Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
လက်ရှိချန်ပီယံ ရီရဲလ်မက်ဒရစ်ကို (၁၄)မှတ်ဖြတ်ကာ လက်ကျန်(၄)ပွဲအလိုမှာပဲ လာလီဂါချန်ပီယံဆုကိုရရှိခဲ့တဲ့ ဘာစီလိုနာ

NP News - မေ ၁၅

စပိန်လာလီဂါပြိုင်ပွဲမှာတော့ ဘာစီလိုနာအသင်းက ဒုတိယနေရာက လက်ရှိချန်ပီယံ ရီရဲလ်မက်ဒရစ်ကို (၁၄)မှတ်ဖြတ်ကာ ချန်ပီယံဆုကို ရရှိသွားခဲ့ပြီပဲဖြစ်ပါတယ်။

ဘာစီလိုနာအသင်းရဲ့ ချန်ပီယံဖြစ်စေမယ့် ပွဲစဉ်ကိုတော့ ကတ်တလတ်ဒါဘီပွဲစဉ်ဖြစ်တဲ့ အက်စ်ပန်ညိုအသင်းရဲ့ အိမ်ကွင်းမှာ ကစားခဲ့ရတာဖြစ်ပြီး ဘာစီလိုနာအသင်းက (၄) ဂိုး (၂) ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

အဲဒီပွဲစဉ်မှာတော့ ဘာစီလိုနာအသင်းက လီဝန်ဒေါစကီး၊ ဘယ်လ်ဒေတို့ရဲ့ သွင်းဂိုးတွေနဲ့ ပထမပိုင်းမှာ (၃)ဂိုးပြတ် အနိုင်ရရှိထားပြီး ဒုတိယပိုင်းမှာ ခွန်ဒေးက တစ်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် မိနစ် (၇ဝ)နောက်ပိုင်းမှာတော့ အက်စ်ပန်ညိုအသင်းက (၂) ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။

ကတ်တလန်ဒါဘီဆိုတဲ့အတိုင်း ပွဲအစကတည်းက နှစ်သင်းစလုံး ကြမ်းကြမ်းတမ်းတမ်း ကစားခဲ့ကြပြီး ဘာစီလိုနာအသင်း ဘက်ကတော့ ပွဲအစပိုင်းမှာ အနည်းငယ်ဖိအားဝင်ခဲ့ပေမယ့် ပွဲချိန်ကြာလာတာနဲ့အမျှ ပွဲကို တစ်ဖက်သတ်ဖိကစားလာနိုင်ခဲ့တာကို တွေ့ရပါတယ်။

လူငယ်ကစားသမား အယ်လ်လက်ဟန်ဒရို ဘယ်လ်ဒေကတော့ ပက်ဒရီရဲ့ ဖန်တီးပေးမှုကနေတစ်ဆင့် စီနီယာကစားသမားဘဝ ပထမဦးဆုံးဂိုးကို စတင်သွင်းယူနိုင်ခဲ့ပြီး လီဝန်ဒေါစကီးရဲ့ ဦးဆောင်ဂိုးကိုလည်း သူကပဲ ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။

ပွဲပြီးချိန်မှာတော့ ဘာစီလိုနာ အသင်းသားတွေဟာ ကွင်းထဲမှာ အောင်ပွဲခံခဲ့ကြတာကို တွေ့ရပါတယ်။ ဒါပေမယ့်လည်း အိမ်ရှင် အက်စ်ပန်ညို ပရိသတ်တွေဟာ ဘာစီလိုနာ ကစားသမားတွေကို အရာဝတ္ထုတွေ နဲ့ ပစ်ပေါက်ပြီး ကွင်းထဲထိဆင်းကာ ရန်ပြုဖို့ကြိုးစားခဲ့တာကြောင့် အဝတ်လဲခန်းအတွင်းကို အပြေးဝင်သွားခဲ့ကြရပါတယ်။

အက်စ်ပန်ညို နဲ့ ဘာစီလိုနာတို့ဟာ ကတ်တလန် ဒေသခံ ကလပ်တွေဖြစ်ကြပြီး သူတို့ နှစ်သင်းကစားတဲ့ ကတ်တလန်ဒါဘီဟာ ပြိုင်ဆိုင်မှုပြင်းထန်ပါတယ် ။

ပုံမှန်အားဖြင့်တော့ လာလီဂါဖလားကို အဲဒီပွဲစဉ်အပြီးမှာပေးဖို့ စီစဉ်ထားတာမျိုးဖြစ်ပေမယ့် ဘာစီလိုနာအသင်းဘက်ကတော့ လာမယ့်အပတ် ဆိုစီဒက်နဲ့အိမ်ကွင်းပွဲစဉ်မှသာ လာလီဂါဖလားကို ပရိတ်သတ်တွေနဲ့အတူ အောင်ပွဲခံဖို့ လက်ခံရယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဘာစီလိုနာအသင်းဟာ ၂ဝ၂၂/၂ဝ၂၃ ခုနှစ် လာလီဂါဖလားကို ပင်နယ်တီသွင်းဂိုးတစ်ဂိုးမှမပါပဲ ရရှိခဲ့တာဖြစ်ပြီး အသင်းသမိုင်းတစ်လျှောက် လာလီဂါချန်ပီယံဆုကို (၂၇)ကြိမ်မြောက်ရရှိခဲ့ကာ လက်ရှိမှာ(၄)နှစ်ကြာမှ တစ်ကျော့ပြန်ရရှိခြင်းဖြစ်သည်။

zawgyi version
လက္ရွိခ်န္ပီယံ ရီရဲလ္မက္ဒရစ္ကို (၁၄)မွတ္ျဖတ္ကာ လက္က်န္(၄)ပြဲအလိုမွာပဲ လာလီဂါခ်န္ပီယံဆုကို ရရွိခဲ့တဲ့ ဘာစီလိုနာ

NP News - ေမ ၁၅

စပိန္လာလီဂါၿပိဳင္ပြဲမွာေတာ့ ဘာစီလိုနာအသင္းက ဒုတိယေနရာက လက္ရွိခ်န္ပီယံ ရီရဲလ္မက္ဒရစ္ကို (၁၄)မွတ္ျဖတ္ကာ ခ်န္ပီယံဆုကို ရရွိသြားခဲ့ၿပီပဲျဖစ္ပါတယ္။

ဘာစီလိုနာအသင္းရဲ႕ ခ်န္ပီယံျဖစ္ေစမယ့္ ပြဲစဥ္ကိုေတာ့ ကတ္တလတ္ဒါဘီပြဲစဥ္ျဖစ္တဲ့ အက္စ္ပန္ညိဳအသင္းရဲ႕ အိမ္ကြင္းမွာ ကစားခဲ့ရတာျဖစ္ၿပီး ဘာစီလိုနာအသင္းက (၄) ဂိုး (၂) ဂိုးနဲ႔ အႏိုင္ရရွိသြားခဲ့ပါတယ္။

အဲဒီပြဲစဥ္မွာေတာ့ ဘာစီလိုနာအသင္းက လီဝန္ေဒါစကီး၊ ဘယ္လ္ေဒတို႔ရဲ႕ သြင္းဂိုးေတြနဲ႔ ပထမပိုင္းမွာ (၃)ဂိုးျပတ္ အႏိုင္ရရွိထားၿပီး ဒုတိယပိုင္းမွာ ခြန္ေဒးက တစ္ဂိုးသြင္းယူေပးခဲ့ပါတယ္။ ဒါေပမယ့္ မိနစ္ (၇ဝ)ေနာက္ပိုင္းမွာေတာ့ အက္စ္ပန္ညိဳအသင္းက (၂) ဂိုး ျပန္လည္သြင္းယူႏိုင္ခဲ့ပါတယ္။

ကတ္တလန္ဒါဘီဆိုတဲ့အတိုင္း ပြဲအစကတည္းက ႏွစ္သင္းစလုံး ၾကမ္းၾကမ္းတမ္းတမ္း ကစားခဲ့ၾကၿပီး ဘာစီလိုနာအသင္း ဘက္ကေတာ့ ပြဲအစပိုင္းမွာ အနည္းငယ္ဖိအားဝင္ခဲ့ေပမယ့္ ပြဲခ်ိန္ၾကာလာတာနဲ႔အမွ် ပြဲကို တစ္ဖက္သတ္ဖိကစားလာႏိုင္ခဲ့တာကို ေတြ႕ရပါတယ္။

လူငယ္ကစားသမား အယ္လ္လက္ဟန္ဒ႐ို ဘယ္လ္ေဒကေတာ့ ပက္ဒရီရဲ႕ ဖန္တီးေပးမႈကေနတစ္ဆင့္ စီနီယာကစားသမားဘဝ ပထမဦးဆုံးဂိုးကို စတင္သြင္းယူႏိုင္ခဲ့ၿပီး လီဝန္ေဒါစကီးရဲ႕ ဦးေဆာင္ဂိုးကိုလည္း သူကပဲ ဖန္တီးေပးခဲ့တာ ျဖစ္ပါတယ္။

ပြဲၿပီးခ်ိန္မွာေတာ့ ဘာစီလိုနာ အသင္းသားေတြဟာ ကြင္းထဲမွာ ေအာင္ပြဲခံခဲ့ၾကတာကို ေတြ႕ရပါတယ္။ ဒါေပမယ့္လည္း အိမ္ရွင္ အက္စ္ပန္ညိဳ ပရိသတ္ေတြဟာ ဘာစီလိုနာ ကစားသမားေတြကို အရာဝတၳဳေတြ နဲ႔ ပစ္ေပါက္ၿပီး ကြင္းထဲထိဆင္းကာ ရန္ျပဳဖို႔ႀကိဳးစားခဲ့တာေၾကာင့္ အဝတ္လဲခန္းအတြင္းကို အေျပးဝင္သြားခဲ့ၾကရပါတယ္။

အက္စ္ပန္ညိဳ နဲ႔ ဘာစီလိုနာတို႔ဟာ ကတ္တလန္ ေဒသခံ ကလပ္ေတြျဖစ္ၾကၿပီး သူတို႔ ႏွစ္သင္းကစားတဲ့ ကတ္တလန္ဒါဘီဟာ ၿပိဳင္ဆိုင္မႈျပင္းထန္ပါတယ္ ။

ပုံမွန္အားျဖင့္ေတာ့ လာလီဂါဖလားကို အဲဒီပြဲစဥ္အၿပီးမွာေပးဖို႔ စီစဥ္ထားတာမ်ိဳးျဖစ္ေပမယ့္ ဘာစီလိုနာအသင္းဘက္ကေတာ့ လာမယ့္အပတ္ ဆိုစီဒက္နဲ႔အိမ္ကြင္းပြဲစဥ္မွသာ လာလီဂါဖလားကို ပရိတ္သတ္ေတြနဲ႔အတူ ေအာင္ပြဲခံဖို႔ လက္ခံရယူသြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။

ဘာစီလိုနာအသင္းဟာ ၂ဝ၂၂/၂ဝ၂၃ ခုႏွစ္ လာလီဂါဖလားကို ပင္နယ္တီသြင္းဂိုးတစ္ဂိုးမွမပါပဲ ရရွိခဲ့တာျဖစ္ၿပီး အသင္းသမိုင္းတစ္ေလွ်ာက္ လာလီဂါခ်န္ပီယံဆုကို (၂၇)ႀကိမ္ေျမာက္ရရွိခဲ့ကာ လက္ရွိမွာ(၄)ႏွစ္ၾကာမွ တစ္ေက်ာ့ျပန္ရရွိျခင္းျဖစ္သည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဆီးဂိမ်း Mobile Legend ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု falcon eSports အသင်းက ကြေးတံဆိပ်ဆုရရှိ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved