Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ယူကရိန်းနိုင်ငံအနီး ရုရှားစစ်လေယာဉ်လေးစင်း ပစ်ချခံရကြောင်း မော်စကိုသတင်းစာများဖော်ပြ


Htay Oung (NP News) - မေ ၁၄

ရုရှားတိုက်လေယာဉ်နှစ်စင်းနဲ့ စစ်ရဟတ်ယာဉ်နှစ်စင်းတို့ဟာ စနေနေ့(မေလ ၁၃ ရက်)က ယူကရိန်းနိုင်ငံအနီးမှာ ပစ်ချခံရတယ်လို့ မော်စကိုအခြေစိုက် “ကွန်းမားဆက်" စီးပွားရေးနဲ့ နိုင်ငံရေး နေ့စဉ်သတင်းစာက ဖော်ပြကြောင်း၊ အကယ်၍ မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့မယ်ဆိုရင် ကိယက်ဗ်အတွက် လျှပ်တစ် ပြက်စွမ်းဆောင်ချက်တစ်ခုဖြစ်လာနိုင်တယ်လို့ Reuters က ယနေ့ (မေလ ၁၄ ရက်)မှာရေးသားပါတယ်။

စီးနင်းတိုက်ခိုက်ရေးအတွက် အုပ်စုဖွဲ့ ပျံသန်းသွားတဲ့ Su-34 ဂျက်တိုက်လေယာဉ်၊ Su-35 ဂျက်တိုက် လေယာဉ်နဲ့ Mi-8 ရဟတ်ယာဉ် နှစ်စင်းတို့ဟာ ယူကရိန်းနိုင်ငံအရှေ့မြောက်ဘက်နဲ့ ကပ်လျက် ဘရိုင်ယန့်ခ် ဒေသမှာ ခြုံခိုတိုက်ခိုက်ခံရပြီး တစ်ပြိုင်နက်နီးပါး ပစ်ချခံလိုက်ရတယ်လို့ ကွန်မားဆက်က သူ့ရဲ့ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

ကနဦး ရရှိတဲ့ အချက်အလက်တွေအရ ဂျက်တိုက်လေယာဉ်တွေဟာ ယူကရိန်းနိုင်ငံ ချာနစ်ဗ်ဒေသရှိ ပစ်မှတ်များကို ဒုံးကျည်နဲ့ ပစ်ခတ်ပြီး ဗုံးကြဲတိုက်ခိုက်ဖို့ ရည်မှန်းထားကြောင်း၊ ရဟတ်ယာဉ်တွေက အရံအကူအညီပေးရန်နဲ့ တိုက်လေယာဉ်များ ပစ်ချခံခဲ့ရရင် လေသူရဲများကို ကယ်ထုတ်ရန်ဖြစ်တယ်လို့ သိရှိရပါတယ်။

ကရင်မလင်ပိုင် TASS သတင်းအေဂျင်စီကတော့ အဲဒီဒေသမှာ ရုရှား Su-34 စစ်လေယာဉ်တစ်စင်း ပျက်ကျခဲ့တယ်လို့ ရေးသားပေမဲ့ အကြောင်းရင်းကို ဖော်ပြခြင်း မရှိပါဘူး။ နယ်စပ်မှ၂၅ မိုင်ခန့်အကွာရှိ ကလင်ဆီဒေသအနီး ပျံသန်းနေခိုက် ရဟတ်ယာဉ်တစ်စီးမှာ အင်ဂျင်မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ အရေးပေါ်ဝန်ဆောင်မှုဌာန အရာရှိတစ်ဦးကို ကိုးကားပြီး ရေးသားပေမဲ့ Su-35 နဲ့ ဒုတိယမြောက် ရဟတ်ယာဉ်အကြောင်း ပါဝင်ခြင်း မရှိပါဘူး။

ရုရှားစစ်လော်ဘီ Telegram ချန်နယ်တစ်ခုက လွှင့်တင်ထားတဲ့ ဗီဒီယိုမှာတော့ ကောင်းကင်အမြင့်မှ ရဟတ်ယာဉ်ဟာ ပေါက်ကွဲမှုကြောင့် မူလဦးတည်ရာ ရမ်းထွက်သွားပြီး မီးတောက်မီးလျှံများနဲ့အတူ မြေပြင်ပေါ်ကို ပြုတ်ကျလာကြောင်း တွေ့မြင်ရပါတယ်။

မှတ်ချက်ရေးသားမှုများ ပါဝင်တဲ့ အဲဒီ ဗွီဒီယိုပါ ရဟတ်ယာဉ်ဟာ မစ်ဆိုင်းနဲ့ ပစ်ချခံရတယ်ဆိုတဲ့ Mi-8 ဟုတ်၊ မဟုတ် ရိုက်တာအနေနဲ့ လောလောဆယ် အတည်ပြုနိုင်ခြင်း မရှိပါဘူး။ Telegram ချန်နယ်မှာ လွှင့်တင်ထားတဲ့ အခြားပုံများမှာ စိုက်ပျိုးရေးကွင်းတစ်ခုအတွင်း အပျက်အစီးများကို ဖော်ပြထားပါတယ်။

ရုရှားစစ်လေယာဉ်လေးစင်း ပျက်ကျခဲ့ကြောင်း သတင်းနဲ့ ပတ်သက်ပြီး ကွန်းမားဆက်က အထောက်အ ထားမပြခြင်း မရှိပေမဲ့ ရုရှားလိုလားတဲ့ စစ်ဘက်ဆိုင်ရာ ဘလော့ဂါအများအပြားတို့ကလည်း အလားတူ အခိုင်အမာ ပြောဆိုနေကြပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ Telegram မှာ ဘရိုင်ယန့်ခ် ရုရှားဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးက ရေးသားရာမှာတော့ ယူကရိန်းဒရုန်းတစ်စီးဟာ နယ်စပ်အနီး စားနပ်ရိက္ခာထုတ်လုပ်ရေးစက်ရုံကို ဝင်တိုက်မိခဲ့အတွက် ခေါင်မိုးများပျက်စီးသွားကြောင်း၊ အသေအပျောက် မရှိဘူးလို့ ဆိုပါတယ်။ ဒေသတွင်း ရေနံသိုလှောင်ရုံတစ်ရုံကို (ယူကရိန်းတို့က) ဒရုန်းနဲ့ တိုက်ခိုက်ကြောင်း အုပ်ချုပ်ရေးမှူးက ပြောဆိုအပြီး (၂)ရက်အကြာမှာ ယခုသတင်းထွက် ပေါ်လာခြင်း ဖြစ်ပါတယ်။

ရုရှားစစ်လေယာဉ်တွေကို တိုက်ခိုက်မယ့် ရန်သူဟာ နယ်ခြားဇုန်အတွင်း လုံလောက်တဲ့ အကွာအဝေးအထိ ဝင်ရောက်လာပြီး လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ အလစ်အငိုက် တိုက်ခိုက်ခဲ့တာ ဖြစ်နိုင်ကြောင်း မော်စကိုလိုလားတဲ့ ရုရှားစစ်လော်ဘီတစ်ဦးက ပြောပါတယ်။

ကွန်မားဆက်မှာ ဖော်ပြနေတဲ့ သတင်းနဲ့ပတ်သက်ပြီး မှတ်ချက်ပေးရန် မေတ္တာရပ်ခံချက်ကို မော်စကို ကာကွယ်ရေး၀န်ကြီးဋ္ဌာနက လောလောဆယ် အဖြေပေးခြင်း မရှိပါဘူး။ ပစ်ချခံရတဲ့ ရဟတ်ယာဉ်တွေဟာ Mi-8MTPR-1 အီလက်ထရွန်နစ် စစ်ဆင်ရေးသုံး စစ်လေယာဉ်များ ဖြစ်ပုံရပြီး လေသူရဲ (၄)ဦးစလုံး ကျဆုံးသွားတယ်လို့ ကွန်မားဆက်က ဖြော်ပပါတယ်။

ယူကရိန်းဘက်ကတော့ ရုရှားနိုင်ငံအတွင်း တိုက်ခိုက်မှု သတင်းများနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆိုလေ့ရှိတဲ့အတိုင်း တစ်စုံတစ်ရာ တရားဝင် ပြောဆိုခြင်း မရှိပါဘူး။ ဒါပေမဲ့ ယူကရိန်းသမ္မတရဲ့ အကြီးတန်း အကြံပေးတစ်ဦးဖြစ်သူတော့ ယခုဖြစ်ရပ်ဟာ “တရားမျှတမှုနဲ့ ကြမ္မာရဟတ် တစ်ပတ်လည်“ ခြင်းဖြစ်ကြောင်း သူ့ရဲ့ တွစ်တာပို့စ်တစ်ခုမှာ ရေးသားပါတယ်။

ယခုလစောစောပိုင်းတုန်းကလည်း ဘရိုင်ယန့်ခ်ဒေသ ကုန်တင်ရထားများမှာ နှစ်ရက်ဆက်တိုက် ပေါက် ကွဲမှုများ ဖြစ်ပွားခဲ့ပါတယ်။

ယူကရိန်းတို့ဟာ ဗြိတိန်နိုင်ငံမှ ရရှိတဲ့ မစ်ဆိုင်းလ်များကို အသုံးပြုပြီး လူဟန့်ကို တိုက်ခိုက်နေတယ်လို့ ရုရှားက ပြောဆိုကြောင်း ယနေ့ Reuters ရဲ့ အခြားသတင်းတစ်ပုဒ်မှာ တွေရှိရပါတယ်။

လူဟန့်ဟာ ရုရှားက သိမ်းယူထားတဲ့ ယူကရိန်းအရှေ့ပိုင်းမှ မြို့တစ်မြို့ ဖြစ်ပါတယ်။ ယူကရိန်း စစ်လေယာဉ်များဟာ ဗြိတိန်နိုင်ငံက ထောက်ပံ့ပေးတဲ့ #Storm_Shadow “စတောင်းမ်ရှဲဒိုး“ တာဝေးပစ် ခရုဇ်ဒုံးကျည်များကို အသုံးပြုပြီး မော်စကိုတပ်များထိန်းချုပ်ထားတဲ့ လူဟန့်မြို့ရှိ စက်မှုဇုန်နှစ်ခုကို တိုက် ခိုက်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက စနေနေ့မှာ ပြောဆိုပါတယ်။

ရိုက်တာအနေနဲ့ စစ်မြေပြင်သတင်းများကို အတည်မပြုနိုင်ခြင်း မရှိပါဘူး။ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဋ္ဌာန ကတော့ သူတို့ ထောက်ပံ့တဲ့ မစ်ဆိုင်းလ်တွေကို ယူကရိန်းပိုင်နက်အတွင်း အသုံးပြုနိုင်ကြောင်း၊ ရုရှားရဲ့ နိုင်ငံတကာလက်ခံထားတဲ့ နယ်နိမိတ်အတွင်းရှိ ပစ်မှတ်များကို တိုက်ခိုက်ရာမှာ အသုံးပြုမည်မဟုတ်ကြောင်း ကိယက်ဗ်ထံမှ အာမခံချက်ရရှိထားတယ်လို့ မှတ်ချက်ပေးပါတယ်။

(ရုရှားအပေါ်) တန်ပြန်ထိုးစစ်အတွက် အလုံးအရင်းနဲ့ ပြင်ဆင်နေချိန်မှာ မော်စကိုတပ်များနဲ့ ရှေ့တန်းမှ ဝေးကွာတဲ့ စစ်ပစ္စည်း သိုလှောင်ရုံများကို ပစ်ခတ်ဖို့အတွက် တာဝေးပစ်မစ်ဆိုင်းလ်များကို စတင်ထောက်ပဲ့ခဲ့ကြောင်း ကြာသပတေးနေ့မှာ ဗြိတိန်နိုင်ငံက သတင်းထုတ်ပြန်ပါတယ်။ တစ်နှစ်ကျော် ကြာမြင့်လာပြီဖြစ်တဲ့ စစ်ပွဲအတွင်း ယူကရိန်းကို တာဝေးပစ်မစ်ဆိုင်းလ်များ ထောက်ပံ့ပေးတဲ့ ပထမဆုံးနိုင်ငံဖြစ်လာခဲ့ပါတယ်။

(Reuters.,14 May 2023,” Four Russian military aircraft shot down near Ukraine, Russian daily reports” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

zawgyi version
ယူကရိန္းႏိုင္ငံအနီး ႐ုရွားစစ္ေလယာဥ္ေလးစင္း ပစ္ခ်ခံရေၾကာင္း ေမာ္စကိုသတင္းစာမ်ားေဖာ္ျပ
Htay Oung (NP News) - ေမ ၁၄

႐ုရွားတိုက္ေလယာဥ္ႏွစ္စင္းနဲ႔ စစ္ရဟတ္ယာဥ္ႏွစ္စင္းတို႔ဟာ စေနေန႔(ေမလ ၁၃ ရက္)က ယူကရိန္းႏိုင္ငံအနီးမွာ ပစ္ခ်ခံရတယ္လို႔ ေမာ္စကိုအေျခစိုက္ “ကြန္းမားဆက္" စီးပြားေရးနဲ႔ ႏိုင္ငံေရး ေန႔စဥ္သတင္းစာက ေဖာ္ျပေၾကာင္း၊ အကယ္၍ မွန္ကန္ေၾကာင္း အတည္ျပဳႏိုင္ခဲ့မယ္ဆိုရင္ ကိယက္ဗ္အတြက္ လွ်ပ္တစ္ ျပက္စြမ္းေဆာင္ခ်က္တစ္ခုျဖစ္လာႏိုင္တယ္လို႔ Reuters က ယေန႔ (ေမလ ၁၄ ရက္)မွာေရးသားပါတယ္။

စီးနင္းတိုက္ခိုက္ေရးအတြက္ အုပ္စုဖြဲ႕ ပ်ံသန္းသြားတဲ့ Su-34 ဂ်က္တိုက္ေလယာဥ္၊ Su-35 ဂ်က္တိုက္ ေလယာဥ္နဲ႔ Mi-8 ရဟတ္ယာဥ္ ႏွစ္စင္းတို႔ဟာ ယူကရိန္းႏိုင္ငံအေရွ႕ေျမာက္ဘက္နဲ႔ ကပ္လ်က္ ဘ႐ိုင္ယန္႔ခ္ ေဒသမွာ ၿခဳံခိုတိုက္ခိုက္ခံရၿပီး တစ္ၿပိဳင္နက္နီးပါး ပစ္ခ်ခံလိုက္ရတယ္လို႔ ကြန္မားဆက္က သူ႔ရဲ႕ဝက္ဘ္ဆိုက္မွာ ေဖာ္ျပထားပါတယ္။

ကနဦး ရရွိတဲ့ အခ်က္အလက္ေတြအရ ဂ်က္တိုက္ေလယာဥ္ေတြဟာ ယူကရိန္းႏိုင္ငံ ခ်ာနစ္ဗ္ေဒသရွိ ပစ္မွတ္မ်ားကို ဒုံးက်ည္နဲ႔ ပစ္ခတ္ၿပီး ဗုံးႀကဲတိုက္ခိုက္ဖို႔ ရည္မွန္းထားေၾကာင္း၊ ရဟတ္ယာဥ္ေတြက အရံအကူအညီေပးရန္နဲ႔ တိုက္ေလယာဥ္မ်ား ပစ္ခ်ခံခဲ့ရရင္ ေလသူရဲမ်ားကို ကယ္ထုတ္ရန္ျဖစ္တယ္လို႔ သိရွိရပါတယ္။

ကရင္မလင္ပိုင္ TASS သတင္းေအဂ်င္စီကေတာ့ အဲဒီေဒသမွာ ႐ုရွား Su-34 စစ္ေလယာဥ္တစ္စင္း ပ်က္က်ခဲ့တယ္လို႔ ေရးသားေပမဲ့ အေၾကာင္းရင္းကို ေဖာ္ျပျခင္း မရွိပါဘူး။ နယ္စပ္မွ၂၅ မိုင္ခန႔္အကြာရွိ ကလင္ဆီေဒသအနီး ပ်ံသန္းေနခိုက္ ရဟတ္ယာဥ္တစ္စီးမွာ အင္ဂ်င္မီးေလာင္မႈ ျဖစ္ပြားခဲ့တယ္လို႔ အေရးေပၚဝန္ေဆာင္မႈဌာန အရာရွိတစ္ဦးကို ကိုးကားၿပီး ေရးသားေပမဲ့ Su-35 နဲ႔ ဒုတိယေျမာက္ ရဟတ္ယာဥ္အေၾကာင္း ပါဝင္ျခင္း မရွိပါဘူး။

႐ုရွားစစ္ေလာ္ဘီ Telegram ခ်န္နယ္တစ္ခုက လႊင့္တင္ထားတဲ့ ဗီဒီယိုမွာေတာ့ ေကာင္းကင္အျမင့္မွ ရဟတ္ယာဥ္ဟာ ေပါက္ကြဲမႈေၾကာင့္ မူလဦးတည္ရာ ရမ္းထြက္သြားၿပီး မီးေတာက္မီးလွ်ံမ်ားနဲ႔အတူ ေျမျပင္ေပၚကို ျပဳတ္က်လာေၾကာင္း ေတြ႕ျမင္ရပါတယ္။

မွတ္ခ်က္ေရးသားမႈမ်ား ပါဝင္တဲ့ အဲဒီ ဗြီဒီယိုပါ ရဟတ္ယာဥ္ဟာ မစ္ဆိုင္းနဲ႔ ပစ္ခ်ခံရတယ္ဆိုတဲ့ Mi-8 ဟုတ္၊ မဟုတ္ ႐ိုက္တာအေနနဲ႔ ေလာေလာဆယ္ အတည္ျပဳႏိုင္ျခင္း မရွိပါဘူး။ Telegram ခ်န္နယ္မွာ လႊင့္တင္ထားတဲ့ အျခားပုံမ်ားမွာ စိုက္ပ်ိဳးေရးကြင္းတစ္ခုအတြင္း အပ်က္အစီးမ်ားကို ေဖာ္ျပထားပါတယ္။

႐ုရွားစစ္ေလယာဥ္ေလးစင္း ပ်က္က်ခဲ့ေၾကာင္း သတင္းနဲ႔ ပတ္သက္ၿပီး ကြန္းမားဆက္က အေထာက္အ ထားမျပျခင္း မရွိေပမဲ့ ႐ုရွားလိုလားတဲ့ စစ္ဘက္ဆိုင္ရာ ဘေလာ့ဂါအမ်ားအျပားတို႔ကလည္း အလားတူ အခိုင္အမာ ေျပာဆိုေနၾကပါတယ္။

ၿပီးခဲ့တဲ့ စေနေန႔ Telegram မွာ ဘ႐ိုင္ယန္႔ခ္ ႐ုရွားေဒသဆိုင္ရာအုပ္ခ်ဳပ္ေရးမႉးက ေရးသားရာမွာေတာ့ ယူကရိန္းဒ႐ုန္းတစ္စီးဟာ နယ္စပ္အနီး စားနပ္ရိကၡာထုတ္လုပ္ေရးစက္႐ုံကို ဝင္တိုက္မိခဲ့အတြက္ ေခါင္မိုးမ်ားပ်က္စီးသြားေၾကာင္း၊ အေသအေပ်ာက္ မရွိဘူးလို႔ ဆိုပါတယ္။ ေဒသတြင္း ေရနံသိုေလွာင္႐ုံတစ္႐ုံကို (ယူကရိန္းတို႔က) ဒ႐ုန္းနဲ႔ တိုက္ခိုက္ေၾကာင္း အုပ္ခ်ဳပ္ေရးမႉးက ေျပာဆိုအၿပီး (၂)ရက္အၾကာမွာ ယခုသတင္းထြက္ ေပၚလာျခင္း ျဖစ္ပါတယ္။

႐ုရွားစစ္ေလယာဥ္ေတြကို တိုက္ခိုက္မယ့္ ရန္သူဟာ နယ္ျခားဇုန္အတြင္း လုံေလာက္တဲ့ အကြာအေဝးအထိ ဝင္ေရာက္လာၿပီး ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြနဲ႔ အလစ္အငိုက္ တိုက္ခိုက္ခဲ့တာ ျဖစ္ႏိုင္ေၾကာင္း ေမာ္စကိုလိုလားတဲ့ ႐ုရွားစစ္ေလာ္ဘီတစ္ဦးက ေျပာပါတယ္။

ကြန္မားဆက္မွာ ေဖာ္ျပေနတဲ့ သတင္းနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးရန္ ေမတၱာရပ္ခံခ်က္ကို ေမာ္စကို ကာကြယ္ေရး၀န္ႀကီး႒ာနက ေလာေလာဆယ္ အေျဖေပးျခင္း မရွိပါဘူး။ ပစ္ခ်ခံရတဲ့ ရဟတ္ယာဥ္ေတြဟာ Mi-8MTPR-1 အီလက္ထ႐ြန္နစ္ စစ္ဆင္ေရးသုံး စစ္ေလယာဥ္မ်ား ျဖစ္ပုံရၿပီး ေလသူရဲ (၄)ဦးစလုံး က်ဆုံးသြားတယ္လို႔ ကြန္မားဆက္က ေျဖာ္ပပါတယ္။

ယူကရိန္းဘက္ကေတာ့ ႐ုရွားႏိုင္ငံအတြင္း တိုက္ခိုက္မႈ သတင္းမ်ားနဲ႔ ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ ျငင္းဆိုေလ့ရွိတဲ့အတိုင္း တစ္စုံတစ္ရာ တရားဝင္ ေျပာဆိုျခင္း မရွိပါဘူး။ ဒါေပမဲ့ ယူကရိန္းသမၼတရဲ႕ အႀကီးတန္း အႀကံေပးတစ္ဦးျဖစ္သူေတာ့ ယခုျဖစ္ရပ္ဟာ “တရားမွ်တမႈနဲ႔ ၾကမၼာရဟတ္ တစ္ပတ္လည္“ ျခင္းျဖစ္ေၾကာင္း သူ႔ရဲ႕ တြစ္တာပို႔စ္တစ္ခုမွာ ေရးသားပါတယ္။

ယခုလေစာေစာပိုင္းတုန္းကလည္း ဘ႐ိုင္ယန္႔ခ္ေဒသ ကုန္တင္ရထားမ်ားမွာ ႏွစ္ရက္ဆက္တိုက္ ေပါက္ ကြဲမႈမ်ား ျဖစ္ပြားခဲ့ပါတယ္။

ယူကရိန္းတို႔ဟာ ၿဗိတိန္ႏိုင္ငံမွ ရရွိတဲ့ မစ္ဆိုင္းလ္မ်ားကို အသုံးျပဳၿပီး လူဟန္႔ကို တိုက္ခိုက္ေနတယ္လို႔ ႐ုရွားက ေျပာဆိုေၾကာင္း ယေန႔ Reuters ရဲ႕ အျခားသတင္းတစ္ပုဒ္မွာ ေတြရွိရပါတယ္။

လူဟန္႔ဟာ ႐ုရွားက သိမ္းယူထားတဲ့ ယူကရိန္းအေရွ႕ပိုင္းမွ ၿမိဳ႕တစ္ၿမိဳ႕ ျဖစ္ပါတယ္။ ယူကရိန္း စစ္ေလယာဥ္မ်ားဟာ ၿဗိတိန္ႏိုင္ငံက ေထာက္ပံ့ေပးတဲ့ #Storm_Shadow “စေတာင္းမ္ရွဲဒိုး“ တာေဝးပစ္ ခ႐ုဇ္ဒုံးက်ည္မ်ားကို အသုံးျပဳၿပီး ေမာ္စကိုတပ္မ်ားထိန္းခ်ဳပ္ထားတဲ့ လူဟန္႔ၿမိဳ႕ရွိ စက္မႈဇုန္ႏွစ္ခုကို တိုက္ ခိုက္ခဲ့ေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက စေနေန႔မွာ ေျပာဆိုပါတယ္။

႐ိုက္တာအေနနဲ႔ စစ္ေျမျပင္သတင္းမ်ားကို အတည္မျပဳႏိုင္ျခင္း မရွိပါဘူး။ ၿဗိတိန္ကာကြယ္ေရးဝန္ႀကီး႒ာန ကေတာ့ သူတို႔ ေထာက္ပံ့တဲ့ မစ္ဆိုင္းလ္ေတြကို ယူကရိန္းပိုင္နက္အတြင္း အသုံးျပဳႏိုင္ေၾကာင္း၊ ႐ုရွားရဲ႕ ႏိုင္ငံတကာလက္ခံထားတဲ့ နယ္နိမိတ္အတြင္းရွိ ပစ္မွတ္မ်ားကို တိုက္ခိုက္ရာမွာ အသုံးျပဳမည္မဟုတ္ေၾကာင္း ကိယက္ဗ္ထံမွ အာမခံခ်က္ရရွိထားတယ္လို႔ မွတ္ခ်က္ေပးပါတယ္။

(႐ုရွားအေပၚ) တန္ျပန္ထိုးစစ္အတြက္ အလုံးအရင္းနဲ႔ ျပင္ဆင္ေနခ်ိန္မွာ ေမာ္စကိုတပ္မ်ားနဲ႔ ေရွ႕တန္းမွ ေဝးကြာတဲ့ စစ္ပစၥည္း သိုေလွာင္႐ုံမ်ားကို ပစ္ခတ္ဖို႔အတြက္ တာေဝးပစ္မစ္ဆိုင္းလ္မ်ားကို စတင္ေထာက္ပဲ့ခဲ့ေၾကာင္း ၾကာသပေတးေန႔မွာ ၿဗိတိန္ႏိုင္ငံက သတင္းထုတ္ျပန္ပါတယ္။ တစ္ႏွစ္ေက်ာ္ ၾကာျမင့္လာၿပီျဖစ္တဲ့ စစ္ပြဲအတြင္း ယူကရိန္းကို တာေဝးပစ္မစ္ဆိုင္းလ္မ်ား ေထာက္ပံ့ေပးတဲ့ ပထမဆုံးႏိုင္ငံျဖစ္လာခဲ့ပါတယ္။

(Reuters.,14 May 2023,” Four Russian military aircraft shot down near Ukraine, Russian daily reports” ကို ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)သည် စစ်တွေမြို့၏ အနီးမှစတင်ဖြတ်ကျော်နေသဖြင့် အနီရောင်မှ အညိုရောင်အဆင့်သို့ တိုးမြှင့်သတ်မှတ်ကာ မိုးဇလသတိပေး

RELATED POSTS
RECENT POSTS
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved