Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကမ္ဘာတွင် ချောင်းဆိုးပျောက်ဆေးရည်၏ အန္တရာယ်သည် ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း WHO ပြော

Pika (NSS) - ဇွန် ၁၇

အဆိပ်သင့်ချောင်းဆိုးပျောက်ဆေးရည်များကြောင့် ကမ္ဘာတစ်ဝှမ်းတွင် အသက်အန္တရာယ်နှင့်ပတ်သက်ပြီး ခြိမ်းခြောက်မှုများဆက်လက်ရှိနေဆဲဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ပြောကြားခဲ့သည်။

ကလေးငယ်များ သေဆုံးစေနိုင်သော အဆိုပါ ချောင်းဆိုးပျောက်ဆေးရည်ကို ခြေရာခံရန်အတွက် နိုင်ငံပေါင်း အနည်းဆုံး(၆)နိုင်ငံနှင့် လက်တွဲပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နေကြောင်း WHO ကပြောကြားခဲ့သည်။ ပြီးခဲ့သည့်နှစ်က တိုက်ကြီးသုံးတိုက်တွင် မွေးကင်းစကလေး(၃ဝဝ)ကျော် သေဆုံးခဲ့မှုသည်  အဆိုပါချောင်းဆိုးပျောက်ဆေးရည်နှင့်ဆက်နွယ်နေပြီး အဆိပ်သင့်ချောင်းဆိုးပျောက်ဆေးရည်များ ဆက်လက်ရောင်းချနေသည့်နိုင်ငံ(၉)နိုင်ငံကို ကုလသမဂ္ဂအေဂျင်စီက အမည်များထုတ်ဖော်ပြောကြားထားပြီဖြစ်ကြောင်းသိရသည်။

ဆေးဝါးအရည်အသွေးထိန်းချုပ်ရေးဓာတ်ခွဲခန်းများ၏ အရည်အချင်းစစ် ရူတန်ဒိုကူဝါနာက အဆိပ်သင့်ချောင်းဆိုးပျောက်ဆေးရည်များကို ခြေရာခံရန်အတွက်  ပူးပေါင်းလုပ်ဆောင်နေသည့် နိုင်ငံ(၆)နိုင်ငံ၏ အမည်များကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမျိုးမရှိခဲ့ကြောင်းလည်းသိရသည်။ ချောင်းဆိုးပျောက်ဆေးရည်ထဲတွင် မရှိမဖြစ်ပါဝင်သော ပစ္စည်းများ၏ မသန့်ရှင်းသောစည်များသည် သိုလှောင်ရုံများတွင် ဆက်လက်ကျန်ရှိနေနိုင်ဆဲဖြစ်သောကြောင့် အဆိပ်သင့်ချောင်းဆိုးပျောက်ဆေးရည်များကို နှစ်အတန်ကြာ တွေ့ရှိနေနိုင်သေးကြောင်း ၎င်းကသတိပေးပြောဆိုခဲ့သည်။

ချောင်းဆိုးပျောက်ဆေးရည်နှင့် ပါဝင်ပစ္စည်းဖြစ်သော propylene glycol နှစ်မျိုးလုံးသည် (၂)နှစ်ဝန်းကျင်ထိ သက်တမ်းခံကြောင်းသိရသည်။ ရူတန်ဒိုကူဝါနာက"ဒါက ဆက်လက်ရှိနေမယ့်အန္တရာယ်တစ်ခုပါပဲ"ဟုပြောဆိုခဲ့သည်။

ချောင်းဆိုးပျောက်ဆေးရည်အတွက် ပါဝင်ပစ္စည်းထုတ်လုပ်သောသူများသည် ပါဝင်ပစ္စည်းဖြစ်သော propylene glycol ကို ဈေးပေါသည့် အခြားအဆိပ်အတောက်ပစ္စည်းများဖြစ်သော ethylene glycol နှင့် diethylene glycol တို့ဖြင့် အစားထိုးလေ့ရှိကြောင်း ဆေးဝါးထုတ်လုပ်ရေးကျွမ်းကျင်သူ အများအပြားကပြောကြားခဲ့သည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြင်ဦးလွင်မြို့နယ်၌ ကြိုးဆွဲချအဆုံးစီရင်ကာ သေဆုံးနေသည့်အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တစ်လကျော်ကြာအချိန်၌ ပြန်လည်တွေ့ရှိ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved