Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းအတွက် ယန်းငွေ (၅ဝဝဝ)ကောက်ခံမည်ဟု ဂျပန်ရှိ မြန်မာသံရုံးကြေညာ

စော (NP News) - မေ ၃ဝ

နိုင်ငံကူးလက်မှတ်စာအုပ်အား လုံခြုံရေးအဆင့် တိုးမြှင့်ထားသည့်အတွက် ယန်းငွေ (၅ဝဝဝ)အထိ တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

တိုကျိုမြို့ရှိ မြန်မာသံရုံးမှ ယနေ့(မေလ ၃ဝ ရက်)တွင် အထက်ပါကဲ့သို့အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

လက်ရှိတွင် ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ်စာအုပ် သက်တမ်းတိုးမြှင့်ခြင်းကို  ဂျပန်ယန်းငွေ (၄ဝဝဝ) ကောက်ခံကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ယခုအခါတွင် မြန်မာနိုင်ငံကူးလက်မှတ်များ၏ လုံခြုံရေးအား အဆင့်မြှင့်တင်ထားပြီး  မြန်မာနိုင်ငံကူးလက်မှတ် MH ဖြင့် စတင်မည်ဖြစ်‌သောကြောင့် စာအုပ်တန်ဖိုးအား တိုးမြှင့်ကောက်ခံရန် သက်ဆိုင်ရာမှ အကြောင်းကြားထားကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့ကြောင့် အဆိုပါ MH ဖြင့် ထုတ်ပေးမည့် မြန်မာနိုင်ငံကူးလက်မှတ်များကို (ဇွန်လ ၁ ရက်)မှ စတင်၍ ဂျပန်ယန်းငွေ (၅ဝဝဝ)သို့ ပြောင်းလဲကာ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်းထုတ်ပြန်ချက်အရသိရသည်။

ထို့ပြင် သက်တမ်းလွန်ဒဏ်ကြေး ၊ နှစ်ကျော်ဒဏ်ကြေးနှင့် စာအုပ်ပျောက်ဆုံးမှုဒဏ်ကြေးများကို ယခင်ဈေးအတိုင်း ပြောင်းလဲမှုမရှိဘဲ ကောက်ခံသွားမည်ဖြစ်ကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးမှ အသိပေးထုတ်ပြန်ထားသည်။


zawgyi version

ႏိုင္ငံကူးလက္မွတ္သက္တမ္းတိုးျခင္းအတြက္ ယန္းေငြ (၅ဝဝဝ)ေကာက္ခံမည္ဟု ဂ်ပန္ရွိ ျမန္မာသံ႐ုံးေၾကညာ

ေစာ (NP News) - ေမ ၃ဝ

ႏိုင္ငံကူးလက္မွတ္စာအုပ္အား လုံၿခဳံေရးအဆင့္ တိုးျမႇင့္ထားသည့္အတြက္ ယန္းေငြ (၅ဝဝဝ)အထိ တိုးျမႇင့္ေကာက္ခံမည္ျဖစ္ေၾကာင္း သိရသည္။

တိုက်ိဳၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွ ယေန႔(ေမလ ၃ဝ ရက္)တြင္ အထက္ပါကဲ့သို႔အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

လက္ရွိတြင္ ၎တို႔အေနျဖင့္ ျမန္မာႏိုင္ငံသားမ်ား၏ ႏိုင္ငံကူးလက္မွတ္စာအုပ္ သက္တမ္းတိုးျမႇင့္ျခင္းကို  ဂ်ပန္ယန္းေငြ (၄ဝဝဝ) ေကာက္ခံကာ ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။

ယခုအခါတြင္ ျမန္မာႏိုင္ငံကူးလက္မွတ္မ်ား၏ လုံၿခဳံေရးအား အဆင့္ျမႇင့္တင္ထားၿပီး  ျမန္မာႏိုင္ငံကူးလက္မွတ္ MH ျဖင့္ စတင္မည္ျဖစ္‌ေသာေၾကာင့္ စာအုပ္တန္ဖိုးအား တိုးျမႇင့္ေကာက္ခံရန္ သက္ဆိုင္ရာမွ အေၾကာင္းၾကားထားေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။

ထို႔ေၾကာင့္ အဆိုပါ MH ျဖင့္ ထုတ္ေပးမည့္ ျမန္မာႏိုင္ငံကူးလက္မွတ္မ်ားကို (ဇြန္လ ၁ ရက္)မွ စတင္၍ ဂ်ပန္ယန္းေငြ (၅ဝဝဝ)သို႔ ေျပာင္းလဲကာ တိုးျမႇင့္ေကာက္ခံသြားမည္ျဖစ္ေၾကာင္းထုတ္ျပန္ခ်က္အရသိရသည္။

ထို႔ျပင္ သက္တမ္းလြန္ဒဏ္ေၾကး ၊ ႏွစ္ေက်ာ္ဒဏ္ေၾကးႏွင့္ စာအုပ္ေပ်ာက္ဆုံးမႈဒဏ္ေၾကးမ်ားကို ယခင္ေဈးအတိုင္း ေျပာင္းလဲမႈမရွိဘဲ ေကာက္ခံသြားမည္ျဖစ္ေၾကာင္း တိုက်ိဳၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွ အသိေပးထုတ္ျပန္ထားသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ် အချို့၌ သွေးလွန်တုပ်ကွေးရောဂါ အများဆုံးဖြစ်ပွားနေပြီး သေဆုံးသူ(၇)ဦးရှိလာ

RELATED POSTS
RECENT POSTS
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved