မြန်မာနိုင်ငံ၌ ပြီးခဲ့သော ၂ဝ၂၂ ခုနှစ်အတွင်း မုဒိမ်းမှုပေါင်း(၉ဝဝ)နီးပါးရှိခဲ့ပြီး အမှုပေါင်း (၆ဝဝ)ကျော် သည် သက်ငယ်မုဒိမ်းမှုများဖြစ်နေ
မျိုးကြီး (NP News) - မေ ၂၅
မြန်မာနိုင်ငံ၌ ပြီးခဲ့သော ၂ဝ၂၂ ခုနှစ်အတွင်း မုဒိမ်းမှုပေါင်း (၉ဝဝ)နီးပါးရှိခဲ့ပြီး အမှုပေါင်း (၆ဝဝ)ကျော် သည် သက်ငယ်မုဒိမ်းမှုများဖြစ်ကြောင်း သတင်းရရှိသည်။
၂ဝ၂၂ ခုနှစ်အတွင်း အရေးကြီးရာဇဝတ်မှုအမျိုးအစားအလိုက်၌ တရားရုံးအသီးသီးတွင် တရားစွဲဆိုထားသည့်အမှုအရေအတွက်သည် (၆၂၇၂၈)ရှိကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံမှ သိရှိရသည်။
အဆိုပါ အရေးကြီးရာဇဝတ်မှုအမျိုးအစားထဲတွင် မူးယစ်ဆေးဝါးမှု၊ လူသတ်မှု၊ မုဒိမ်းမှု၊ လူကုန်ကူးမှု၊ ယာဉ်မတော်ဆမှုကြောင့် လူသေမှု၊ ကလေးသူငယ်ဥပဒေအရ စွဲဆိုသည့်မှုခင်းများ ပါဝင်ကြောင်း သိရသည်။
၎င်းအမှုများအနက် ပြီးခဲ့သော ၂ဝ၂၂ ခုနှစ်အတွင်း မုဒိမ်မှုစုစုပေါင်း (၈၆ဝ)မှု ဖြစ်ပွားခဲ့ပြီး အရွယ်ရောက်ပြီးသူ မုဒိမ်းပြုကျင့်ခံရမှု (၂၃၃)မှုနှင့် သက်ငယ်မုဒိမ်းမှု (၆၂၇)မှု ဖြစ်ပွားခဲ့ကြောင်း တရားလွှတ်တော်ချုပ်က ဆိုသည်။
မြန်မာနိုင်ငံအတွင်း၌ သက်ငယ်မုဒိမ်းမှုကျူးလွန်သူများကို သေဒဏ်အထိ ချမှတ်ရန် ပြီးခဲ့သော နှစ်များအတွင်းက တောင်း ဆိုလှုံဆော်မှုများရှိခဲ့သည်ကို တွေ့ရှိရသည်။
“မုဒိမ်းမှုဆိုတာ အမျိုးသမီးတိုင်းအတွက် အန္တရာယ်အရမ်းရှိတယ်။ ဒီလိုမုဒိမ်းမှုကျူးလွန်တယ်ဆိုရင်တော့ မည်သူ့ကိုပဲ ဖြစ်ဖြစ် မိန်းမချင်း-မိန်းမချင်း မုဒိမ်းမှုကျူးလွန်တာပဲဖြစ်ဖြစ်၊ ယောကျာချင်း-ယောကျာ်းချင်းပဲ ကျူးလွန်တာဖြစ်ဖြစ်၊ ယောကျာ်း နဲ့ မိန်းမ မုဒိမ်းမှုကျူးလွန်တာပဲဖြစ်ဖြစ် ဒါက ထိထိရောက်ရောက်ကို အရေးယူသင့်တယ်။ လုံးဝမလွှတ်ပေးသင့်တဲ့အမှု ကိစ္စတစ်ခုဖြစ်တယ်” ဟု လွှတ်တော်အမတ်ဟောင်း ဒေါ်စန္ဒာမင်းက NP News ကို သုံးသပ်ပြောဆိုထားသည်။
နိုင်ငံအတွင်း ဖြစ်ပွားခဲ့သော သက်ငယ်မုဒိမ်းမှုများနှင့်ပတ်သက်၍ ကျူးလွန်သူအား ထောင်ဒဏ်နှစ်(၂ဝ) အထိ ချမှတ်ခဲ့သည့်ဖြစ်စဉ်များရှိခဲ့သည်။
မုဒိမ်းမှုကျူးလွန်သူများကို ထိရောက်ပြင်းထန်စွာ အပြစ်ပေးအရေးယူရန်အတွက်လည်း ပြည်သူအချို့က လူမှုကွန်ရက်စာမျက်နှာများ၌ ဖော်ထုတ်ပြောဆိုနေကြသည်ကိုလည်း တွေ့ရှိနေရသည်။
ထို့ပြင် ပြီးခဲ့သော ၂ဝ၂၁ ခုနှစ်၌ အရွယ်ရောက်ရှိပြီးသူ မုဒိမ်းပြုကျင့်ခံရမှု (၂၉၇)မှုနှင့် သက်ငယ်မုဒိမ်းမှု (၆၇၂) မှုအထိ ဖြစ်ပွားခဲ့ပြီး မုဒိမ်းမှုစုစုပေါင်း (၉၆၉)အမှုအထိ ဖြစ်ပွားခဲ့ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ သတင်းအချက်အလက်များအရ သိရသည်။
zawgyi version
ျမန္မာႏိုင္ငံ၌ ၿပီးခဲ့ေသာ ၂ဝ၂၂ ခုႏွစ္အတြင္း မုဒိမ္းမႈေပါင္း(၉ဝဝ)နီးပါးရွိခဲ့ၿပီး အမႈေပါင္း (၆ဝဝ)ေက်ာ္ သည္ သက္ငယ္မုဒိမ္းမႈမ်ားျဖစ္ေန
မ်ိဳးႀကီး (NP News) - ေမ ၂၅
ျမန္မာႏိုင္ငံ၌ ၿပီးခဲ့ေသာ ၂ဝ၂၂ ခုႏွစ္အတြင္း မုဒိမ္းမႈေပါင္း (၉ဝဝ)နီးပါးရွိခဲ့ၿပီး အမႈေပါင္း (၆ဝဝ)ေက်ာ္ သည္ သက္ငယ္မုဒိမ္းမႈမ်ားျဖစ္ေၾကာင္း သတင္းရရွိသည္။
၂ဝ၂၂ ခုႏွစ္အတြင္း အေရးႀကီးရာဇဝတ္မႈအမ်ိဳးအစားအလိုက္၌ တရား႐ုံးအသီးသီးတြင္ တရားစြဲဆိုထားသည့္အမႈအေရအတြက္သည္ (၆၂၇၂၈)ရွိေၾကာင္း ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္ထံမွ သိရွိရသည္။
အဆိုပါ အေရးႀကီးရာဇဝတ္မႈအမ်ိဳးအစားထဲတြင္ မူးယစ္ေဆးဝါးမႈ၊ လူသတ္မႈ၊ မုဒိမ္းမႈ၊ လူကုန္ကူးမႈ၊ ယာဥ္မေတာ္ဆမႈေၾကာင့္ လူေသမႈ၊ ကေလးသူငယ္ဥပေဒအရ စြဲဆိုသည့္မႈခင္းမ်ား ပါဝင္ေၾကာင္း သိရသည္။
၎အမႈမ်ားအနက္ ၿပီးခဲ့ေသာ ၂ဝ၂၂ ခုႏွစ္အတြင္း မုဒိမ္မႈစုစုေပါင္း (၈၆ဝ)မႈ ျဖစ္ပြားခဲ့ၿပီး အ႐ြယ္ေရာက္ၿပီးသူ မုဒိမ္းျပဳက်င့္ခံရမႈ (၂၃၃)မႈႏွင့္ သက္ငယ္မုဒိမ္းမႈ (၆၂၇)မႈ ျဖစ္ပြားခဲ့ေၾကာင္း တရားလႊတ္ေတာ္ခ်ဳပ္က ဆိုသည္။
ျမန္မာႏိုင္ငံအတြင္း၌ သက္ငယ္မုဒိမ္းမႈက်ဴးလြန္သူမ်ားကို ေသဒဏ္အထိ ခ်မွတ္ရန္ ၿပီးခဲ့ေသာ ႏွစ္မ်ားအတြင္းက ေတာင္း ဆိုလႈံေဆာ္မႈမ်ားရွိခဲ့သည္ကို ေတြ႕ရွိရသည္။
“မုဒိမ္းမႈဆိုတာ အမ်ိဳးသမီးတိုင္းအတြက္ အႏၲရာယ္အရမ္းရွိတယ္။ ဒီလိုမုဒိမ္းမႈက်ဴးလြန္တယ္ဆိုရင္ေတာ့ မည္သူ႔ကိုပဲ ျဖစ္ျဖစ္ မိန္းမခ်င္း-မိန္းမခ်င္း မုဒိမ္းမႈက်ဴးလြန္တာပဲျဖစ္ျဖစ္၊ ေယာက်ာခ်င္း-ေယာက်ာ္းခ်င္းပဲ က်ဴးလြန္တာျဖစ္ျဖစ္၊ ေယာက်ာ္း နဲ႔ မိန္းမ မုဒိမ္းမႈက်ဴးလြန္တာပဲျဖစ္ျဖစ္ ဒါက ထိထိေရာက္ေရာက္ကို အေရးယူသင့္တယ္။ လုံးဝမလႊတ္ေပးသင့္တဲ့အမႈ ကိစၥတစ္ခုျဖစ္တယ္” ဟု လႊတ္ေတာ္အမတ္ေဟာင္း ေဒၚစႏၵာမင္းက NP News ကို သုံးသပ္ေျပာဆိုထားသည္။
ႏိုင္ငံအတြင္း ျဖစ္ပြားခဲ့ေသာ သက္ငယ္မုဒိမ္းမႈမ်ားႏွင့္ပတ္သက္၍ က်ဴးလြန္သူအား ေထာင္ဒဏ္ႏွစ္(၂ဝ) အထိ ခ်မွတ္ခဲ့သည့္ျဖစ္စဥ္မ်ားရွိခဲ့သည္။
မုဒိမ္းမႈက်ဴးလြန္သူမ်ားကို ထိေရာက္ျပင္းထန္စြာ အျပစ္ေပးအေရးယူရန္အတြက္လည္း ျပည္သူအခ်ိဳ႕က လူမႈကြန္ရက္စာမ်က္ႏွာမ်ား၌ ေဖာ္ထုတ္ေျပာဆိုေနၾကသည္ကိုလည္း ေတြ႕ရွိေနရသည္။
ထို႔ျပင္ ၿပီးခဲ့ေသာ ၂ဝ၂၁ ခုႏွစ္၌ အ႐ြယ္ေရာက္ရွိၿပီးသူ မုဒိမ္းျပဳက်င့္ခံရမႈ (၂၉၇)မႈႏွင့္ သက္ငယ္မုဒိမ္းမႈ (၆၇၂) မႈအထိ ျဖစ္ပြားခဲ့ၿပီး မုဒိမ္းမႈစုစုေပါင္း (၉၆၉)အမႈအထိ ျဖစ္ပြားခဲ့ေၾကာင္း ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျောင်းအပ်လက်ခံနေစဥ်ကာလ၌ ကျောင်းအုပ်ဆရာမတစ်ဦး အကြမ်းဖက်သတ်ဖြတ်ခံရသည့်အပြင် နေအိမ်ပါ မိုင်းခွဲဖျက်ဆီးခံရ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း