Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရုရှားနဲ့ ဥရောပသမဂ္ဂကြား ပုံမှန်စီးပွားရေးလုပ်ဆောင်ခြင်းများ ပိုမိုရှိလာမှာ မဟုတ်ကြောင်း ရုရှားအစိုးရပြော

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၂၇

ရုရှားနဲ့ ဥရောပသမဂ္ဂကြား အပြန်အလှန်ဆက်ဆံရေးဟာ လက်ရှိအချိန်မှာ အောက်ဆုံးကိုရောက်ရှိသွားပြီဖြစ် ကြောင်း၊ ရုရှားနဲ့ ဥရောပသမဂ္ဂကြား ပုံမှန်စီးပွားရေးလုပ်ဆောင်ခြင်းများ ပိုမိုရှိလာနိုင်ဖွယ်မရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရောဗ့် က ပြောပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဟာ ပြီးခဲ့တဲ့ရက်ပိုင်းကပြုလုပ်ခဲ့တဲ့ TASS သတင်းဌာနနဲ့ အင်တာဗျူးမှာ အခုလိုမျိုး ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဥရောပသမဂ္ဂရဲ့ပေါ်လစီတွေဟာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တွေ၊ နိုင်ငံသားတွေရဲ့ရှင်သန်နေထိုင်မှုနဲ့ အကျိုးစီးပွားကို ပြန်လည်ထိခိုက်နစ်နာမှုများဖြစ်နေရကြောင်း၊ အမေရိ ကန်ဟာ ဥရောပသမဂ္ဂကို စွမ်းအင်ကိစ္စနဲ့ပတ်သက်ပြီး ရုရှားနဲ့ဆွေးနွေးခြင်းမလုပ်ဖို့ တားဆီးပိတ်ပင်မှုများ ရှိနေ ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး က ပြောပါတယ်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကို ၁ဝ စုနှစ်ပေါင်းများစွာကြာ ရုရှားက စွမ်းအင်များ ကူညီထောက်ပံ့ပေးခဲ့ခြင်း ကြောင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ အကျိုးကျေးဇူးဖြစ်ခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး က ပြောပါတယ်။ ယူကရိန်းနဲ့ ရုရှားတို့စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဥရောပသမဂ္ဂဟာ ရုရှားအပေါ် ပိတ်ဆို့မှုများချမှတ်ပြီး ရုရှား ရဲ့ စွမ်းအင်အသုံးပြုမှုတွေကိုလျော့ချဖို့ ကြိုးပမ်းခဲ့ကြောင်း၊ ဥရောပသမဂ္ဂဟာ ရုရှားနိုင်ငံက ပင်လယ်ရေကြောင်းမှ တဆင့် ပို့ဆောင်နေတဲ့ရေနံတွေကို တစ်စည် အမေရိကန်ဒေါ်လာ ၆ဝ နှုန်းသာ ရောင်းချဖို့ ဈေးနှုန်းသတ်မှတ်ခဲ့ရာ ဥရောပသမဂ္ဂနဲ့ ရုရှားကြားတင်းမာမှုအရှိန်မြင့်တက်လာစေခဲ့တယ်လို့ သိရပါတယ်။

ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ဥရောပသမဂ္ဂ ချမှတ်ခဲ့တဲ့ မူဝါဒတွေဟာ ဥရောပသမဂ္ဂနိုင်ငံတွေမှာ စွမ်းအင်အကျပ်အတည်းများဖြစ်စေခဲ့သလို ဓါတ်ငွေ့ဈေးနှုန်းစံချိန်တင်မြင့်တက်လာစေခဲ့တယ်လို့ သိရပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးက "ရုရှားဟာ ဥရောပသမဂ္ဂနဲ့မိတ်ဖက်အဖြစ် ပုံမှန်အတိုင်း စီးပွားရေးလုပ်ငန်း ပိုမိုလုပ်ဆောင်တော့မှာ မဟုတ်ဘူး။ ရုရှားဟာ နံရံကို ခေါင်းနဲ့တိုက်တာမျိုးလုပ်ဖို့ မရည်ရွယ်ဘူး။ ကျွန်တော်တို့ဟာ ရုရှား နိုင်ငံနဲ့ မိတ်ဆွေ ပိသစွာလုပ်ကိုင်မယ့် ဥရောပတိုက်ရှိနိုင်ငံအချို့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက် လုပ်ဆောင်မယ်။ ဥရောပတိုက်အတွင်းရှိ ရုရှားဆန့်ကျင်ရေးနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူး။ ဥရောပတိုက်ကိုကျော်လွန်ပြီး ရုရှားနဲ့မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်လိုတဲ့နိုင်ငံတွေကို ရှာဖွေသွားမယ်" လို့ ပြောပါတယ်။


Zawgyi Version;

႐ုရွားနဲ႔ ဥေရာပသမဂၢၾကား ပုံမွန္စီးပြားေရးလုပ္ေဆာင္ျခင္းမ်ား ပိုမိုရွိလာမွာ မဟုတ္ေၾကာင္း ႐ုရွားအစိုးရေျပာ

ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၂၇

႐ုရွားနဲ႔ ဥေရာပသမဂၢၾကား အျပန္အလွန္ဆက္ဆံေရးဟာ လက္ရွိအခ်ိန္မွာ ေအာက္ဆုံးကိုေရာက္ရွိသြားၿပီျဖစ္ ေၾကာင္း၊ ႐ုရွားနဲ႔ ဥေရာပသမဂၢၾကား ပုံမွန္စီးပြားေရးလုပ္ေဆာင္ျခင္းမ်ား ပိုမိုရွိလာႏိုင္ဖြယ္မရွိေၾကာင္း ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး ဆာေဂးလာေရာဗ့္ က ေျပာပါတယ္။ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဟာ ၿပီးခဲ့တဲ့ရက္ပိုင္းကျပဳလုပ္ခဲ့တဲ့ TASS သတင္းဌာနနဲ႔ အင္တာဗ်ဴးမွာ အခုလိုမ်ိဳး ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။

ဥေရာပသမဂၢရဲ႕ေပၚလစီေတြဟာ ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံ ေတြ၊ ႏိုင္ငံသားေတြရဲ႕ရွင္သန္ေနထိုင္မႈနဲ႔ အက်ိဳးစီးပြားကို ျပန္လည္ထိခိုက္နစ္နာမႈမ်ားျဖစ္ေနရေၾကာင္း၊ အေမရိ ကန္ဟာ ဥေရာပသမဂၢကို စြမ္းအင္ကိစၥနဲ႔ပတ္သက္ၿပီး ႐ုရွားနဲ႔ေဆြးေႏြးျခင္းမလုပ္ဖို႔ တားဆီးပိတ္ပင္မႈမ်ား ရွိေန ေၾကာင္း ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး က ေျပာပါတယ္။ ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံမ်ားကို ၁ဝ စုႏွစ္ေပါင္းမ်ားစြာၾကာ ႐ုရွားက စြမ္းအင္မ်ား ကူညီေထာက္ပံ့ေပးခဲ့ျခင္း ေၾကာင့္ ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံမ်ား အက်ိဳးေက်းဇူးျဖစ္ခဲ့ေၾကာင္း ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး က ေျပာပါတယ္။

ယူကရိန္းနဲ႔ ႐ုရွားတို႔စစ္ပြဲျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း ဥေရာပသမဂၢဟာ ႐ုရွားအေပၚ ပိတ္ဆို႔မႈမ်ားခ်မွတ္ၿပီး ႐ုရွား ရဲ႕ စြမ္းအင္အသုံးျပဳမႈေတြကိုေလ်ာ့ခ်ဖို႔ ႀကိဳးပမ္းခဲ့ေၾကာင္း၊ ဥေရာပသမဂၢဟာ ႐ုရွားႏိုင္ငံက ပင္လယ္ေရေၾကာင္းမွ တဆင့္ ပို႔ေဆာင္ေနတဲ့ေရနံေတြကို တစ္စည္ အေမရိကန္ေဒၚလာ ၆ဝ ႏႈန္းသာ ေရာင္းခ်ဖို႔ ေဈးႏႈန္းသတ္မွတ္ခဲ့ရာ ဥေရာပသမဂၢနဲ႔ ႐ုရွားၾကားတင္းမာမႈအရွိန္ျမင့္တက္လာေစခဲ့တယ္လို႔ သိရပါတယ္။ ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး ဥေရာပသမဂၢ ခ်မွတ္ခဲ့တဲ့ မူဝါဒေတြဟာ ဥေရာပသမဂၢႏိုင္ငံေတြမွာ စြမ္းအင္အက်ပ္အတည္းမ်ားျဖစ္ေစခဲ့သလို ဓါတ္ေငြ႕ေဈးႏႈန္းစံခ်ိန္တင္ျမင့္တက္လာေစခဲ့တယ္လို႔ သိရပါတယ္။

႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးက "႐ုရွားဟာ ဥေရာပသမဂၢနဲ႔မိတ္ဖက္အျဖစ္ ပုံမွန္အတိုင္း စီးပြားေရးလုပ္ငန္း ပိုမိုလုပ္ေဆာင္ေတာ့မွာ မဟုတ္ဘူး။ ႐ုရွားဟာ နံရံကို ေခါင္းနဲ႔တိုက္တာမ်ိဳးလုပ္ဖို႔ မရည္႐ြယ္ဘူး။ ကြၽန္ေတာ္တို႔ဟာ ႐ုရွား ႏိုင္ငံနဲ႔ မိတ္ေဆြ ပိသစြာလုပ္ကိုင္မယ့္ ဥေရာပတိုက္ရွိႏိုင္ငံအခ်ိဳ႕နဲ႔ ပူးေပါင္းေဆာင္႐ြက္မႈေတြ ဆက္လက္ လုပ္ေဆာင္မယ္။ ဥေရာပတိုက္အတြင္းရွိ ႐ုရွားဆန႔္က်င္ေရးႏိုင္ငံေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္မွာ မဟုတ္ဘူး။ ဥေရာပတိုက္ကိုေက်ာ္လြန္ၿပီး ႐ုရွားနဲ႔မိတ္ဖက္အျဖစ္ ပူးေပါင္းေဆာင္႐ြက္လိုတဲ့ႏိုင္ငံေတြကို ရွာေဖြသြားမယ္" လို႔ ေျပာပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြည်သူ့အငှားအိမ်ရာစီမံကိန်း တည်ဆောက်ရေးတွင် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အားလုံးကို တန်းတူအခွင့်အရေးများပေးသင့်ဟုဆို

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved