Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစ္စရေး နဲ့ ဂါဇာဒေသရှိ ဂျီဟတ်စစ်သွေးကြွအဖွဲ့ကြား အပစ်ခတ်ရပ်စဲဖို့ သဘောတူ

ဂျန်ဇက် (NP News) - မေ ၁၄

အစ္စရေးနဲ့ ဂါဇာကမ်းမြောင်ဒေသရှိ စစ်သွေးကြွအဖွဲ့ဖြစ်တဲ့ အစ္စလာမ်မစ် ဂျီဟတ်စစ်သွေးကြွအဖွဲ့ဟာ အီဂျစ်နိုင်ငံရဲ့ကြားဝင်စေ့စပ်ပေးမှုများကြောင့် ငါးရက်ကြာတိုက်ခိုက်မှုများကို ရပ်တန့်ပြီး အပစ်ခတ်ရပ်စဲဖို့ သဘောတူညီခဲ့ကြောင်း သိရပါတယ်။

အစ္စရေးတပ်ဖွဲ့များ နဲ့ စစ်သွေးကြွအုပ်စုများ တိုက်ခိုက်မှုများကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းမှာပါလက်စတိုင်း (၃၃)ဦးသေဆုံးခဲ့သလို အစ္စရေးနှစ်ဦး သေဆုံးခဲ့ရကြောင်းသိရပါတယ်။ အစ္စရေးနဲ့ ဂျီဟတ်စစ်သွေးကြွအဖွဲ့ကြား အပစ်ခတ်ရပ်စဲရေးဟာ မေလ ၁၄ ရက် ည ၁ဝ နာရီမှာစတင်သက်ရောက်မှာဖြစ်ကြောင်းသိရပါတယ်။ စစ်သွေးကြွအုပ်စုတွေဟာ အစ္စရေးနိုင်ငံဘက်ခြမ်းကို ဒုံးကျည်ရော့ကဒ်များနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးကလေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ဆောင်လာခဲ့ရာ စစ်သွေးကြွအုပ်စု ထိပ်တန်းခေါင်းဆောင်များလည်း သေဆုံးခဲ့ရကြောင်းသိရပါတယ်။

အစ္စရေးတပ်ဖွဲ့များနဲ့ စစ်သွေးကြွအုပ်စုများ ကြားဖြစ်ပွားတဲ့တိုက်ပွဲများကြောင့်လူပေါင်း (၂)သန်းကျော်ကိုဘေးလွှတ်ရာကိုရွှေ့ပြောင်းပေးခဲ့ရကြောင်းသိရပါတယ်။ ဂါဇာဒေသရှိ စစ်သွေးကြွအဖွဲ့ပြောရေးဆိုခွင့် ရှိသူက အစ္စရေးဟာ စစ်သွေးကြွအုပ်စုခေါင်းဆောင်တွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ မူဝါဒတွေကို လက်ရှိအချိန်မှာရပ်တန့်ထားဖို့သဘောတူညီခဲ့ကြောင်းပြောပါတယ်။ အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုရဲ့ လုံခြုံရေးအကြံပေးဖြစ်သူ Tzachi Nanegbi က လက်ရှိအချိန်မှာအခြေအနေများ တည်ငြိမ်နေပေမယ့်အစ္စရေးနိုင်ငံကို ကာကွယ်ဖို့ လိုအပ်တဲ့အရာရာတိုင်းကို လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောပါတယ်။

အစ္စရေးနဲ့ စစ်သွေးကြွအုပ်စုကြား အပစ်ခတ်ရပ်စဲထားပေမယ့် အစ္စရေးက ဂျေရုဆလင်မြို့ဟောင်းရှိ ဖြတ်လမ်းကို ပိတ်ဆို့ထားတဲ့အတွက် လာမယ့်သီတင်းပတ်မှာ တင်းမာမှုများ ထပ်မံဖြစ်လာဖွယ်ရှိနေကြောင်းသိရပါတယ်။ အစ္စရေးနဲ့ပါလက်စတိုင်းစစ်သွေးကြွအုပ်စုတွေဟာ ပြီးခဲ့တဲ့နှစ်များကလည်း အပြန်အလှန်ပစ်ခတ်မှုများလုပ်ဆောင်ခဲ့ရာ တင်းမာမှုများ ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ လက်ဘနွန်စစ်သွေးကြွအုပ်စုများ၊ ပါလက်စတိုင်းစစ်သွေးကြွအုပ်စုများနဲ့ ဂါဇာစစ်သွေးကြွအုပ်စုတွေဟာ အစ္စရေးနိုင်ငံဘက်ခြမ်းကို ရော့ကဒ်ဒုံးကျည်များနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အစ္စရေးဘက်က လက်တုံ့ပြန်ရင်း တင်းမာမှုတွေ ပြီးခဲ့တဲ့နှစ်များအတွင်းဖြစ်ပွားခဲ့ဖူးကြောင်းသိရပါတယ်။

zawgyi version
ဂျန်ဇက် (NP News) - မေ ၁၄





Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တာချီလိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လူနေအိမ်ပေါ်သို့ မြေပြိုကျမှုကြောင့် အိပ်ပျော်နေသည့် လင်မယား(၂)ဦးသေဆုံး

RELATED POSTS
RECENT POSTS
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved