Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန်နဲ့ တင်းမာမှုတွေရှိနေချိန်မှာပဲ တရုတ်နိုင်ငံက အာဆီယံဒေသတွင်းနိုင်ငံများနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများလုပ်ဆောင်ဖို့ စီစဉ်နေ

ဂျန်ဇက် (NP News) - မေ ၂၉

လာအိုနိုင်ငံနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းလုပ်ဆောင်ခဲ့ပြီးနောက် တရုတ်စစ်တပ်ဟာ အာဆီယံဒေသတွင်းရှိ နိုင်ငံများနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများပိုမိုလုပ်ဆောင်သွားဖို့ စီစဉ်နေကြောင်းသိရပါတယ်။ 

ဒေသအတွင်း တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းစေဖို့ တရုတ်နိုင်ငံက ဦးဆောင်ပြီး အာဆီယံဒေသတွင်းရှိ နိုင်ငံများနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများ လုပ်ဆောင်ဖွယ်ရှိနေကြောင်း တရုတ်စစ်ရေးလေ့လာသူများကပြောပါတယ်။ တရုတ်နိုင်ငံက ဦးဆောင်ပြီးပြုလုပ်မယ့် စစ်ရေးလေ့ကျင့်ခန်းများဟာ အာရှ-ပစိဖိတ်ဒေသအတွင်းမှာ စစ်ရေးလေ့ကျင့်ခန်းများ အရှိန်မြင့်လုပ်ဆောင်နေတဲ့ အမေရိကန်နဲ့ ထိပ်တိုက်တွေ့ဆုံဖွယ်ရှိနေကြောင်းသိရပါတယ်။ 

တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့ရဲ့စစ်ဘက်ကိုယ်စားလှယ်များဟာ Aman Youyi-2023 အမည်ရှိ စစ်ရေးလေ့ကျင့်ခန်းများပြုလုပ်နိုင်ဖို့ ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးသွားဖွယ်ရှိနေကြောင်းသိရပါတယ်။ အဆိုပါတွေ့ဆုံချိန်အတွင်း ကျင်းပမယ့်နေရာ၊ အချိန်၊ ကြိုတင်ပြင်ဆင်မှု နဲ့ စစ်ရေးလေ့ကျင့်ခန်းပိုင်းဆိုင်ရာနည်းစနစ်များကို အဓိကထား ဆွေးနွေးသွားဖွယ်ရှိနေကြောင်းသိရပါတယ်။

Aman Youyi အမည်ရှိ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို ၂ဝ၁၄ ခုနှစ်နောက်ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် တောင်တရုတ်ပင်လယ်အတွင်း ကျင်းပသွားဖွယ်ရှိနေကြောင်းသိရပါတယ်။ ပေကျင်းအခြေစိုက် School of International Relations and Diplomacy ရဲ့ နိုင်ငံခြားရေးမူဝါဒကျွမ်းကျင်သူ Zhuo Hua က  Aman Youyi အမည်ရှိ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းဟာ ဒေသအတွင်းလုံခြုံရေးအပြင် ပါဝင်မယ့်နိုင်ငံများအတွက်လည်း အပေါင်းလက္ခဆောင်မယ့် အလေ့အကျင့်ကောင်းများရဖွယ်ရှိနေကြောင်း ဆိုပါတယ်။ 

တရုတ်စစ်တပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ လာအိုစစ်တပ် နဲ့ Friendship Shield-2023 အမည်ရှိ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို လုပ်ဆောင်ခဲ့ပြီး အဲဒီစစ်ရေးလေ့ကျင့်ခန်းအစီအစဉ်အတွင်း ကျည်အစစ်ကိုအသုံးပြုပစ်ခတ်ရတဲ့ လေ့ကျင့်ခန်းများပါဝင်ခဲ့ကြောင်းသိရပါတယ်။


zawgyi version


ဂျန်ဇက် (NP News) - မေ ၂၉







Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အာဆီယံယူ(၂၃)ပြိုင်ပွဲကြီးမှာ ထိုင်းအသင်းနဲ့ထိပ်တိုက်တွေ့နေပြီး ရှုံးကြွေးဆပ်နိုင်မလား စောင့်ကြည့်ရမယ့် မြန်မာယူ(၂၃)အသင်း

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved