စမ်းချောင်းမြို့နယ်တွင် စိတ်မနှံသည့်တူမက အသက်(၇၅)နှစ်အရွယ်ဝန်းကျင်ရှိ အဘွားအိုတစ်ဦးအား ရိုက်နှက်မှုဖြစ်ပွား
စော (NP News) - ဇွန် ၈
ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်တွင် စိတ်မနှံသည့်တူမက အသက်(၇၅)နှစ်အရွယ်ဝန်းကျင်ရှိ အဘွားအိုတစ်ဦးအား ရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇွန်လ ၇ ရက်)၊ ညနေ (၅)နာရီခွဲဝန်းကျင်အချိန်တွင် စမ်းချောင်းမြို့နယ်၊ ဇေယျသုခလမ်း၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း စမ်းချောင်းမြို့နယ်အရန်မီးသတ်စခန်းထံမှ သိရသည်။
“ပတ်ဝန်းကျင်က ဖုန်းဆက်လှမ်းခေါ်တာ တူမဖြစ်တဲ့လူက အဲဒီအဘွားကို ရိုက်တာပါ။ အရိုက်ခံရလို့ ခေါင်းကွဲသွားပြီး လက်လည်း နည်းနည်း ထိသွားတယ်။ အဲဒီအိမ်မှာ တူမနဲ့အဘွားနှစ်ယောက်ထဲနေတာပါ။ တူမက စိတ်မနှံဘူးပြောတယ်”ဟု စမ်းချောင်းမြို့နယ်အရန်မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါအဘွားသည် အသက်(၇၅)နှစ်ဝန်းကျင်အရွယ်ရှိပြီး ၎င်းအား ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းအတွက် ဝမ်ငွေ(၄၈ဝဝဝ)ကို ပြောင်းလဲကောက်ခံမည်ဟု ကိုရီးယားနိုင်ငံရှိ မြန်မာသံရုံးအသိပေး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း