ပြည်ကြီးတံခွန်မြို့နယ်၌ ငွေကျပ်သိန်း(၆ဝဝဝ)နီးပါး တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
သန့်ဇင် (NSS) - ဇွန် ၁၉
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ်သိန်းပေါင်း (၅၅ဝဝ) မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့(CCDAC MYANMAR)မှ (ဇွန်လ ၁၅ ရက်)၊ နံနက် ၉ နာရီခွဲအချိန်တွင် မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊၅၃ လမ်း၊ ၁၂၆ လမ်းနှင့် ၁၂၇ လမ်းကြားရှိ ဝင်းကျော်စိုး၏ နေအိမ်ကို ရှာဖွေစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ရှာဖွေခဲ့ရာ ပလက်စတစ်ဆပ်ပြာခွက် (၂၂ဝဝ)ဖြင့် ထည့်ထားသော တန်ဖိုးငွေကျပ်သိန်းပေါင်း(၅၅ဝဝ)တန်ဖိုးရှိ ဘိန်းဖြူ(၂၂)ကီလိုကို ၎င်း၏နေအိမ်၌ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့နောက် ကွင်းဆင်းစစ်ဆေးမှုများအရ နံနက်(၁၁)နာရီအချိန်တွင် မန္တလေးမြို့၊ ၄၂ လမ်းနှင့် ၁ဝ၁ လမ်းကြားရှိ ဟိုတယ်တွင် ပူးပေါင်းပါဝင်သူ မနာဝ(ခ)ဂျူးမေအား ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း (CCDAC MYANMAR)မှ ထုတ်ပြန်ထားသည်။
စစ်ဆေးဖော်ထုတ်ချက်အရ မနာဝ(ခ)ဂျူးမေမှာ ရှမ်းပြည်နယ်မှသယ်ဆောင်လာသော ဘိန်းဖြူများအား ဝင်းကျော်စိုး၏ နေအိမ်တွင်ထားရှိကာ ကချင်ပြည်နယ်သို့ သယ်ဆောင်ရောင်းဝယ်မည်ဖြစ်ကြောင်း သိရှိရသည်။
လက်ရှိတွင် ၎င်းတို့အား ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများ ဆက်လက်ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့(CCDAC MYANMAR)မှ ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဇွန်လ ၁၉ ရက်အတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းအခြေအနေနှင့် နိုင်ငံတကာမှ ထူးခြားသတင်းများ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း