Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)သည် စစ်တွေမြို့၏ အနီးမှစတင်ဖြတ်ကျော်နေသဖြင့် အနီရောင်မှ အညိုရောင်အဆင့်သို့ တိုးမြှင့်သတ်မှတ်ကာ မိုးဇလသတိပေး

မျိုးကြီး (NP News) - မေ ၁၄

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)သည် စစ်တွေမြို့၏အနီးမှ စတင်ဖြတ်ကျော်ဝင်ရောက်လျက်ရှိသဖြင့် အနီရောင်အဆင့်မှ အညိုရောင်အဆင့်သို့ တိုးမြှင့်သတ်မှတ်ကာ မိုးဇလမှသတိပေးကြေညာလိုက်သည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့(မေလ ၁၄ ရက်)၊ နံနက် ၁ဝ နာရီခွဲအချိန်တွင် သတိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၏ အနောက်တောင်ဘက် ရေမိုင်(၁ဝဝ)ခန့်ရှိ ပင်လယ်ပြင်သို့ ဗဟိုပြုကာ ရောက်ရှိနေပြီဖြစ်ပြီး အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၁၃ဝ)မှ (၁၃၇)မိုင်နှုန်းခန့်ရှိကြောင်း သိရသည်။

လက်ရှိတွင် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)၏ အဝန်းအဝိုင်းသည် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းဒေသများကို စစ်တွေမြို့၏အနီးမှ စတင်ဖြတ်ကျော်ဝင်ရောက်လျက်ရှိပြီး အညိုရောင်အဆင့်ဟု သတ်မှတ်ကြောင်း မိုးဇလက ကြေညာထားသည်။

"အခုအချိန်မှာ လေတိုက်နှုန်းက ၉၅ နဲ့ ၁ဝဝ ကြားလောက်ရှိတယ်။ အပြင်ဘက်ကိုထွက်ပြီး ဘယ်လိုမှ လမ်းလျှောက်လို့မရတော့ဘူး။ လေက တော်တော်ကြမ်းနေပြီ" ဟု စစ်တွေမြို့ခံတစ်ဦးက NP News ကို အသိပေးပြောဆိုထား သည်။

ယနေ့ နေ့လည်ပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)၏ ဗဟိုချက်သည် စစ်တွေမြို့အနီးမှ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအနေဖြင့် ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း သတိပေးထားသည်။

ထို့ကြောင့် ရခိုင်ပြည်နယ်၌ အမြင့်ဆုံးလေတိုက်နှုန်းသည် တစ်နာရီလျှင် မိုင်(၁၁ဝ)မှ မိုင်(၁၂ဝ)ခန့်အထိ တိုက်ခတ်နိုင်ကြောင်းလည်း မိုးဇလက သတိပေးကြေညာထားသည်။

zawgyi version
ဆိုင္ကလုန္းမုန္တိုင္း(မိုခါ)သည္ စစ္ေတြၿမိဳ႕၏ အနီးမွစတင္ျဖတ္ေက်ာ္ေနသျဖင့္ အနီေရာင္မွ အညိဳေရာင္အဆင့္သို႔ တိုးျမႇင့္သတ္မွတ္ကာ မိုးဇလသတိေပး

မ်ိဳးႀကီး (NP News) - ေမ ၁၄

ဆိုင္ကလုန္းမုန္တိုင္း(မိုခါ)သည္ စစ္ေတြၿမိဳ႕၏အနီးမွ စတင္ျဖတ္ေက်ာ္ဝင္ေရာက္လ်က္ရွိသျဖင့္ အနီေရာင္အဆင့္မွ အညိဳေရာင္အဆင့္သို႔ တိုးျမႇင့္သတ္မွတ္ကာ မိုးဇလမွသတိေပးေၾကညာလိုက္သည္။

မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ယေန႔(ေမလ ၁၄ ရက္)၊ နံနက္ ၁ဝ နာရီခြဲအခ်ိန္တြင္ သတိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

အလြန႔္အလြန္အားေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္း(မိုခါ)သည္ ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕၏ အေနာက္ေတာင္ဘက္ ေရမိုင္(၁ဝဝ)ခန႔္ရွိ ပင္လယ္ျပင္သို႔ ဗဟိုျပဳကာ ေရာက္ရွိေနၿပီျဖစ္ၿပီး အျမင့္ဆုံးေလတိုက္ႏႈန္းမွာ တစ္နာရီလွ်င္ မိုင္(၁၃ဝ)မွ (၁၃၇)မိုင္ႏႈန္းခန႔္ရွိေၾကာင္း သိရသည္။

လက္ရွိတြင္ ဆိုင္ကလုန္းမုန္တိုင္း(မိုခါ)၏ အဝန္းအဝိုင္းသည္ ျမန္မာႏိုင္ငံ၊ ရခိုင္ကမ္း႐ိုးတန္းေဒသမ်ားကို စစ္ေတြၿမိဳ႕၏အနီးမွ စတင္ျဖတ္ေက်ာ္ဝင္ေရာက္လ်က္ရွိၿပီး အညိဳေရာင္အဆင့္ဟု သတ္မွတ္ေၾကာင္း မိုးဇလက ေၾကညာထားသည္။

"အခုအခ်ိန္မွာ ေလတိုက္ႏႈန္းက ၉၅ နဲ႔ ၁ဝဝ ၾကားေလာက္ရွိတယ္။ အျပင္ဘက္ကိုထြက္ၿပီး ဘယ္လိုမွ လမ္းေလွ်ာက္လို႔မရေတာ့ဘူး။ ေလက ေတာ္ေတာ္ၾကမ္းေနၿပီ" ဟု စစ္ေတြၿမိဳ႕ခံတစ္ဦးက NP News ကို အသိေပးေျပာဆိုထား သည္။

ယေန႔ ေန႔လည္ပိုင္းတြင္ ဆိုင္ကလုန္းမုန္တိုင္း(မိုခါ)၏ ဗဟိုခ်က္သည္ စစ္ေတြၿမိဳ႕အနီးမွ အလြန႔္အလြန္အားေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္းအေနျဖင့္ ျဖတ္ေက်ာ္ဝင္ေရာက္ႏိုင္ေၾကာင္း သတိေပးထားသည္။

ထို႔ေၾကာင့္ ရခိုင္ျပည္နယ္၌ အျမင့္ဆုံးေလတိုက္ႏႈန္းသည္ တစ္နာရီလွ်င္ မိုင္(၁၁ဝ)မွ မိုင္(၁၂ဝ)ခန႔္အထိ တိုက္ခတ္ႏိုင္ေၾကာင္းလည္း မိုးဇလက သတိေပးေၾကညာထားသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နိုင်ငံတဝှမ်း ဆန္ဒပြပွဲများလုပ်ဆောင်ဖို့ အာမခံနဲ့ပြန်လွတ်မြောက်လာတဲ့ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း တိုက်တွန်းတောင်းဆို

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved