လက်ရှိအချိန်က မြန်မာပြည်သူများအတွက် ခက်ခဲတဲ့အချိန်ဖြစ်နေပြီး ကူညီထောက်ပံ့ပေးမှုများ ပိုမိုလုပ်ဆောင်စေလိုကြောင်း ကုလသမဂ္ဂတိုက်တွန်းတောင်းဆို
ဂျန်ဇက် (NP News) - မေ ၁၄
လက်ရှိအချိန်ဟာ မြန်မာပြည်သူများအတွက် ခက်ခဲတဲ့အချိန်ဖြစ်နေပြီး ကူညီထောက်ပံ့မှုများကို ပိုမိုလုပ်ဆောင်ပေးစေလိုကြောင်း အလှူရှင်နိုင်ငံတွေကို UN Resident and Humanitarian Coordinator အဖွဲ့ရဲ့ဌာနကိုယ်စားလှယ်က တိုက်တွန်းတောင်းဆိုလိုက်ကြောင်းသိရပါတယ်။
မိုခါမုန်တိုင်းဟာ ရခိုင်ပြည်နယ်နဲ့အနီးအနားဒေသ ပတ်ဝန်းကျင်ဒေသများကို ဖြတ်သန်းဝင်ရောက်နေပြီး မုန်တိုင်းဝင်ရောက်ပြီးချိန်မှာ မုန်တိုင်းဒဏ်ခံရသူများကို ကူညီပေးဖို့ အဆင့်သင့်ရှိနေကြောင်း ကုလသမဂ္ဂရဲ့လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးအဖွဲ့အစည်းများက ပြောပါတယ်။ UN Resident and Humanitarian Coordinator ရာမာနာသန် ဘလာကရစ်ချ်နန်က "ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ပြီးချိန်မှာ လူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်နေသူတွေကို အကူညီပေးနိုင်အောင် ဘယ်သူ့ကိုမှ ချန်မထားဖို့ ရန်ပုံငွေက အရေးကြီးလိုအပ်နေတယ်။ နိုင်ငံတဝှမ်းမှာဖြစ်ပွားနေတဲ့ အခြား အကျပ်အတည်းများကြောင့် လူသားချင်းဆိုင်ရာ စာနာမှုအကူအညီလိုအပ်နေသူ ၁၇ ဒသမ ၆ သန်းကို တုံ့ပြန်ကူညီပေးထားနိုင်တယ်။ လက်ရှိအချိန်ဟာ မြန်မပြည်သူများအတွက် ခက်ခဲတဲ့အချိန်ဖြစ်နေပြီး မြန်မာပြည်သူတွေကိုကူညီထောက်ပံ့ပေးဖို့ အလှူရှင်နိုင်ငံတွေကို တိုက်တွန်းပါတယ်"လို့ ပြောပါတယ်။
မုန်တိုင်းနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုတွေကိုအရာရာတိုင်းလုပ်ဆောင်လျက်ရှိနေရာ မိုခါမုန်တိုင်းဖြတ်သန်းတိုက်ခိုက်ပြီးချိန်မှာ တုံ့ပြန်မှုတွေလုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ မုန်တိုင်းဒဏ်ခံပြည်သူများကို ကူညီဖို့ နဲ့ ရန်ပုံငွေ တိုးမြင့်ရရှိရေးတို့က အဓိကအရေးကြီးကြောင်း ၎င်းကပြောပါတယ်။ လူသားချင်းဆိုင်ရာစာနာမှုအကူအညီများလိုအပ်မှုတွေရှိနေတဲ့နေရာတွေကို မိုခါဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်မှုက အိမ်မက်ဆိုးတွေဖြစ်လာစေခဲ့ပြီး မုန်တိုင်းက ထိခိုက်လွယ်သူများကို ပိုမိုခက်ခဲလာနိုင်ဖွယ်ရှိနေကြောင်း ၎င်းကပြောပါတယ်။
zawgyi version
လက္ရွိအခ်ိန္က ျမန္မာျပည္သူမ်ားအတြက္ ခက္ခဲတဲ့အခ်ိန္ျဖစ္ေနၿပီး ကူညီေထာက္ပံ့ေပးမႈမ်ား ပိုမိုလုပ္ေဆာင္ေစလိုေၾကာင္း ကုလသမဂၢတိုက္တြန္းေတာင္းဆို
ဂ်န္ဇက္ (NP News) - ေမ ၁၄
လက္ရွိအခ်ိန္ဟာ ျမန္မာျပည္သူမ်ားအတြက္ ခက္ခဲတဲ့အခ်ိန္ျဖစ္ေနၿပီး ကူညီေထာက္ပံ့မႈမ်ားကို ပိုမိုလုပ္ေဆာင္ေပးေစလိုေၾကာင္း အလႉရွင္ႏိုင္ငံေတြကို UN Resident and Humanitarian Coordinator အဖြဲ႕ရဲ႕ဌာနကိုယ္စားလွယ္က တိုက္တြန္းေတာင္းဆိုလိုက္ေၾကာင္းသိရပါတယ္။
မိုခါမုန္တိုင္းဟာ ရခိုင္ျပည္နယ္နဲ႔အနီးအနားေဒသ ပတ္ဝန္းက်င္ေဒသမ်ားကို ျဖတ္သန္းဝင္ေရာက္ေနၿပီး မုန္တိုင္းဝင္ေရာက္ၿပီးခ်ိန္မွာ မုန္တိုင္းဒဏ္ခံရသူမ်ားကို ကူညီေပးဖို႔ အဆင့္သင့္ရွိေနေၾကာင္း ကုလသမဂၢရဲ႕လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေပးေရးအဖြဲ႕အစည္းမ်ားက ေျပာပါတယ္။ UN Resident and Humanitarian Coordinator ရာမာနာသန္ ဘလာကရစ္ခ်္နန္က "ဆိုင္ကလုန္းမုန္တိုင္းတိုက္ခတ္ၿပီးခ်ိန္မွာ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီလိုအပ္ေနသူေတြကို အကူညီေပးႏိုင္ေအာင္ ဘယ္သူ႔ကိုမွ ခ်န္မထားဖို႔ ရန္ပုံေငြက အေရးႀကီးလိုအပ္ေနတယ္။ ႏိုင္ငံတဝွမ္းမွာျဖစ္ပြားေနတဲ့ အျခား အက်ပ္အတည္းမ်ားေၾကာင့္ လူသားခ်င္းဆိုင္ရာ စာနာမႈအကူအညီလိုအပ္ေနသူ ၁၇ ဒသမ ၆ သန္းကို တုံ႔ျပန္ကူညီေပးထားႏိုင္တယ္။ လက္ရွိအခ်ိန္ဟာ ျမန္မျပည္သူမ်ားအတြက္ ခက္ခဲတဲ့အခ်ိန္ျဖစ္ေနၿပီး ျမန္မာျပည္သူေတြကိုကူညီေထာက္ပံ့ေပးဖို႔ အလႉရွင္ႏိုင္ငံေတြကို တိုက္တြန္းပါတယ္"လို႔ ေျပာပါတယ္။
မုန္တိုင္းနဲ႔ပတ္သက္ၿပီး ႀကိဳတင္ျပင္ဆင္မႈေတြကိုအရာရာတိုင္းလုပ္ေဆာင္လ်က္ရွိေနရာ မိုခါမုန္တိုင္းျဖတ္သန္းတိုက္ခိုက္ၿပီးခ်ိန္မွာ တုံ႔ျပန္မႈေတြလုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း၊ မုန္တိုင္းဒဏ္ခံျပည္သူမ်ားကို ကူညီဖို႔ နဲ႔ ရန္ပုံေငြ တိုးျမင့္ရရွိေရးတို႔က အဓိကအေရးႀကီးေၾကာင္း ၎ကေျပာပါတယ္။ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီမ်ားလိုအပ္မႈေတြရွိေနတဲ့ေနရာေတြကို မိုခါဆိုင္ကလုန္းမုန္တိုင္း ဝင္ေရာက္မႈက အိမ္မက္ဆိုးေတြျဖစ္လာေစခဲ့ၿပီး မုန္တိုင္းက ထိခိုက္လြယ္သူမ်ားကို ပိုမိုခက္ခဲလာႏိုင္ဖြယ္ရွိေနေၾကာင္း ၎ကေျပာပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဗြိတိန်ဘုရင်၏သရဖူတွင် တပ်ဆင်ထားသော စိန်အပါအဝင် အခြားရတနာများကို ပြန်လည်တောင်းဆိုမည်ဟု အိန္ဒိယဝန်ကြီးချုပ်ပြော
RELATED POSTS
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း
29 Sep 2024 | လူမှုရေး,ပြည်တွင်း