Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဘာစီလိုနာ၊ ဂျူဗင်တပ်အသင်းများပါဝင်မည့် Junior Soccer - World Challenge 2023 ပြိုင်ပွဲတွင် မြန်မာလူငယ် အသင်းဖိတ်ကြားခံရ

ရဲပြည့် (NP News) - မေ ၃ဝ

ကမ္ဘာ့ထိပ်သီးနာမည်ကျော်ကလပ်အသင်းများဖြစ်သည့် ဘာစီလိုနာ၊ ဂျူဗင်တပ် အသင်းများ ပါဝင်မည့် Junior Soccer - World Challenge 2023 ပြိုင်ပွဲတွင် အာဆီယံဒေသအတွင်းမှ မြန်မာအမျိုးသား ယူ-၁၂ လူငယ် အသင်းဖိတ်ကြားခံရကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။

11th Junior Soccer World Challenge 2023 ပြိုင်ပွဲအား ဂျပန်နိုင်ငံ၊ Chiaba မြို့တွင် သြဂုတ်လ ၂၄ ရက်မှ ၂၈ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အာဆီယံဒေသတွင်းမှ  မြန်မာအမျိုးသား ယူ - ၁၂ အသင်းတစ်သင်းသာ ဝင်ရောက်ယှဥ်ပြိုင်ရန် ဖိတ်ခေါ်ခံရခြင်းဖြစ်ကြောင်းသိရသည်။

Junior Soccer World Challenge ပြိုင်ပွဲအား ၂ဝ၁၃ ခုနှစ်မှ စတင်ကာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ဥရောပ အသင်းများဖြစ်သည့် နာမည်ကျော် ဘာစီလိုနာ၊ လီဗာပူး၊ အာဆင်နယ်၊ အက်စ်ပါးညို၊ ဂျပန်၊ တရုတ်၊ မက္ကဆီကို စသည်တို့မှ ယူ-၁၂ လူငယ်အသင်းများ ပါဝင်ယှဉ်ပြိုင်ထားကြသည်။ 

ယခုနှစ် ပြိုင်ပွဲတွင် မြန်မာက ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခံရခြင်းဖြစ်ပြီး စပိန်ကလပ် ဘာစီလိုနာ၊ အီတလီကလပ် ဂျူဗင်တပ်တို့မှလူငယ်အသင်းများ၊ ဂျေလိဂ်လူငယ်အသင်းများနှင့်အတူ ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

လက်ရှိ ဘာစီလိုနာ အသင်း၏ Eric García နှင့် Ansu Fati တို့သည် 2013 Junior Soccer World Challenge ပြိုင်ပွဲတွင် ဘာကာ လူငယ်အသင်းမှပါဝင် ကစားခဲ့သူများဖြစ်သည်။ 

ပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာယူ-၁၂ အသင်းအား မြန်မာဘောလုံး အကယ်ဒမီများမှ ကစားသမားများနှင့် Scouting ပြုလုပ်ထားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကစားသမားများအားအခြေခံ၍ ရွေး ချယ်ဖွဲ့စည်းမည်ဖြစ်သည်။ 

ယခုနှစ် ကျင်းပမည့် 11 th Junior Soccer World Challenge  2023 ပြိုင်ပွဲအား စုစုပေါင်း (၃၂)သင်းပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး (၄)သင်းပါ အုပ်စု(၈)ခုခွဲကာ ပတ်လည်စနစ်ဖြင့် ကစားသွားမည်ဖြစ်သည်။ အုပ်စုတစ်ခုစီမှ ပထမနှင့် ဒုတိယရသော အသင်းများသည် (၁၆)သင်းအဆင့်သို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။ ယင်းနောက် ကွာတား၊ ဆီမီး၊ ဗိုလ်လုပွဲ ပွဲစဉ်များကစားသွားမည်ဖြစ်သည်။ 

Max Energy အနေဖြင့်  11th Junior Soccer World Challenge  2023 ပြိုင်ပွဲဝင် မြန်မာအမျိုးသားယူ - ၁၂ အသင်း၏ ဂျပန်ခရီးစဉ်အတွက် ပံ့ပိုးကူညီမှုများ ပြုလုပ်ပေးသွားမည်ဖြစ်သည်။

ကမ္ဘာ့ထိပ်သီးကလပ်အသင်းများ ပါဝင်မည့်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းကြောင့် မြန်ဘောလုံးလော ကအတွက် ဂုဏ်ယူစရာဖြစ်ပြီး အနာဂတ်အလားအလာအတွက်ပါ အတွေ့အကြုံကောင်းများရရှိပိုင်ဆိုင်နိုင်မည့် အခြေအနေတစ်ရပ်လည်းဖြစ်သည်။

အဆိုပါဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာယူ-၁၂ အသင်းကို စေလွှတ်ယှဉ်ပြိုင်စေမည်ဖြစ်ပြီး လိုအပ်သည့် အထောက်အပံ့များစွာကိုလည်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းကို အဖွဲ့ချုပ်ဘက်က ထုတ်ပြန်ကြေညာထားသည်။

၂ဝ၁၃ ခုနှစ်မှ ၂ဝ၁၉ ခုနှစ်အထိ Junior Soccer World Challenge ပြိုင်ပွဲတွင် ဘာစီလိုနာယူ-၁၂ အသင်းက (၅)ကြိမ်ဗိုလ်စွဲထားပြီး နိုင်ဂျီးရီးယားလူငယ်နှင့် အက်စ်ပါးညိုလူငယ်တို့က တစ်ကြိမ်စီဗိုလ်စွဲထားကြသည်။


zawgyi version


ရဲပြည့် (NP News) - မေ ၃ဝ













Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စက်ရုပ်လူသတ်ကောင်တွေက လူသားတွေကို အန္တရာယ်မပြုမီ အချိန်မီတားဆီးဖို့ (ဘာသာပြန်ဆောင်းပါး)

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved