Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစိုးရဖွဲ့စည်းနိုင်ဖို့ ရွေးကောက်ပွဲမှာမဲအများဆုံးအနိုင်ရတဲ့ Move Forward ပါတီဦးဆောင်ပြီး အတိုက်ခံပါတီများ တံခါးပိတ်တွေ့ဆုံဆွေးနွေး

ဂျန်ဇက် (NP News) - မေ ၁၈

ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ ထိုင်းရွေးကောက်ပွဲမှာ မဲအများဆုံးရရှိခဲ့တဲ့ Move Forward ပါတီခေါင်းဆောင်ရဲ့ဝန်ကြီးချုပ်ဖြစ်လာဖို့ ကြိုးပမ်းမှုတွေကိုရပ်တန့်သွားမှာဖြစ်ကြောင်း စစ်တပ်ရွေးချယ်ခန့်အပ်ထားတဲ့ အထက်လွှတ်တော်ကိုယ်စားလှယ်များက သတိပေးပြောဆိုမှုတွေရှိလာခဲ့ပြီးနောက် Move Forward ပါတီ ဦးဆောင်ပြီး ထိုင်းအတိုက်ခံပါတီအုပ်စုတွေဟာ ညွန့်ပေါင်းအစိုးရဖွဲ့စည်းနိုင်ဖို့ မေလ ၁၇ ရက်မှာတွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရပါတယ်။

MFP ပါတီခေါင်းဆောင် ပီတာလင်ဂျာရိုအမ်ရတ်ဆိုသူဟာ ဘန်ကောက်မြို့ရှိ စားသောက်ဆိုင်မှာအခြားနိုင်ငံရေးပါတီ (၅)ခုက ကိုယ်စားလှယ်တွေ၊ ခေါင်းဆောင်တွေ နဲ့တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရပါတယ်။ အသက် ၄၂ နှစ်အရွယ်ရှိ ပီတာဟာ ရွေးကောက်ပွဲမှာ မဲဒုတိယအများဆုံးရရှိခဲ့တဲ့ ဖြူထိုင်းပါတီအပြင် အခြားပါတီငယ် လေးခုနဲ့ ပူးပေါင်းပြီး ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ ကြိုးပမ်းနေပါတယ်။ MFP ဟာဖြူထိုင်းပါတီအပါဝင် အခြားပါတီငါးခုနဲ့ မဟာမိတ်ဖွဲ့စည်းမယ်ဆိုရင် အောက်လွှတ်တော်ရှိ ကိုယ်စားလှယ် (၅ဝဝ) ဦးထဲမှာ ကိုယ်စားလှယ် (၃ဝဝ)ကျော် ရဖွယ်ရှိနေပါတယ်။

ဒါပေမယ့် အထက်လွှတ်တော်မှာ စစ်တပ်ရွေးချယ်ခန့်ထားတဲ့ ကိုယ်စားလှယ်ပေါင်း ၂၅ဝ ဦးရှိနေပြီး လွှတ်တော်နှစ်ရပ်ပေါင်းရဲ့ထောက်ခံမဲ ၃၇၆ မဲရရှိမှသာ MFP ပါတီဟာ ဝန်ကြီးချုပ် ခန့်အပ်ကာ အစိုးရဖွဲ့စည်းနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ အထက်လွှတ်တော်ကိုယ်စားလှယ်များက စည်းမျဉ်းခံဘုရင်စနစ်နဲ့ပတ်သက်တဲ့ ဥပဒေတွေကို ပြင်ဆင်ပြောင်းလဲဖို့ကြိုးပမ်းမှုတွေကိုလက်ခံမှာမဟုတ်တဲ့အတွက် MFP ပါတီခေါင်းဆောင် ပီတာလင်ဂျာရိုအမ်ရတ်ကို ဝန်ကြီးချုပ်ဖြစ်လာစေဖို့ ထောက်ခံပေးမှာမဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

အထက်လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ Jadet Inswang (ဂျာဒက်အင်ဆွမ်)က "စည်းမျဉ်းခံဘုရင်စနစ် ပြောင်းလဲမှာကို စိုးရိမ်မိတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ပီတာကို ဝန်ကြီးချုပ်ဖြစ်လာစေဖို့ထောက်ခံမှာမဟုတ်ဘူး။ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူမယ့်သူဟာ နိုင်ငံ နဲ့ တော်ဝင်ထီးနန်းကို ချစ်မြတ်နိုးဖို့ လိုအပ်တယ်" လို့ပြောပါတယ်။

ရွေးကောက်ပွဲမှာမဲတတိယအများဆုံးရထားတဲ့ Bhumjaithai ပါတီကလည်း" ကျွန်တော်တို့ပါတီဟာ ဘုရင်စနစ်ကို ကာကွယ်ရမှာဖြစ်သလို ပြည်သူတွေအကျိုးစီးပွားအတွက် အတိုက်ခံလုပ်စရာရှိတာတွေကို လုပ်သွားဖို့အဆင့်သင့်ရှိနေပါတယ်" လို့ပြောပါတယ်။

အဆိုပါ ပါတီဟာ အောက်လွှတ်တော်ရှိ ကိုယ်စားလှယ်ပေါင်း (၅ဝဝ)အနက် ကိုယ်စားလှယ်ပေါင်း(၇ဝ) ရရှိထားပြီး ဝန်ကြီးချုပ်ရာထူးက အနားယူတော့မယ့် ပရာယွတ်ချန်အိုချာ ပါတီနဲ့ မဟာမိတ်ဖွဲ့စည်းဖို့ စီစဉ်နေပါတယ်။

zawgyi version
ဂျန်ဇက် (NP News) - မေ ၁၈







Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရခိုင်ပြည်နယ်အား ယခုလကုန်၌ လျှပ်စစ်ဓာတ်အားပြန်လည်ရရှိအောင် ဆောင်ရွက်သွားမည်

RELATED POSTS
RECENT POSTS
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved