Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)သည် ရခိုင်ပြည်နယ်သို့ စတင်ဖြတ်ကျော်ဝင်ရောက်ချိန်၌ လူ(၁)ဦးသေဆုံးခဲ့ပြီး လူနေအိမ်၊ အဆောက်အအုံများ ထိခိုက်ပျက်စီးမှုရှိနေ

NP News - မေ ၁၄

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)သည် ရခိုင်ပြည်နယ်သို့ စတင်ဖြတ်ကျော်ဝင်ရောက်ချိန်၌ လူ(၁)ဦး သေဆုံးခဲ့ပြီး လူနေအိမ်နှင့် အဆောက်အအုံများပါ ထိခိုက်ပျက်စီးမှုများရှိနေကြောင်း သတင်းရရှိသည်။

လက်ရှိတွင် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးမှ စတင်ဖြတ်ကျော်ဝင်ရောက်လျက်ရှိသည့်အတွက် အညိုရောင်အဆင့်အဖြစ် သတ်မှတ်ကာ မိုးဇလမှ သတိပေးကြေညာထားသည်။

ထိုသို့ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) စတင်ဝင်ရောက်ချိန် ယနေ့(မေလ ၁၄ ရက်)၊ နံနက် ၁၁ နာရီအချိန်ခန့်တွင် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ကြိုးကြာကွင်းကျေးရွာအုပ်စု၊ စလူကျေးရွာ၌ သစ်ပင်ပြိုလဲမှုကြောင့် လူငယ်အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက NP News ကို ပြောသည်။

၎င်းကဲ့သို့ သေဆုံးခဲ့သော အမျိုးသားမှာ ကိုနေလင်းအောင် ဆိုသူဖြစ်ပြီး အသက်မှာ (၂ဝ)ခန့်သာရှိသေးကြောင်း ဒေသခံများက ပြောဆိုထားသည်။

ထို့ပြင် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)၏ အရှိန်ကြောင့် ယနေ့ နံနက်အစောပိုင်းတွင် ကျောက်ဖြူမြို့နယ်၊ ပြင်ဖြူမော်ရပ်ကွက်ရှိ ဒီရေတောအတွင်းရပ်ထားသော စက်လှေ(၅)စီးနှင့် ကျူးကျော်တဲ (၅)လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများက ဆက်လက်ပြောဆိုထားသည်။

ဆက်လက်ပြီး ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ရှိ၊ ရွှေဥကွင်းရွာ၌ မုန်တိုင်း၏အရှိန်ကြောင့် လူနေအိမ်(၈)လုံး ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

အလားတူ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)၏ အရှိန်ကြောင့် ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ သံတွဲလေဆိပ်တွင်လည်း ထိခိုက်ပျက်စီးမှု အနည်းအငယ်ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် NP News မှ ထပ်မံသိရှိရသည့်သတင်းအချက်အလက်များအရ စစ်တွေမြို့ရှိ ဆက်သွယ်ရေးတာဝါတိုင်သည် ယနေ့ နေ့လည် (၁၂)နာရီအချိန်ခန့်တွင် ပြိုလဲပျက်စီးသွားခဲ့ကြောင်း သိရသည်။

zawgyi version
ဆိုင္ကလုန္းမုန္တိုင္း(မိုခါ)သည္ ရခိုင္ျပည္နယ္သို႔ စတင္ျဖတ္ေက်ာ္ဝင္ေရာက္ခ်ိန္၌ လူ(၁)ဦးေသဆုံးခဲ့ၿပီး လူေနအိမ္၊ အေဆာက္အအုံမ်ား ထိခိုက္ပ်က္စီးမႈရွိေန

NP News - ေမ ၁၄

ဆိုင္ကလုန္းမုန္တိုင္း(မိုခါ)သည္ ရခိုင္ျပည္နယ္သို႔ စတင္ျဖတ္ေက်ာ္ဝင္ေရာက္ခ်ိန္၌ လူ(၁)ဦး ေသဆုံးခဲ့ၿပီး လူေနအိမ္ႏွင့္ အေဆာက္အအုံမ်ားပါ ထိခိုက္ပ်က္စီးမႈမ်ားရွိေနေၾကာင္း သတင္းရရွိသည္။

လက္ရွိတြင္ အလြန႔္အလြန္အားေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္း(မိုခါ)သည္ ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕အနီးမွ စတင္ျဖတ္ေက်ာ္ဝင္ေရာက္လ်က္ရွိသည့္အတြက္ အညိဳေရာင္အဆင့္အျဖစ္ သတ္မွတ္ကာ မိုးဇလမွ သတိေပးေၾကညာထားသည္။

ထိုသို႔ ဆိုင္ကလုန္းမုန္တိုင္း(မိုခါ) စတင္ဝင္ေရာက္ခ်ိန္ ယေန႔(ေမလ ၁၄ ရက္)၊ နံနက္ ၁၁ နာရီအခ်ိန္ခန႔္တြင္ ရခိုင္ျပည္နယ္၊ ေတာင္ကုတ္ၿမိဳ႕နယ္၊ ႀကိဳးၾကာကြင္းေက်း႐ြာအုပ္စု၊ စလူေက်း႐ြာ၌ သစ္ပင္ၿပိဳလဲမႈေၾကာင့္ လူငယ္အမ်ိဳးသားတစ္ဦး ေသဆုံးခဲ့ေၾကာင္း ေဒသခံမ်ားက NP News ကို ေျပာသည္။

၎ကဲ့သို႔ ေသဆုံးခဲ့ေသာ အမ်ိဳးသားမွာ ကိုေနလင္းေအာင္ ဆိုသူျဖစ္ၿပီး အသက္မွာ (၂ဝ)ခန႔္သာရွိေသးေၾကာင္း ေဒသခံမ်ားက ေျပာဆိုထားသည္။

ထို႔ျပင္ ဆိုင္ကလုန္းမုန္တိုင္း(မိုခါ)၏ အရွိန္ေၾကာင့္ ယေန႔ နံနက္အေစာပိုင္းတြင္ ေက်ာက္ျဖဴၿမိဳ႕နယ္၊ ျပင္ျဖဴေမာ္ရပ္ကြက္ရွိ ဒီေရေတာအတြင္းရပ္ထားေသာ စက္ေလွ(၅)စီးႏွင့္ က်ဴးေက်ာ္တဲ (၅)လုံး ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း ေဒသခံမ်ားက ဆက္လက္ေျပာဆိုထားသည္။

ဆက္လက္ၿပီး ရခိုင္ျပည္နယ္၊ ဂြၿမိဳ႕နယ္ရွိ၊ ေ႐ႊဥကြင္း႐ြာ၌ မုန္တိုင္း၏အရွိန္ေၾကာင့္ လူေနအိမ္(၈)လုံး ထိခိုက္ပ်က္စီးမႈမ်ားရွိခဲ့ေၾကာင္း သိရသည္။

အလားတူ ဆိုင္ကလုန္းမုန္တိုင္း(မိုခါ)၏ အရွိန္ေၾကာင့္ ရခိုင္ျပည္နယ္၊ သံတြဲၿမိဳ႕ရွိ သံတြဲေလဆိပ္တြင္လည္း ထိခိုက္ပ်က္စီးမႈ အနည္းအငယ္ျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ NP News မွ ထပ္မံသိရွိရသည့္သတင္းအခ်က္အလက္မ်ားအရ စစ္ေတြၿမိဳ႕ရွိ ဆက္သြယ္ေရးတာဝါတိုင္သည္ ယေန႔ ေန႔လည္ (၁၂)နာရီအခ်ိန္ခန႔္တြင္ ၿပိဳလဲပ်က္စီးသြားခဲ့ေၾကာင္း သိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အစ္စရေး နဲ့ ဂါဇာဒေသရှိ ဂျီဟတ်စစ်သွေးကြွအဖွဲ့ကြား အပစ်ခတ်ရပ်စဲဖို့ သဘောတူ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved