မြန်မာနိုင်ငံ၌ ဇွန်လအတွင်း ကိုဗစ်ရောဂါ ကူးစက်ခံရသူ (၁ဝဝဝ)နီးပါးတွေ့ရှိ
စော (NSS) - ဇွန် ၁၈
မြန်မာနိုင်ငံ၌ ဇွန်လအတွင်း ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားသူ (၁ဝဝဝ)နီးပါးတွေ့ရှိခဲ့ပြီး ပြီးခဲ့သည့် လနှင့်နှိုင်းယှဉ်ပါက ကိုဗစ်ရောဂါကူးစက်နှုန်းကျဆင်းခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏အချက်အလက်များအရ သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ ဇွန်လ (၁)ရက်မှ (၁၅)ရက်အတွင်း ထုတ်ပြန်ချက်များအရ ပြည်တွင်း၌ ကိုဗစ်ရောဂါကူးစက်ခံရသူ (၉၇၄)ဦးရှိခဲ့ပြီး သေဆုံးသူမရှိခဲ့ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ ပြီးခဲ့သည့် (ဇွန်လ ၁၅ ရက်) ထုတ်ပြန်ချက်တွင် ကိုဗစ်အတည်ပြုလူနာ (၇၁)ဦးရှိခဲ့ပြီး ရာဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းသည် (၁ ဒသမ ဝ၆)ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့်မေလ (၁)ရက်မှ (၁၅)ရက်အထိ မြန်မာနိုင်ငံတွင် ကိုဗစ်အတည်ပြုလူနာ (၂၄၄၄)ဦးရှိခဲ့ရာ ယခုလတွင် ကိုဗစ်ရောဂါဖြစ်ပွားသူ (၁၅ဝဝ)နီးပါးကျဆင်းခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
ကိုဗစ်(၁၉)မျိုးရိုးဗီဇပြောင်း ရောဂါပိုး XBB 1.16(Arcturus) ကူးစက်မှုနှုန်းသည် ယခင်ဗီဇပြောင်းပိုးများထက် (၁ ဒသမ ၂၇)ဆအထိ ပိုမိုမြန်ဆန်ကြောင်း သိရသည်။
ထို့ကြောင့် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံခြင်းဖြင့် ရောဂါကူးစက်မှု၊ ရောဂါပြင်းထန်မှုနှင့် သေဆုံးမှုတို့ကို လျှော့ချနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်အောင်မြို့နယ်ရှိ ဘုန်းကြီးကျောင်း၌ ခြင်ဆေးခွေမီးမှတဆင့် မီးလောင်မှုဖြစ်ပွား
RELATED POSTS
06 Sep 2024 | ကျန်းမာရေး,နိုင်ငံတကာ
31 Aug 2024 | ကျန်းမာရေး,နိုင်ငံတကာ
27 Aug 2024 | ကျန်းမာရေး,ပြည်တွင်း
26 Aug 2024 | ကျန်းမာရေး,နိုင်ငံတကာ