အနာဂတ်ကြက်တောင်ကစားသမားများကို လက်ရွေးစင်အဆင့်မှ နိုင်ငံခြားပွဲစဉ်အထိထောက်ပံ့ပေးနိုင်ရန် ကြိုးစားသွားမည်ဟုဆို
စော (NP News) - မေ ၂၈
အနာဂတ်ကြက်တောင်ကစားသမားများကို လက်ရွေးစင်အဆင့်အထိလေ့ကျင်ပေးပြီး နိုင်ငံခြားပွဲစဉ်အထိထောက်ပံ့ပေးနိုင်ရန်ကြိုးစားမည်ဖြစ်ကြောင်း Zawana ၏ Founder ဖြစ်သူ ကမ္ဘာ့ကြက်တောင်အားကစားသမား ကိုဘုန်းပြည့်နိုင်ကပြောသည်။
ကိုဘုန်းပြည့်နိုင်က မေလ ၂၇ ရက်တွင် cabin88 ခန်းမ၌ကျင်းပသည့် press event ၌အထက်ပါကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။
လူငယ်ကြက်တောင်ကစားသမားများကို ပံ့ပိုးပေးရန်ရည်ရွယ်ချက်ဖြင့် UAB Bank နှင့် MAI လေကြောင်းလိုင်းတို့က ကမ္ဘာအဆင့်ကြက်တောင်အားကစားသမား ကိုဘုန်းပြည့်နိုင်နှင့်အတူ အကျိုးပူးပေါင်းလုပ် ဆောင်မည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ အကျိုးတူပူးပေါင်းမှုသည် ၂ဝ၂၃ ခုနှစ်မှ ၂ဝ၂၄ ခုနှစ်အထိဖြစ်ကြောင်း သိရသည်။
"နောင်တက်လာမယ့် ကစားသမားတွေအတွက် အများကြီးစဉ်းစားပေးထားတဲ့အတွက်ကြောင့် မွေးထုတ်ပေးထားတဲ့ကစားသမားတွေရဲ့ potential ရှိတဲ့အပေါ်မှာမူတည်ပြီးတော့ ကျွန်တော်တို့ဘယ်လောက်ထိပံ့ပိုးပေးနိုင်မလဲ။ ထောက်ပံ့ပေးနိုင်မလဲဆိုတာ စဉ်းစားသွားမှာပါ"ဟု Zawana ၏ Founder ကိုဘုန်းပြည့်နိုင်ကဆိုသည်။
ကိုဘုန်းပြည့်နိုင်သည် နိုင်ငံတကာအဆင့်မီပံ့ပိုးမှုများဖြင့် ထူးချွန်သည့် အနာဂတ်ကြက်တောင်အားကစားသမားများကို မွေးထုတ်ပေးရန်ရည်ရွယ်ချက်ဖြင့် Zawana ကြက်တောင်အားကစားကွင်းကို တည်ထောင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။
Zawana ၏ Founder ဖြစ်သူ ကိုဘုန်းပြည့်နိုင်သည် အသက်(၆)နှစ်မှစ၍ ကြက်တောင်ကစားခဲ့သူတစ်ဦးဖြစ်ပြီး (၂ဝ၁၃)ခုနှစ်မှစတင်၍ နိုင်ငံလက်ရွေးစင်ကြက်တောင်အားကစားသမားမှတစ်ဆင့် ကမ္ဘာ့ကြက် တောင်အားကစားသမားလောက၏ အဆင့်(၂ဝဝ)တွင် ရပ်တည်နေသူတစ်ဦးဖြစ်သည်။
zawgyi version
အနာဂတ္ၾကက္ေတာင္ကစားသမားမ်ားကို လက္ေ႐ြးစင္အဆင့္မွ ႏိုင္ငံျခားပြဲစဥ္အထိေထာက္ပံ့ေပးႏိုင္ရန္ ႀကိဳးစားသြားမည္ဟုဆို
ေစာ (NP News) - ေမ ၂၈
အနာဂတ္ၾကက္ေတာင္ကစားသမားမ်ားကို လက္ေ႐ြးစင္အဆင့္အထိေလ့က်င္ေပးၿပီး ႏိုင္ငံျခားပြဲစဥ္အထိေထာက္ပံ့ေပးႏိုင္ရန္ႀကိဳးစားမည္ျဖစ္ေၾကာင္း Zawana ၏ Founder ျဖစ္သူ ကမာၻ႔ၾကက္ေတာင္အားကစားသမား ကိုဘုန္းျပည့္ႏိုင္ကေျပာသည္။
ကိုဘုန္းျပည့္ႏိုင္က ေမလ ၂၇ ရက္တြင္ cabin88 ခန္းမ၌က်င္းပသည့္ press event ၌အထက္ပါကဲ့သို႔ေျပာဆိုခဲ့ျခင္းျဖစ္သည္။
လူငယ္ၾကက္ေတာင္ကစားသမားမ်ားကို ပံ့ပိုးေပးရန္ရည္႐ြယ္ခ်က္ျဖင့္ UAB Bank ႏွင့္ MAI ေလေၾကာင္းလိုင္းတို႔က ကမာၻအဆင့္ၾကက္ေတာင္အားကစားသမား ကိုဘုန္းျပည့္ႏိုင္ႏွင့္အတူ အက်ိဳးပူးေပါင္းလုပ္ ေဆာင္မည္ျဖစ္ေၾကာင္းသိရသည္။
အဆိုပါ အက်ိဳးတူပူးေပါင္းမႈသည္ ၂ဝ၂၃ ခုႏွစ္မွ ၂ဝ၂၄ ခုႏွစ္အထိျဖစ္ေၾကာင္း သိရသည္။
"ေနာင္တက္လာမယ့္ ကစားသမားေတြအတြက္ အမ်ားႀကီးစဥ္းစားေပးထားတဲ့အတြက္ေၾကာင့္ ေမြးထုတ္ေပးထားတဲ့ကစားသမားေတြရဲ႕ potential ရွိတဲ့အေပၚမွာမူတည္ၿပီးေတာ့ ကြၽန္ေတာ္တို႔ဘယ္ေလာက္ထိပံ့ပိုးေပးႏိုင္မလဲ။ ေထာက္ပံ့ေပးႏိုင္မလဲဆိုတာ စဥ္းစားသြားမွာပါ"ဟု Zawana ၏ Founder ကိုဘုန္းျပည့္ႏိုင္ကဆိုသည္။
ကိုဘုန္းျပည့္ႏိုင္သည္ ႏိုင္ငံတကာအဆင့္မီပံ့ပိုးမႈမ်ားျဖင့္ ထူးခြၽန္သည့္ အနာဂတ္ၾကက္ေတာင္အားကစားသမားမ်ားကို ေမြးထုတ္ေပးရန္ရည္႐ြယ္ခ်က္ျဖင့္ Zawana ၾကက္ေတာင္အားကစားကြင္းကို တည္ေထာင္ခဲ့သူတစ္ဦးလည္းျဖစ္သည္။
Zawana ၏ Founder ျဖစ္သူ ကိုဘုန္းျပည့္ႏိုင္သည္ အသက္(၆)ႏွစ္မွစ၍ ၾကက္ေတာင္ကစားခဲ့သူတစ္ဦးျဖစ္ၿပီး (၂ဝ၁၃)ခုႏွစ္မွစတင္၍ ႏိုင္ငံလက္ေ႐ြးစင္ၾကက္ေတာင္အားကစားသမားမွတစ္ဆင့္ ကမာၻ႔ၾကက္ ေတာင္အားကစားသမားေလာက၏ အဆင့္(၂ဝဝ)တြင္ ရပ္တည္ေနသူတစ္ဦးျဖစ္သည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းနိုင်ငံတွင် ဆိုင်ကယ် နှင့် ၂၂ ဘီးကားတစ်စီး တိုက်မိခဲ့ပြီးနောက် မြန်မာအမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံး
RELATED POSTS
01 Aug 2024 | အားကစား,နိုင်ငံတကာ
30 Jul 2024 | အားကစား,နိုင်ငံတကာ
07 Jul 2024 | အားကစား,နိုင်ငံတကာ
23 May 2024 | အားကစား,ပြည်တွင်း