Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
လယ်ဝေးမြို့မရဲစခန်း နှင့် MICC-II ဂိတ်(၂)ဝင်ပေါက်အား လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ဖောက်ခွဲခဲ့သည့် အမျိုးသား (၄)ဦးကို နာရီပိုင်းအတွင်း ဖမ်းဆီးရမိကြောင်း နစကထုတ်ပြန်

Pearl (NSS) - ဇွန် ၁၇

လယ်ဝေးမြို့မရဲစခန်း နှင့် MICC-II ဂိတ်(၂)ဝင်ပေါက်အား  လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ဖောက်ခွဲခဲ့သည့် အမျိုးသား (၄)ဦးအား (၁ဝ) နာရီအတွင်း ဖမ်းဆီးရမိကြောင်း နစကမှထုတ်ပြန်ထားသည်။ 

ပြီးခဲ့သည့် ဇွန်လ ၁၂ ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ လယ်ဝေးမြို့မရဲစခန်းအား အမျိုးသား (၂) ဦးက လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့ပြီး  ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ ဉာဏအောင်မြေလမ်း၊ MICC-II ဂိတ်(၂)ဝင်ပေါက်ကိုလည်း အမျိုးသား (၃)ဦးတို့က လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ဖောက်ခွဲခဲ့သည့် ဖြစ်စဉ်များဖြစ်ပွားခဲ့သည်။ 

ထို့ကြောင့်  လုံခြုံရေးတပ်ဖွဲ့ဝင်များမှ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရာ ဇွန်လ ၁၃ ရက်၊ နံနက်ပိုင်းတွင် လယ်ဝေးမြို့မရဲစခန်းနှင့် MICC-II ဂိတ်(၂)ဝင်ပေါက်တို့အား လက်ပစ်ဗုံးဖြင့်ပစ်ခတ်သွားသည့် သက်နိုင်နှင့် အငှားယာဉ်မောင်း ရန်နိုင်ထွန်းတို့အား ပျဉ်းမနားမြို့နယ်၊ အာဟာရသုခဈေးအနီးရှိ “ရွက်သစ်” လက်ဖက်ရည်ဆိုင်၌ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

ဖမ်းဆီးရမိသူ သက်နိုင်၏ ထွက်ဆိုချက်အရ အဆိုပါနေ့ နေ့လည်ပိုင်းတွင် ရဲနိုင် နှင့် အငှားယာဉ်မောင်း အိုင်ဖော့(ခ)ရန်နိုင်ဦးတို့အား လိပ်သိုမြို့အဝင် စစ်ဆေးရေးဂိတ်၌ ထပ်မံဖမ်းဆီးရမိခဲ့ပြီး အကြမ်း ဖက်အမျိုးသား (၄)ဦးအား ဖြစ်စဉ်ဖြစ်ပွားပြီး (၁ဝ)နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ဆိုသည်။ 

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ  ဇွန်လ ၁ဝ ရက်တွင် ဖမ်းဆီးရန်ကျန်သူ ဇင်ယော်(ခ)ငှက်ဖြူ(ခ) နေလင်း မှ MICC-II နှင့် လယ်ဝေးမြို့မရဲစခန်းတို့အား ပစ်ခတ်ဖောက်ခွဲရန် လက်ပစ်ဗုံး (၂)လုံးအား ပေးခဲ့သဖြင့် သက်နိုင်၊ ရဲနိုင် နှင့် ဖမ်းဆီးရန်ကျန် အသေးလေးတို့မှ ကယားပြည်နယ်၊ ပဆေးလာကျေးရွာသို့ သွားရောက်ယူဆောင်ခဲ့ပြီး ဇွန်လ ၁၁ ရက်တွင် လယ်ဝေးမြို့မရဲစခန်းနှင့် MICC-II ဂိတ်(၂)ဝင်ပေါက်တို့အား သွားရောက်၍အခြေအနေကြည့်ရှုခဲ့ကြောင်း သိရသည်။ 

ထို့နောက် ဇွန်လ ၁၂ ရက် ညနေပိုင်းတွင် လက်ပစ်ဗုံး ၂ လုံးအားယူဆောင်၍ ဆိုင်ကယ် ၂ စီးဖြင့် လယ်ဝေးမြို့မရဲစခန်းသို့ သွားရောက်ခဲ့ပြီး အသေးလေးမှ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အခြေအနေအားစောင့်ကြည့်၍ သက်နိုင်နှင့် ရဲနိုင်တို့ ၂ ဦးမှ လက်ပစ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်ဟု နစကမှ ဆိုသည်။ 

အလားတူ အဆိုပါနေ့ညပိုင်းတွင် ၎င်းတို့ ၃ ဦးသည် ဆိုင်ကယ် ၂ စီးဖြင့် MICC-II သို့ သွားရောက်ခဲ့ပြီး ရဲနိုင်မှ အခြေအနေကြည့်ရှုပေးကာ အသေးလေး နှင့် သက်နိုင်တို့ ၂ ဦးမှ MICC-II ဂိတ်(၂) ဝင်ပေါက်အား လက်ပစ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ကြောင်း သိရှိရသည်။

ထွက်ဆိုချက်အရ အဆိုပါအကြမ်းဖက်ဖောက်ခွဲမှုများအတွက် ဇင်ယော်မှ တစ်ဦးလျှင် ငွေကျပ် ၃ သိန်း ထောက်ပံ့ပေးခဲ့ပြီး ကယားပြည်နယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်ရန်လုပ်ဆောင်နေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ 

လက်ရှိတွင် ဖမ်းဆီးရမိသူများအားဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာနှင့် ရုရှားနိုင်ငံကြား အဂတိလိုက်စားမှုတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်ရန် နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးမည်

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved