Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
စစ်ဦးစီးချုပ်နှင့် တပ်ရင်းမှူးနှစ်ဦးကို ULA/AA က အကြမ်းဖက်လုပ်ကြံသတ်ဖြတ်ခြင်းဖြစ်ကြောင်း ALP ပါတီ ထုတ်ပြန်

NP News - ဇန်နဝါရီ ၅

စစ်ဦးစီးချုပ်နှင့် တပ်ရင်းမှူးနှစ်ဦးကို ရခိုင်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ULA/AA က အကြမ်းဖက်လုပ်ကြံသတ်ဖြတ်ခြင်းဖြစ်ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)က ထုတ်ပြန်ကြေညာလိုက်သည်။

ALP ပါတီက ယနေ့ (ဇန်နဝါရီလ ၅ ရက်)တွင် ဗိုလ်ချုပ်ခိုင်စိုးမြနှင့် တပ်ရင်းမှူးနှစ်ဦး လုပ်ကြံခံရခြင်းနှင့်ပတ်သက်၍ ထုတ်ပြန်ကြေညာထားခြင်းဖြစ်သည်။

ALP ပါတီ၏ လက်နက်ကိုင်အဖွဲ့ဖြစ်သော ALA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြ၊ အမှတ်(၁ဝ၁) တပ်ရင်းမှူး ဒုတိယဗိုလ်မှူး ကြီးခိုင်ကျော်စိုးနှင့် ဗိုလ်ကြီးခိုင်သူရိန်တို့အား ULA/AA မှ အကြမ်းဖက်လုပ်ကြံခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းတို့(၃)ဦးသည် ဇန်နဝါရီလ ၄ ရက် နံနက် ၈ နာရီကျော်အချိန်တွင် စစ်တွေမြို့၌ ကားဖြင့်သွားနေစဉ် လုပ်ကြံခံရခြင်းဖြစ်ပြီး ကားပေါ်၌ပင် သေနတ်ဒဏ်ရာများစွာဖြင့် ကွယ်လွန်သွားခဲ့ကြောင်း ALP ပါတီက ဆိုသည်။

ထိုသို့ လုပ်ကြံသတ်ဖြတ်ခြင်းသည် ရခိုင်တစ်မျိုးသားလုံးစည်းလုံးညီညွတ်ရေးကို ထိခိုက်ပျက်စီးစေရုံသာမက ရခိုင်ပြည်သူများကိုပါ တုန်လှုပ်ချောက်ခြားစေသည့် အတွက် ALP ပါတီက ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချထားသည်။

ဗိုလ်ချုပ်ခိုင်စိုးမြသည် ရခိုင်ပြည်လွတ်မြောက်ရေးအတွက် ၁၉၈၄ ခုနှစ်မှစ၍ ALP ပါတီနှင့် ALA တပ်ဖွဲ့တို့တွင် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး အစားထိုးမရသော ဆုံးရှုံးမှုဖြစ်သည်ဟု ထုတ်ပြန်ထားသည်။ ထို့ကြောင့် ULA/AA အနေဖြင့် ပါတီဝင်များနှင့် တပ်ဖွဲ့ဝင်များကို ဖမ်းဆီးနှိပ်စက်ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းတို့ကို ဆက်တိုက်ပြုလုပ်နေခြင်းအတွက် တရားမျှတမှုရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ALP ပါတီက ကြေညာထားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ULA/AA ဘက်က တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုခြင်းမျိုး မတွေ့ရသေးပေ။


zawgyi version

စစ္ဦးစီးခ်ဳပ္ႏွင့္ တပ္ရင္းမႉးႏွစ္ဦးကို ULA/AA က အၾကမ္းဖက္လုပ္ႀကံသတ္ျဖတ္ျခင္းျဖစ္ေၾကာင္း ALP ပါတီ ထုတ္ျပန္

NP News - ဇန္နဝါရီ ၅

စစ္ဦးစီးခ်ဳပ္ႏွင့္ တပ္ရင္းမႉးႏွစ္ဦးကို ရခိုင္လက္နက္ကိုင္အဖြဲ႕တစ္ခုျဖစ္သည့္ ULA/AA က အၾကမ္းဖက္လုပ္ႀကံသတ္ျဖတ္ျခင္းျဖစ္ေၾကာင္း ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ(ALP)က ထုတ္ျပန္ေၾကညာလိုက္သည္။

ALP ပါတီက ယေန႔ (ဇန္နဝါရီလ ၅ ရက္)တြင္ ဗိုလ္ခ်ဳပ္ခိုင္စိုးျမႏွင့္ တပ္ရင္းမႉးႏွစ္ဦး လုပ္ႀကံခံရျခင္းႏွင့္ပတ္သက္၍ ထုတ္ျပန္ေၾကညာထားျခင္းျဖစ္သည္။ ALP ပါတီ၏ လက္နက္ကိုင္အဖြဲ႕ျဖစ္ေသာ ALA ၏ စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ခိုင္စိုးျမ၊ အမွတ္(၁ဝ၁) တပ္ရင္းမႉး ဒုတိယဗိုလ္မႉး ႀကီးခိုင္ေက်ာ္စိုးႏွင့္ ဗိုလ္ႀကီးခိုင္သူရိန္တို႔အား ULA/AA မွ အၾကမ္းဖက္လုပ္ႀကံျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပ ထားသည္။

၎တို႔(၃)ဦးသည္ ဇန္နဝါရီလ ၄ ရက္ နံနက္ ၈ နာရီေက်ာ္အခ်ိန္တြင္ စစ္ေတြၿမိဳ႕၌ ကားျဖင့္သြားေနစဥ္ လုပ္ႀကံခံရျခင္းျဖစ္ၿပီး ကားေပၚ၌ပင္ ေသနတ္ဒဏ္ရာမ်ားစြာျဖင့္ ကြယ္လြန္သြားခဲ့ေၾကာင္း ALP ပါတီက ဆိုသည္။

ထိုသို႔ လုပ္ႀကံသတ္ျဖတ္ျခင္းသည္ ရခိုင္တစ္မ်ိဳးသားလုံးစည္းလုံးညီၫြတ္ေရးကို ထိခိုက္ပ်က္စီးေစ႐ုံသာမက ရခိုင္ျပည္သူမ်ားကိုပါ တုန္လႈပ္ေခ်ာက္ျခားေစသည့္ အတြက္ ALP ပါတီက ျပင္းျပင္းထန္ထန္ကန႔္ကြက္ရႈတ္ခ်ထားသည္။

ဗိုလ္ခ်ဳပ္ခိုင္စိုးျမသည္ ရခိုင္ျပည္လြတ္ေျမာက္ေရးအတြက္ ၁၉၈၄ ခုႏွစ္မွစ၍ ALP ပါတီႏွင့္ ALA တပ္ဖြဲ႕တို႔တြင္ တာဝန္ထမ္းေဆာင္ခဲ့သူ ျဖစ္ၿပီး အစားထိုးမရေသာ ဆုံးရႈံးမႈျဖစ္သည္ဟု ထုတ္ျပန္ထားသည္။ ထို႔ေၾကာင့္ ULA/AA အေနျဖင့္ ပါတီဝင္မ်ားႏွင့္ တပ္ဖြဲ႕ဝင္မ်ားကို ဖမ္းဆီးႏွိပ္စက္ျခင္း၊ လုပ္ႀကံသတ္ျဖတ္ျခင္းတို႔ကို ဆက္တိုက္ျပဳလုပ္ေနျခင္းအတြက္ တရားမွ်တမႈရရွိေရး ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ALP ပါတီက ေၾကညာထားသည္။ အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ULA/AA ဘက္က တစ္စုံတစ္ရာထုတ္ျပန္ေျပာဆိုျခင္းမ်ိဳး မေတြ႕ရေသးေပ။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နိုင်ငံနယ်မြေကို အသုံးပြုပြီး အိမ်နီးချင်းမိတ်ဆွေနိုင်ငံများအပေါ် ဆန့်ကျင်မည့် မည်သည့်အဖွဲ့အစည်းကိုမှ လက်ခံသွားမည် မဟုတ်ကြောင်း နစက ဥက္ကဋ္ဌပြော

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved