Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အာဆီယံယူ(၂၃)ပြိုင်ပွဲကြီးမှာ ထိုင်းအသင်းနဲ့ထိပ်တိုက်တွေ့နေပြီး ရှုံးကြွေးဆပ်နိုင်မလား စောင့်ကြည့်ရမယ့် မြန်မာယူ(၂၃)အသင်း

ရဲပြည့် (NP News) - မေ ၂၉ 

အာဆီယံ ယူ(၂၃)ပြိုင်ပွဲကြီးမှာ မြန်မာယူ(၂၃)အသင်းဟာ ထိုင်းအသင်းနဲ့ တစ်အုပ်စုတည်းကျရောက်နေပြီး ဆီးဂိမ်းပြိုင်ပွဲက ရှုံးကြွေးကို ပြန်ဆပ်နိုင်မလားဆိုတာ စောင့်ကြည့်ရဖို့ရှိနေပါတယ်။ 

အာဆီယံ ယူ(၂၃)ပြိုင်ပွဲကြီးကို ထိုင်းနိုင်ငံမှာ ကျင်းပသွားမှာဖြစ်ပြီး ဩဂုတ်လ (၁၇)ရက်ကနေ (၂၆)ရက်အထိ ကျင်းပသွားမှာဖြစ်ပါတယ်။ 

မြန်မာ ယူ(၂၃)အသင်းကတော့ အုပ်စု(က)မှာ အိမ်ရှင် ထိုင်း၊ ကမ္ဘောဒီးယား၊ ဆီးဂိမ်းမှာ ဝင်ရောက်မယှဉ်ပြိုင်ခဲ့တဲ့ ဘရုနိုင်းအသင်းတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေတာဖြစ်ပါတယ်။ 

မြန်မာအသင်းအနေနဲ့ ပွဲချိန်ဇယားကိုသာ လတ်တလောထုတ်ပြန်ထားတာကိုတွေ့ရပြီး ဝင်ရောက်ယှဉ်ပြိုင်မယ့် ကစားသမားစာရင်းကိုတော့ တရားဝင်ထုတ်ပြန်ထားတာမရှိသေးတာကိုတွေ့ရပါတယ်။ 

လတ်တလောအနေအထားအရ မြန်မာအသင်းဟာ ဆီးဂိမ်းပြိုင်ပွဲမှာယှဉ်ပြိုင်ခဲ့တဲ့ ကစားသမားအများအပြား ပြန်ပါလာနိုင်ချေရှိပြီး ထိုင်းအသင်းအနေနဲ့လည်း ဆီးဂိမ်းပြိုင်ပွဲက ကစားသမားတွေ ပြန်ပါလာဖို့ရှိနေတာကြောင့် ပြီးခဲ့တဲ့  ဆီးဂိမ်းပြိုင်ပွဲရဲ့ ဆီးမီးဖိုင်နယ်မှာ ဂိုးပြတ်ရှုံးကြွေးကို အကောင်းဆုံးပြန်ဆပ်နိုင်မလားဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။ 

ပြီးခဲ့တဲ့ ဆီးဂိမ်းပြိုင်ပွဲကို ပြန်ကြည့်ရင် မြန်မာအသင်းဟာ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှားအသင်းတို့ရဲ့နောက်မှာသာရပ်တည်နိုင်ခဲ့ပြီး ခြေစွမ်းပိုင်းလိုအပ်ချက်များစွာရှိနေသလို ကွင်းလယ်နဲ့ တိုက်စစ်လိုအပ် ချက်များရှိနေတာကြောင့်လည်း မယှဉ်နိုင်ခဲ့တာကိုတွေ့ရပါတယ်။ 

ဒါ့ပြင် မြန်မာအသင်းဟာ အုပ်စုပွဲစဉ်ရဲ့ ပထမဆုံးပွဲစဉ်ကို  ဩဂုတ်လ (၁၇)ရက်မှာ ထိုင်းအသင်းနဲ့ ယှဉ် ပြိုင်ကစားရဖို့ရှိနေတာကြောင့် မဖြစ်အနေမရှုံးအောင်ကန်ရမှာဖြစ်ပါတယ်။ 

နောက်ထပ်ပွဲစဉ်တွေကတော့ ကမ္ဘောဒီးယားအသင်းကို ဩဂုတ်လ ၁၉ ရက်နဲ့ ဘရူနိုင်းအသင်းကို  ဩဂုတ်လ ၂၁ ရက်မှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ 

 မြန်မာယူ(၂၃)အသင်းဟာ ကမ္ဘောဒီးယား၊ ဘရူနိုင်းအသင်းတွေကို အနိုင်ယူနိုင်ပြီး ထိုင်းကိုသရေကန်နိုင်ပါက အုပ်စုတက်ဖို့ အခွင့်အရေးကို ပိုင်ဆိုင်နိုင်မှာလည်းဖြစ်ပါတယ်။ 

ဒါကြောင့် ထိုင်းကို ရင်ဆိုင်ကစားနိုင်ဖို့  မြန်မာအသင်းအနေနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာရော လူစာရင်းအနေ အထားအရရော အကောင်းဆုံးပြင်ဆင်ထားဖို့လိုအပ်နေတာဖြစ်ပါတယ်။


zawgyi version

အာဆီယံ ယူ(၂၃)ၿပိဳင္ပြဲႀကီးမွာ ထိုင္းအသင္းနဲ႔ထိပ္တိုက္ေတြ႕ေနၿပီး ရႈံးေႂကြးဆပ္ႏိုင္မလား ေစာင့္ၾကည့္ရမယ့္ ျမန္မာယူ(၂၃)အသင္း 

ရဲျပည့္ (NP News) - ေမ ၂၉ 

အာဆီယံ ယူ(၂၃)ၿပိဳင္ပြဲႀကီးမွာ ျမန္မာယူ(၂၃)အသင္းဟာ ထိုင္းအသင္းနဲ႔ တစ္အုပ္စုတည္းက်ေရာက္ေနၿပီး ဆီးဂိမ္းၿပိဳင္ပြဲက ရႈံးေႂကြးကို ျပန္ဆပ္ႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရဖို႔ရွိေနပါတယ္။ 

အာဆီယံ ယူ(၂၃)ၿပိဳင္ပြဲႀကီးကို ထိုင္းႏိုင္ငံမွာ က်င္းပသြားမွာျဖစ္ၿပီး ဩဂုတ္လ (၁၇)ရက္ကေန (၂၆)ရက္အထိ က်င္းပသြားမွာျဖစ္ပါတယ္။ 

ျမန္မာ ယူ(၂၃)အသင္းကေတာ့ အုပ္စု(က)မွာ အိမ္ရွင္ ထိုင္း၊ ကေမာၻဒီးယား၊ ဆီးဂိမ္းမွာ ဝင္ေရာက္မယွဥ္ၿပိဳင္ခဲ့တဲ့ ဘ႐ုႏိုင္းအသင္းတို႔နဲ႔ တစ္အုပ္စုတည္းက်ေရာက္ေနတာျဖစ္ပါတယ္။ 

ျမန္မာအသင္းအေနနဲ႔ ပြဲခ်ိန္ဇယားကိုသာ လတ္တေလာထုတ္ျပန္ထားတာကိုေတြ႕ရၿပီး ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ကစားသမားစာရင္းကိုေတာ့ တရားဝင္ထုတ္ျပန္ထားတာမရွိေသးတာကိုေတြ႕ရပါတယ္။ 

လတ္တေလာအေနအထားအရ ျမန္မာအသင္းဟာ ဆီးဂိမ္းၿပိဳင္ပြဲမွာယွဥ္ၿပိဳင္ခဲ့တဲ့ ကစားသမားအမ်ားအျပား ျပန္ပါလာႏိုင္ေခ်ရွိၿပီး ထိုင္းအသင္းအေနနဲ႔လည္း ဆီးဂိမ္းၿပိဳင္ပြဲက ကစားသမားေတြ ျပန္ပါလာဖို႔ရွိေနတာေၾကာင့္ ၿပီးခဲ့တဲ့  ဆီးဂိမ္းၿပိဳင္ပြဲရဲ႕ ဆီးမီးဖိုင္နယ္မွာ ဂိုးျပတ္ရႈံးေႂကြးကို အေကာင္းဆုံးျပန္ဆပ္ႏိုင္မလားဆိုတာ စိတ္ဝင္စားစရာေကာင္းေနပါတယ္။ 

ၿပီးခဲ့တဲ့ ဆီးဂိမ္းၿပိဳင္ပြဲကို ျပန္ၾကည့္ရင္ ျမန္မာအသင္းဟာ ထိုင္း၊ ဗီယက္နမ္၊ အင္ဒိုနီးရွားအသင္းတို႔ရဲ႕ေနာက္မွာသာရပ္တည္ႏိုင္ခဲ့ၿပီး ေျခစြမ္းပိုင္းလိုအပ္ခ်က္မ်ားစြာရွိေနသလို ကြင္းလယ္နဲ႔ တိုက္စစ္လိုအပ္ ခ်က္မ်ားရွိေနတာေၾကာင့္လည္း မယွဥ္ႏိုင္ခဲ့တာကိုေတြ႕ရပါတယ္။ 

ဒါ့ျပင္ ျမန္မာအသင္းဟာ အုပ္စုပြဲစဥ္ရဲ႕ ပထမဆုံးပြဲစဥ္ကို  ဩဂုတ္လ (၁၇)ရက္မွာ ထိုင္းအသင္းနဲ႔ ယွဥ္ ၿပိဳင္ကစားရဖို႔ရွိေနတာေၾကာင့္ မျဖစ္အေနမရႈံးေအာင္ကန္ရမွာျဖစ္ပါတယ္။ 

ေနာက္ထပ္ပြဲစဥ္ေတြကေတာ့ ကေမာၻဒီးယားအသင္းကို ဩဂုတ္လ ၁၉ ရက္နဲ႔ ဘ႐ူႏိုင္းအသင္းကို  ဩဂုတ္လ ၂၁ ရက္မွာ ယွဥ္ၿပိဳင္ကစားရမွာျဖစ္ပါတယ္။ 

 ျမန္မာယူ(၂၃)အသင္းဟာ ကေမာၻဒီးယား၊ ဘ႐ူႏိုင္းအသင္းေတြကို အႏိုင္ယူႏိုင္ၿပီး ထိုင္းကိုသေရကန္ႏိုင္ပါက အုပ္စုတက္ဖို႔ အခြင့္အေရးကို ပိုင္ဆိုင္ႏိုင္မွာလည္းျဖစ္ပါတယ္။ 

ဒါေၾကာင့္ ထိုင္းကို ရင္ဆိုင္ကစားႏိုင္ဖို႔  ျမန္မာအသင္းအေနနဲ႔ စိတ္ဓာတ္ပိုင္းဆိုင္ရာေရာ လူစာရင္းအေန အထားအရေရာ အေကာင္းဆုံးျပင္ဆင္ထားဖို႔လိုအပ္ေနတာျဖစ္ပါတယ္။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယူကရိန်းကို F-16 တိုက်လေယာဉ်တွေပေးပို့ကူညီပေမယ့် စစ်ပွဲအခြေအနေကို ပြောင်းလဲနိုင်မှာမဟုတ်ဟုဆို

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved