ယူနန်အပြည်ပြည်ဆိုင်ရာ ချစ်ကြည်ရေးအသင်းက မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ယွမ်ငွေ(၁)သိန်းနီးပါးတန်ဖိုးရှိသည့် ကူညီကယ်ဆယ်ရေးပစ္စည်းများ လှူဒါန်း
ယွန်း (NP News) - မေ ၁၉
ယူနန်ပြည်နယ်အပြည်ပြည်ဆိုင်ရာ ချစ်ကြည်ရေးအသင်းက မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် တရုတ်ယွမ်ငွေ(၁)သိန်းနီးပါးတန်ဖိုးရှိသည့် ကူညီကယ်ဆယ်ရေးပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံရှိ ယူနန်ပြည်နယ်အပြည်ပြည်ဆိုင်ရာချစ်ကြည်ရေးအသင်းက ပြီးခဲ့သည့် မေလ(၁၂)ရက်တွင် ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ကုန်များကို ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ရုံးသို့ လာရောက်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် အဆိုပါပစ္စည်းများကို မေလ(၁၈)ရက်တွင် ရွှေလီမြို့မှတဆင့် မူဆယ်မြို့ မန့်ဝိန်းဂိတ်၌ တာဝန် ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
လှူဒါန်းသည့် ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများတွင် ယာနာပျောက်ဆေးဘူး(၄ဝဝ)၊ တရုတ်အားဆေးဘူး (၄ဝဝ)၊ လိမ်းဆေးဘူး(၂၅ဝ)၊ အကိုက်အခဲပျောက်ဆေးဘူး(၂ဝဝ)၊ အဖျားပျောက်ဆေးဘူး(၂၄ဝ)၊ ကယ်ဆယ်ရေးအရေးပေါ်အိတ်(၅ဝ)၊ Nongfu Mineral Water ကတ်(၆ဝဝ)၊ ကြက်မှိုခေါက်ဆွဲ အထုပ်(၄ဝဝ)နှင့် အရေးပေါ်ကယ်ဆယ်ရေးရွက်ဖျင်တဲ အလုံး(၂ဝ)ပါဝင်ကြောင်း သိရသည်။
အဆိုပါလှူဒါန်းသည့် ပစ္စည်းများ၏ စုစုပေါင်းတန်ဖိုးသည် တရုတ်ယွမ်ငွေ တစ်သိန်းခန့်ရှိကြောင်း သိရသည်။
zawgyi version
ယူနန္အျပည္ျပည္ဆိုင္ရာ ခ်စ္ၾကည္ေရးအသင္းက မုန္တိုင္းဒဏ္သင့္ျပည္သူမ်ားအတြက္ ယြမ္ေငြ(၁)သိန္းနီးပါးတန္ဖိုးရွိသည့္ ကူညီကယ္ဆယ္ေရးပစၥည္းမ်ား လႉဒါန္း
ယြန္း (NP News) - ေမ ၁၉
ယူနန္ျပည္နယ္အျပည္ျပည္ဆိုင္ရာ ခ်စ္ၾကည္ေရးအသင္းက မုန္တိုင္းဒဏ္သင့္ျပည္သူမ်ားအတြက္ တ႐ုတ္ယြမ္ေငြ(၁)သိန္းနီးပါးတန္ဖိုးရွိသည့္ ကူညီကယ္ဆယ္ေရးပစၥည္းမ်ား လႉဒါန္းခဲ့ေၾကာင္း သိရသည္။
တ႐ုတ္ႏိုင္ငံရွိ ယူနန္ျပည္နယ္အျပည္ျပည္ဆိုင္ရာခ်စ္ၾကည္ေရးအသင္းက ၿပီးခဲ့သည့္ ေမလ(၁၂)ရက္တြင္ ကူညီကယ္ဆယ္ေရးပစၥည္းမ်ားႏွင့္ စားေသာက္ကုန္မ်ားကို ကူမင္းၿမိဳ႕ရွိ ျမန္မာေကာင္စစ္ဝန္႐ုံးသို႔ လာေရာက္လႉဒါန္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ေနာက္ အဆိုပါပစၥည္းမ်ားကို ေမလ(၁၈)ရက္တြင္ ေ႐ႊလီၿမိဳ႕မွတဆင့္ မူဆယ္ၿမိဳ႕ မန႔္ဝိန္းဂိတ္၌ တာဝန္ ရွိသူမ်ားက လက္ခံရယူခဲ့ေၾကာင္း သိရသည္။
လႉဒါန္းသည့္ ကူညီကယ္ဆယ္ေရးပစၥည္းမ်ားႏွင့္ စားေသာက္ကုန္ပစၥည္းမ်ားတြင္ ယာနာေပ်ာက္ေဆးဘူး(၄ဝဝ)၊ တ႐ုတ္အားေဆးဘူး (၄ဝဝ)၊ လိမ္းေဆးဘူး(၂၅ဝ)၊ အကိုက္အခဲေပ်ာက္ေဆးဘူး(၂ဝဝ)၊ အဖ်ားေပ်ာက္ေဆးဘူး(၂၄ဝ)၊ ကယ္ဆယ္ေရးအေရးေပၚအိတ္(၅ဝ)၊ Nongfu Mineral Water ကတ္(၆ဝဝ)၊ ၾကက္မႈိေခါက္ဆြဲ အထုပ္(၄ဝဝ)ႏွင့္ အေရးေပၚကယ္ဆယ္ေရး႐ြက္ဖ်င္တဲ အလုံး(၂ဝ)ပါဝင္ေၾကာင္း သိရသည္။
အဆိုပါလႉဒါန္းသည့္ ပစၥည္းမ်ား၏ စုစုေပါင္းတန္ဖိုးသည္ တ႐ုတ္ယြမ္ေငြ တစ္သိန္းခန႔္ရွိေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်ကိုရီးယားနဲ့အမေရိကန်တို့ဟာ ပူးတွဲစစ်ရေးလေ့ကျင့်မှုနဲ့အတူ နျူကလီးယားခြိမ်းခြောက်မှုတွေ ပိုမိုလုပ်ဆောင်လာနေကြောင်း မြောက်ကိုရီးယားအစိုးရဝေဖန်
RELATED POSTS
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း
29 Sep 2024 | လူမှုရေး,ပြည်တွင်း