အမျိုးသမီးဘောလုံးလောကသားများအတွက် လစာအပြင် အကျိုးခံစားခွင့်များ တိုးတက်စေရေးအတွက် ဆွေးနွေးမှုများပြုလုပ်
ယွန်း (NP News) - ဇွန် ၃
အမျိုးသမီးဘောလုံးလောကသားများအတွက် လစာအပြင် အကျိုးခံစားခွင့်များ တိုးတက်စေရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) မှ ဇွန်လ(၂)ရက်တွင် အထက်ပါကဲ့သို့ အသိပေးပြောဆိုထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)နှင့် ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)တို့ ပူးပေါင်းပြီး UEFA Assist Football for Women Programme ကို ဇွန်လ(၂)ရက်တွင် ရန်ကုန်မြို့ရှိ၊ နိုဗိုတယ်ဟိုတယ်၌ ကျင်းပ ပြုလုပ်ခဲ့သည်။
မြန်မာ့ဘောလုံးအသိုင်းအဝိုင်းတွင် ကဏ္ဍအသီးသီးမှ လုပ်ကိုင်ဆောင်ရွက်နေသော အမျိုးသမီးဝန်ထမ်းများ၏ အရည်အသွေးနှင့် စီမံခန့်ခွဲမှုအရည်အချင်းများ တိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်၍ အဆိုပါ အစီအစဥ်ကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းအစီအစဥ်ကို ဇွန်လ(၂)ရက်မှ (၅)ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး အမျိုးသမီးဘောလုံးကဏ္ဍ၏ အခန်းကဏ္ဍကို အမျိုးသားဘောလုံးနှင့် တန်းတူဖြစ်လာစေရန် ရည်ရွယ်ကြောင်း သိရသည်။
ထို့ပြင် အမျိုးသမီးဘောလုံးလောကသားများအတွက် လစာအပါအဝင် အကျိုးခံစားခွင့်နှင့် အခြေခံအ ဆောက်အဦးများ တိုးတက်လာစေရန်အတွက်လည်း ဆွေးနွေးပွဲများပြုလုပ်ခဲ့ကြောင်း MFF မှဆိုထား သည်။
အလားတူ ဘောလုံးနှင့်ပတ်သက်သည့် စီးပွားရေးကိစ္စရပ်များတိုးတက်လာရန်နှင့် မြန်မာ့အမျိုးသမီး ဘောလုံးကိုလည်း အမျိုးသားများနည်းတူ အောက်ခြေအဆင့်မှ စတင်ရွေးချယ်ရန်အတွက် ရည်ရွယ်၍ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် UEFA မှ အမျိုးသမီး ဘောလုံးရေးရာစီမံခန့်ခွဲမှု ကျွမ်းကျင်သူ သုံးဦးမှ ဦးဆောင်ကာ ဆွေးနွေးပွဲများပြုလုပ်သွားမည်ဖြစ်ကြောင်း MFF မှ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Move Forward ပါတီရဲ့နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများအပေါ်ထားရှိတဲ့ မူဝါဒများကို ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဝေဖန်ပြစ်တင်
RELATED POSTS
01 Aug 2024 | အားကစား,နိုင်ငံတကာ
30 Jul 2024 | အားကစား,နိုင်ငံတကာ
07 Jul 2024 | အားကစား,နိုင်ငံတကာ
23 May 2024 | အားကစား,ပြည်တွင်း