Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ တစ်နာရီလျှင် မိုင်(၆ဝ) နှုန်းအထက်ဖြင့် စတင်ဝင်ရောက်တိုက်ခတ်နေဟု ဒေသခံများဆို

NP News - မေ ၁၄

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ တစ်နာရီလျှင် မိုင်(၆ဝ)နှုန်းဖြင့် စတင်ဝင်ရောက်တိုက်ခတ်နေကြောင်း ဒေသခံများက ဆိုသည်။

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)၏ အရှိန်ကြောင့် ယနေ့(မေလ ၁၄ ရက်) ၊နံနက် ၉ နာရီအချိန်ခန့်မှစ၍ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ လေပြင်းနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်ပေါ်နေလျက်ရှိကြောင်း ဒေသခံများက ပြောသည်။

“လေတိုက်တာက မနက် ၉ နာရီလောက်ကတည်းက စတိုက်နေတာ။ လေတိုက်နှုန်းက မိုင်(၁ဝဝ)နှုန်းလောက် ရှိမယ်ထင်တယ်။ ပျက်စီးမှုအခြေအနေကတော့ မသိဘူး။ ကျွန်တော်တို့လည်းအပြင်ကို မထွက်ရဲဘူး။ အိမ်ခေါင်မိုးသွပ်တွေကတော့ လေထဲမှာ ပျံနေကြတာတွေ့တယ်။ လေရော၊ မိုးရော တော်တော်ကြီးတယ်” ဟု စစ်တွေမြို့ခံတစ်ဦးက NP News ကို ယနေ့နံနက်ပိုင်းတွင် ပြောဆိုထားသည်။

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) ဝင်ရောက်မည့် ရခိုင်ပြည်နယ်အတွင်း၌ ဒေသခံလူထုအား ဘေးကင်းလုံခြုံရာနေရာများသို့ ရွှေ့ပြောင်းပေးထားသော်လည်း ရွှေ့ပြောင်းထားသည့် လူဦးရေ၏ စာရင်းအတိအကျကို လတ်တလော၌ ပြောဆိုနိုင်ခြင်းမရှိသေးကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ပြောခွင့်ရ၊ ဥပဒေချုပ်ဦးလှသိန်းက NP News ကို ပြောသည်။

“အခု စစ်တွေမှာ မုန်တိုင်းတိုက်နေတယ်။ ငါတို့က အခုလောလောဆယ်မှာ မုန်တိုင်းခိုနေရတယ် ။ လောလောဆယ်တိုက် နေတာက မိုင်(၅ဝ)၊ (၆ဝ) ပတ်ဝန်းကျင်လောက်ပဲရှိမှာပါ” ဟု ဥပဒေချုပ်ဦးလှသိန်းက NP News ကို ယနေ့ နံနက်ပိုင်းတွင် ပြောဆိုထားသည်။

လက်ရှိတွင် အလွန့်အလွန်အားကောင်းလာသည့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)သည် မြန်မာနိုင်ငံ၊ စစ်တွေမြို့၏ အနောက်တောင်ဘက် ရေမိုင်(၁၂ဝ)ခန့်နှင့် ကျောက်ဖြူမြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၁၃ဝ)ခန့် ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း သိရသည်။

ထို့ပြင် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)အား အနီရောင်အဆင့်အဖြစ် သတ်မှတ်ထားပြီး ၎င်းသည် အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီလျှင် မိုင်(၁၃ဝ)မှ (၁၃၇)မိုင်နှုန်းခန့်ဖြင့် တိုက်ခတ်နေလျက်ရှိကြောင်း မိုးဇလက ခန့်မှန်းထားသည်။

လက်ရှိတွင် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)၏ အပြင်ဘက်ဆုံးအဝန်းအဝိုင်းသည် ရခိုင်ကမ်းရိုးတန်းဒေသများကို စတင်ဖြတ်ကျော်လျက်ရှိပြီး မုန်တိုင်း၏ ဗဟိုချက်သည် ယနေ့ နေ့လည်ပိုင်းတွင် စစ်တွေမြို့အနီးမှ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)အနေဖြင့် ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု သတိပေးထုတ်ပြန်ထားသည်။

ဆိုင်ကလုန်းမုန်တိုင်းဖြတ်ကျော်စဉ်အချိန်တွင် မုန်တိုင်းဒီရေသည် ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ကျောက် ဖြူခရိုင်နှင့် မောင်တောခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင် (၁၆)ပေမှ ပေ(၂ဝ)ခန့်အထိ မြင့်တက်လာနိုင်သည်ဟုလည်း ခန့်မှန်းထားသည်။

zawgyi version
ဆိုင္ကလုန္းမုန္တိုင္း(မိုခါ)သည္ ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕၌ တစ္နာရီလွ်င္ မိုင္(၆ဝ)ႏႈန္းအထက္ျဖင့္ စတင္ဝင္ေရာက္တိုက္ခတ္ေနဟု ေဒသခံမ်ားဆို

NP News - ေမ ၁၄

ဆိုင္ကလုန္းမုန္တိုင္း(မိုခါ)သည္ ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕၌ တစ္နာရီလွ်င္ မိုင္(၆ဝ)ႏႈန္းျဖင့္ စတင္ဝင္ေရာက္တိုက္ခတ္ေနေၾကာင္း ေဒသခံမ်ားက ဆိုသည္။

အလြန႔္အလြန္အားေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္း(မိုခါ)၏ အရွိန္ေၾကာင့္ ယေန႔(ေမလ ၁၄ ရက္) ၊နံနက္ ၉ နာရီအခ်ိန္ခန႔္မွစ၍ ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕၌ ေလျပင္းႏွင့္အတူ မိုးသည္းထန္စြာ ႐ြာသြန္းမႈမ်ား ျဖစ္ေပၚေနလ်က္ရွိေၾကာင္း ေဒသခံမ်ားက ေျပာသည္။

“ေလတိုက္တာက မနက္ ၉ နာရီေလာက္ကတည္းက စတိုက္ေနတာ။ ေလတိုက္ႏႈန္းက မိုင္(၁ဝဝ)ႏႈန္းေလာက္ ရွိမယ္ထင္တယ္။ ပ်က္စီးမႈအေျခအေနကေတာ့ မသိဘူး။ ကြၽန္ေတာ္တို႔လည္းအျပင္ကို မထြက္ရဲဘူး။ အိမ္ေခါင္မိုးသြပ္ေတြကေတာ့ ေလထဲမွာ ပ်ံေနၾကတာေတြ႕တယ္။ ေလေရာ၊ မိုးေရာ ေတာ္ေတာ္ႀကီးတယ္” ဟု စစ္ေတြၿမိဳ႕ခံတစ္ဦးက NP News ကို ယေန႔နံနက္ပိုင္းတြင္ ေျပာဆိုထားသည္။

ဆိုင္ကလုန္းမုန္တိုင္း(မိုခါ) ဝင္ေရာက္မည့္ ရခိုင္ျပည္နယ္အတြင္း၌ ေဒသခံလူထုအား ေဘးကင္းလုံၿခဳံရာေနရာမ်ားသို႔ ေ႐ႊ႕ေျပာင္းေပးထားေသာ္လည္း ေ႐ႊ႕ေျပာင္းထားသည့္ လူဦးေရ၏ စာရင္းအတိအက်ကို လတ္တေလာ၌ ေျပာဆိုႏိုင္ျခင္းမရွိေသးေၾကာင္း ရခိုင္ျပည္နယ္အစိုးရအဖြဲ႕၏ ေျပာခြင့္ရ၊ ဥပေဒခ်ဳပ္ဦးလွသိန္းက NP News ကို ေျပာသည္။

“အခု စစ္ေတြမွာ မုန္တိုင္းတိုက္ေနတယ္။ ငါတို႔က အခုေလာေလာဆယ္မွာ မုန္တိုင္းခိုေနရတယ္ ။ ေလာေလာဆယ္တိုက္ ေနတာက မိုင္(၅ဝ)၊ (၆ဝ) ပတ္ဝန္းက်င္ေလာက္ပဲရွိမွာပါ” ဟု ဥပေဒခ်ဳပ္ဦးလွသိန္းက NP News ကို ယေန႔ နံနက္ပိုင္းတြင္ ေျပာဆိုထားသည္။

လက္ရွိတြင္ အလြန႔္အလြန္အားေကာင္းလာသည့္ ဆိုင္ကလုန္းမုန္တိုင္း(မိုခါ)သည္ ျမန္မာႏိုင္ငံ၊ စစ္ေတြၿမိဳ႕၏ အေနာက္ေတာင္ဘက္ ေရမိုင္(၁၂ဝ)ခန႔္ႏွင့္ ေက်ာက္ျဖဴၿမိဳ႕၏ အေနာက္-အေနာက္ေတာင္ဘက္ ေရမိုင္(၁၃ဝ)ခန႔္ ပင္လယ္ျပင္ကို ဗဟိုျပဳေနေၾကာင္း သိရသည္။

ထို႔ျပင္ ဆိုင္ကလုန္းမုန္တိုင္း(မိုခါ)အား အနီေရာင္အဆင့္အျဖစ္ သတ္မွတ္ထားၿပီး ၎သည္ အျမင့္ဆုံးေလတိုက္ႏႈန္း တစ္နာရီလွ်င္ မိုင္(၁၃ဝ)မွ (၁၃၇)မိုင္ႏႈန္းခန႔္ျဖင့္ တိုက္ခတ္ေနလ်က္ရွိေၾကာင္း မိုးဇလက ခန႔္မွန္းထားသည္။

လက္ရွိတြင္ ဆိုင္ကလုန္းမုန္တိုင္း(မိုခါ)၏ အျပင္ဘက္ဆုံးအဝန္းအဝိုင္းသည္ ရခိုင္ကမ္း႐ိုးတန္းေဒသမ်ားကို စတင္ျဖတ္ေက်ာ္လ်က္ရွိၿပီး မုန္တိုင္း၏ ဗဟိုခ်က္သည္ ယေန႔ ေန႔လည္ပိုင္းတြင္ စစ္ေတြၿမိဳ႕အနီးမွ အလြန႔္အလြန္အားေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္း(မိုခါ)အေနျဖင့္ ျဖတ္ေက်ာ္ဝင္ေရာက္ႏိုင္သည္ဟု သတိေပးထုတ္ျပန္ထားသည္။

ဆိုင္ကလုန္းမုန္တိုင္းျဖတ္ေက်ာ္စဥ္အခ်ိန္တြင္ မုန္တိုင္းဒီေရသည္ ရခိုင္ျပည္နယ္၊ စစ္ေတြခ႐ိုင္၊ ေက်ာက္ ျဖဴခ႐ိုင္ႏွင့္ ေမာင္ေတာခ႐ိုင္တို႔ရွိ ျမစ္ဝ၊ ျမစ္လက္တက္မ်ားအတြင္ (၁၆)ေပမွ ေပ(၂ဝ)ခန႔္အထိ ျမင့္တက္လာႏိုင္သည္ဟုလည္း ခန႔္မွန္းထားသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယူကရိန်းနိုင်ငံအနီး ရုရှားစစ်လေယာဉ်လေးစင်း ပစ်ချခံရကြောင်း မော်စကိုသတင်းစာများဖော်ပြ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved