေရာပႏိုင္ငံအမ်ားအျပားတြင္ ၎တို႔၏မူးယစ္ေဆးဝါးလုပ္ငန္းမ်ားကို ထူေထာင္ခဲ့ေၾကာင္းလည္းသိရသည္။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနဲ့ပတ်သက်တဲ့ စိန်ခေါ်မှုများကို တိုက်ဖျက်နိုင်ဖို့ WHO နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ တရုတ်အစိုးရပြော

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved