Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ကြောင့် ပျက်စီးမှုရှိခဲ့သော စစ်တွေအပါအဝင် (၁၇)မြို့နယ်ကို သဘာဝဘေးကျရောက်သောဒေသများအဖြစ် SAC ဥက္ကဋ္ဌ ကြေညာ

မျိုးကြီး (NP News) - မေ ၁၅

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ကြောင့် ထိခိုက်ပျက်စီးမှုများရှိခဲ့သော ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့နယ်အပါအဝင် (၁၇)မြို့နယ်ကို သဘာဝဘေးကျရောက်သောဒေသများအဖြစ် နစကဥက္ကဋ္ဌက ကြေညာလိုက်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့(မေလ ၁၅ ရက်)နံနက်ပိုင်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၁၁ အရ အထက်ပါကဲ့သို့ ကြေညာလိုက်ခြင်းဖြစ်သည်။

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)သည် မေလ ၁၄ ရက်တွင် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းဒေသများကို စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ကြောင်း နစကဥက္ကဋ္ဌက ဆိုထား သည်။

အဆိုပါမုန်တိုင်းဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ်ရှိ မြို့နယ်ပေါင်း (၁၇)ခုလုံးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများအဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကြေညာလိုက်သည်။

ထိုသို့ ကြေညာလိုက်သည့် ဒေသများမှာ ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ၊ အမ်း၊ စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ တောင်ကုတ်၊ သံတွဲ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနှင့် မြေပုံမြို့နယ်တို့ ဖြစ်ကြောင်း သိရသည်။

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ကြောင့် စစ်တွေမြို့ပေါ်ရှိ လူနေအိမ်နှင့် အဆောက်အအုံပေါင်းများစွာ ထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး လက်ရှိတွင် လမ်းမများ၌ သစ်ပင်များပြိုလဲမှုနှင့် သစ်ကိုင်းများ ကျိုးကျမှုများကြောင့် လမ်းများပိတ်ဆို့လျက်ရှိကြောင်း ဒေသခံတစ်ဦးက NP News ကို ပြောသည်။

“အပျက်အစီးတွေကတော့ များပါတယ်။ မြို့တစ်ခုနီးပါပဲ။ အခုတော့ စစ်တွေမြို့ပေါ်မှာ အပျက်အစီးတွေကို ရှင်းနေကြတယ်။ နောက်ပျက်စီးသွားတဲ့ အိမ်တွေကို ပြန်ပြင်နေကြတာတွေ့တယ်။ လျှပ်စစ်မီးလည်း မရတော့ဘူး။ လမ်းတွေလည်း ပိတ်နေတယ်။ လူအများစုကတော့ ကယ်ဆယ်ရေးနေရာတွေ၊ ဘုန်းကြီး ကျောင်းတွေမှာပဲ ရှိနေကြသေးတယ်။ ကောင်းကင်မှာတော့ စစ်တပ်က လေယာဉ်တွေ ပျံနေတာတော့ တွေ့တယ်။ ဖုန်းလိုင်းတွေကတော့ အခုမှပြန်ရတယ်။ အဲဒါတောင်မှ MPT ပဲရသေးတယ်” ဟု စစ်တွေမြို့ခံတစ်ဦးက ပြောသည်။

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)သည် ရခိုင်ပြည်နယ်သို့ ဖြတ်ကျော်ဝင်ရောက်စဉ်အချိန်တွင် လေပြင်းထန်စွာ တိုက်ခတ်မှုနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ရေကြီးရေလျှံများဖြစ်ပေါ်ခဲ့ပြီး လူထိခိုက်သေဆုံးမှုအချို့ ရှိခဲ့ကြောင်းလည်း သိရှိရသည်။

zawgyi version
ဆိုင္ကလုန္းမုန္တိုင္း(မိုခါ)ေၾကာင့္ ပ်က္စီးမႈရွိခဲ့ေသာ စစ္ေတြအပါအဝင္ (၁၇)ၿမိဳ႕နယ္ကို သဘာဝေဘးက်ေရာက္ေသာေဒသမ်ားအျဖစ္ SAC ဥကၠ႒ ေၾကညာ

မ်ိဳးႀကီး (NP News) - ေမ ၁၅

ဆိုင္ကလုန္းမုန္တိုင္း(မိုခါ)ေၾကာင့္ ထိခိုက္ပ်က္စီးမႈမ်ားရွိခဲ့ေသာ ရခိုင္ျပည္နယ္ရွိ စစ္ေတြၿမိဳ႕နယ္အပါအဝင္ (၁၇)ၿမိဳ႕နယ္ကို သဘာဝေဘးက်ေရာက္ေသာေဒသမ်ားအျဖစ္ နစကဥကၠ႒က ေၾကညာလိုက္သည္။

ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္သည္ ယေန႔(ေမလ ၁၅ ရက္)နံနက္ပိုင္းတြင္ သဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈဥပေဒ ပုဒ္မ ၁၁ အရ အထက္ပါကဲ့သို႔ ေၾကညာလိုက္ျခင္းျဖစ္သည္။

အလြန႔္အလြန္အားေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္း(မိုခါ)သည္ ေမလ ၁၄ ရက္တြင္ ျမန္မာႏိုင္ငံ၊ ရခိုင္ကမ္း႐ိုးတန္းေဒသမ်ားကို စစ္ေတြၿမိဳ႕အနီးမွ ျဖတ္ေက်ာ္ဝင္ေရာက္ခဲ့ေၾကာင္း နစကဥကၠ႒က ဆိုထား သည္။

အဆိုပါမုန္တိုင္းျဖတ္သန္းတိုက္ခတ္မႈေၾကာင့္ ထိခိုက္ပ်က္စီးဆုံးရႈံးမႈမ်ား ျဖစ္ေပၚခဲ့သည့္ ရခိုင္ျပည္နယ္ရွိ ၿမိဳ႕နယ္ေပါင္း (၁၇)ခုလုံးကို သဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈ ဥပေဒပုဒ္မ ၁၁ အရ သဘာဝေဘးအႏၲရာယ္က်ေရာက္ေသာေဒသမ်ားအျဖစ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေၾကညာလိုက္သည္။

ထိုသို႔ ေၾကညာလိုက္သည့္ ေဒသမ်ားမွာ ရခိုင္ျပည္နယ္ရွိ ေက်ာက္ျဖဴ၊ မာန္ေအာင္၊ ရမ္းၿဗဲ၊ အမ္း၊ စစ္ေတြ၊ ေပါက္ေတာ၊ ပုဏၰားကြၽန္း၊ ရေသ့ေတာင္၊ ဂြ၊ ေတာင္ကုတ္၊ သံတြဲ၊ ေမာင္ေတာ၊ ဘူးသီးေတာင္၊ ေက်ာက္ေတာ္၊ မင္းျပား၊ ေျမာက္ဦးႏွင့္ ေျမပုံၿမိဳ႕နယ္တို႔ ျဖစ္ေၾကာင္း သိရသည္။

ဆိုင္ကလုန္းမုန္တိုင္း(မိုခါ)ေၾကာင့္ စစ္ေတြၿမိဳ႕ေပၚရွိ လူေနအိမ္ႏွင့္ အေဆာက္အအုံေပါင္းမ်ားစြာ ထိခိုက္ပ်က္စီးမႈမ်ားရွိခဲ့ၿပီး လက္ရွိတြင္ လမ္းမမ်ား၌ သစ္ပင္မ်ားၿပိဳလဲမႈႏွင့္ သစ္ကိုင္းမ်ား က်ိဳးက်မႈမ်ားေၾကာင့္ လမ္းမ်ားပိတ္ဆို႔လ်က္ရွိေၾကာင္း ေဒသခံတစ္ဦးက NP News ကို ေျပာသည္။

“အပ်က္အစီးေတြကေတာ့ မ်ားပါတယ္။ ၿမိဳ႕တစ္ခုနီးပါပဲ။ အခုေတာ့ စစ္ေတြၿမိဳ႕ေပၚမွာ အပ်က္အစီးေတြကို ရွင္းေနၾကတယ္။ ေနာက္ပ်က္စီးသြားတဲ့ အိမ္ေတြကို ျပန္ျပင္ေနၾကတာေတြ႕တယ္။ လွ်ပ္စစ္မီးလည္း မရေတာ့ဘူး။ လမ္းေတြလည္း ပိတ္ေနတယ္။ လူအမ်ားစုကေတာ့ ကယ္ဆယ္ေရးေနရာေတြ၊ ဘုန္းႀကီး ေက်ာင္းေတြမွာပဲ ရွိေနၾကေသးတယ္။ ေကာင္းကင္မွာေတာ့ စစ္တပ္က ေလယာဥ္ေတြ ပ်ံေနတာေတာ့ ေတြ႕တယ္။ ဖုန္းလိုင္းေတြကေတာ့ အခုမွျပန္ရတယ္။ အဲဒါေတာင္မွ MPT ပဲရေသးတယ္” ဟု စစ္ေတြၿမိဳ႕ခံတစ္ဦးက ေျပာသည္။

ဆိုင္ကလုန္းမုန္တိုင္း(မိုခါ)သည္ ရခိုင္ျပည္နယ္သို႔ ျဖတ္ေက်ာ္ဝင္ေရာက္စဥ္အခ်ိန္တြင္ ေလျပင္းထန္စြာ တိုက္ခတ္မႈႏွင့္အတူ မိုးသည္းထန္စြာ ႐ြာသြန္းျခင္း၊ ေရႀကီးေရလွ်ံမ်ားျဖစ္ေပၚခဲ့ၿပီး လူထိခိုက္ေသဆုံးမႈအခ်ိဳ႕ ရွိခဲ့ေၾကာင္းလည္း သိရွိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရုရှားနဲ့စစ်ဖြစ်နေတဲ့အတွက် ရွေးကောက်ပွဲကိုအစီအစဉ်အတိုင်းကျင်းပနိုင်မှာမဟုတ်ကြောင်း ယူကရိန်းသမ္မတဇီလန်စကီးပြော

RELATED POSTS
RECENT POSTS
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved