French Open 2023 ပြိုင်ပွဲမှာ ချန်ပီယံဆုရယူနိုင်ပြီးနောက် ဂရင်းစလင်းပြိုင်ပွဲတွေမှာ ချန်ပီယံအများဆုံး ရယူနိုင်တဲ့ အမျိုသားတင်းနစ်သမားအဖြစ် စံချိန်တင်လိုက်တဲ့ ဂျိုကိုဗစ်
ဂျန်ဇက် (NSS) - ဇွန် ၁၂
ဆာဘီးယား တင်းနစ်အကျော်အမော် နိုဗက်ဂျိုကိုဗစ် ဟာ French Open 2023 ပွဲစဉ်မှာ ပြိုင်ဘက် ကက်စပါ ရက်ဒ်ကို အနိုင်ရပြီးနောက် ဂရင်းစလင်း ချန်ပီယံဆု သမိုင်းမှာ စံချိန်အသစ်တွေ ရေးထိုးနိုင်ခဲ့ကြောင်း သိရပါတယ်။
ဂျိုကိုဗစ်ဟာ ကက်စပါကို အနိုင်ရပြီးနောက် ဂရင်းစလင်းချန်ပီယံဆုကို ၂၃ ကြိမ်အထိ ရယူနိုင်ပြီး ဂရင်းစလင်း ချန်ပီယံဆုသမိုင်းမှာ ချန်ပီယံဆုအများဆုံးရယူနိုင်တဲ့ အမျိုးသားတင်းနစ်အကျော်အမော် ဖြစ်လာခဲ့ကြောင်း သိရပါတယ်။ ဂျိုကိုဗစ်ဟာ ဂရင်းစလင်းအဖြစ် သတ်မှတ်ခံထားရတဲ့ Australian Open,၊ French Open ၊ Wimbledon ၊ US Open နဲ့ French Open ပြိုင်ပွဲချန်ပီယံဆုတွေကိုရယူနိုင်တဲ့ ပထမဆုံး အမျိုးသားတင်းနစ် ကစားသမားဖြစ်လာခဲ့ကြောင်း သိရပါတယ်။
ဂျိုကိုဗစ်ဟာ French Open 2023 ပွဲစဉ်မှာ ပြိုင်ဘက် ကက်စပါ ရက်ဒ်ကို ၇-၆၊ ၆-၃၊ ၇-၅ နဲ့ အနိုင်ရသွားခဲ့တာဖြစ် ကြောင်း သိရပါတယ်။ ဂျိုကိုဗစ်ဟာ အမျိုးသားတင်းနစ်ကစားသမားတွေထဲမှာ အအောင်မြင်ဆုံး တင်းနစ် ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ဂရင်းစလင်း တင်းနစ် သမိုင်းတစ်လျှောက်မှာ ချန်ပီယံဆုအများဆုံး ရယူထားနိုင်သူတွေကတော့ အမျိုးသမီးတင်းနစ်အကျော်အမော်တွေဖြစ်တဲ့ ဆီရီနာဝီလျံ၊ မာဂရက် ကုတ်တို့ဖြစ်ပြီး ၎င်းတို့နှစ်ဦး ရယူနိုင်ခဲ့ဖူးတဲ့ ဂရင်းစလင်းချန်ပီယံဆုအများဆုံးရယူနိုင်တဲ့စံချိန်ကို ဂျိုကိုဗစ်ဟာ လိုက်မီသွားခဲ့ ကြောင်း သိရပါတယ်။
ဂျိုကိုဗစ်ဟာ တင်းနစ်သမိုင်းတစ်လျှောက် အမျိုးသား ၊အမျိုးသမီးတွေထဲ ချန်ပီယံဆုအများဆုံး ရယူနိုင်သူအဖြစ် စံချိန်တင်နိုင်ဖို့ ဒီနှစ်အတွင်းကျင်းပမယ့် ဝင်ဘယ်ဒန် တင်းနစ်ပြိုင်ပွဲမှာ ချန်ပီယံဆု ထပ်မံရယူနိုင်ဖို့ ပစ်မှတ်ထားပြီး ချန်ပီယံဆုရယူနိုင်မယ်ဆိုရင် ဂရင်းစလင်းပြိုင်ပွဲတွေမှာ ချန်ပီယံဆုအများဆုံး ရယူနိုင်တဲ့ တင်းနစ်သမားအဖြစ် စံချိန်အသစ်စိုက်ထူနိုင်မှာဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရှမ်းပြည်နယ်အတွင်းမှ PDF အဖွဲ့ဝင် (၃)ဦး လက်နက်ခဲယမ်းနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်
RELATED POSTS
01 Aug 2024 | အားကစား,နိုင်ငံတကာ
30 Jul 2024 | အားကစား,နိုင်ငံတကာ
07 Jul 2024 | အားကစား,နိုင်ငံတကာ
23 May 2024 | အားကစား,ပြည်တွင်း