သံဖြူဇရပ်-ရေးလမ်းမကြီးတွင် ကုန်တင်ကားနှင့် အိမ်စီးကားတို့တိုက်မိ၍ လူ(၂)ဦးထိခိုက်ဒဏ်ရာရရှိ
စော (NP News) - မေ ၁၁
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ သံဖြူဇရပ်-ရေးလမ်းမကြီး၊ နှစ်ကရင်လမ်းဝအနီးတွင် ကုန်တင်ကားနှင့် အိမ်စီးကားတို့တိုက်မိ၍ လူ(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
အဆိုပါယာဉ်တိုက်မှုသည် ယနေ့(မေလ ၁၁ ရက်)၊ နံနက်(၁၁)နာရီဝန်းကျင်အချိန်တွင် အထက်ပါကဲ့သို့ဖြစ်ပွာခဲ့ကြောင်း လမိုင်းလူငယ်ပရဟိတအသင်းမှသိရသည်။
“ဘယ်လိုဖြစ်တာလဲတော့ မသိလိုက်ပါဘူး။ အိမ်စီးကားက အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရပါတယ်။ သေဆုံးတဲ့လူတော့မရှိဘူး။ ကုန်တင်ကားကလူကတော့ထိခိုက်ဒဏ်ရာမရဘူး။ ကုန်တင်ကားကသစ်တွေကိုတင်လာတာပါ”ဟု လမိုင်းလူငယ်ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ယာဉ်တိုက်မှုကြောင့် လူ(၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အား လမိုင်းပြည်သူဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း လမိုင်းလူငယ်ပရဟိတအသင်းမှဆိုသည်။
အလားတူ ယနေ့(မေလ ၁၁ ရက်)၊ နံနက်(၁၁)နာရီဝန်းကျင်အချိန်တွင် ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ်တွင် YBS ကားတစ်စီးနှင့် ကုန်တင်ကားတစ်စီးတို့တိုက်မိ၍ လူ(၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်တိုက်မှုသည်မှတ်တိုင်တွင် ခရီးသည်အတင်အချလုပ်နေ့သည့် YBS ယာဉ်အား ကုန်တင်ကားမှစလစ်ဖြစ်၍ အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
zawgyi version
သံျဖဴဇရပ္-ေရးလမ္းမႀကီးတြင္ ကုန္တင္ကားႏွင့္ အိမ္စီးကားတို႔တိုက္မိ၍ လူ(၂)ဦးထိခိုက္ဒဏ္ရာရရွိ
ေစာ (NP News) - ေမ ၁၁
မြန္ျပည္နယ္၊ သံျဖဴဇရပ္ၿမိဳ႕နယ္၊ သံျဖဴဇရပ္-ေရးလမ္းမႀကီး၊ ႏွစ္ကရင္လမ္းဝအနီးတြင္ ကုန္တင္ကားႏွင့္ အိမ္စီးကားတို႔တိုက္မိ၍ လူ(၂)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္းသိရသည္။
အဆိုပါယာဥ္တိုက္မႈသည္ ယေန႔(ေမလ ၁၁ ရက္)၊ နံနက္(၁၁)နာရီဝန္းက်င္အခ်ိန္တြင္ အထက္ပါကဲ့သို႔ျဖစ္ပြာခဲ့ေၾကာင္း လမိုင္းလူငယ္ပရဟိတအသင္းမွသိရသည္။
“ဘယ္လိုျဖစ္တာလဲေတာ့ မသိလိုက္ပါဘူး။ အိမ္စီးကားက အမ်ိဳးသားတစ္ဦး၊ အမ်ိဳးသမီးတစ္ဦး ထိခိုက္ဒဏ္ရာရပါတယ္။ ေသဆုံးတဲ့လူေတာ့မရွိဘူး။ ကုန္တင္ကားကလူကေတာ့ထိခိုက္ဒဏ္ရာမရဘူး။ ကုန္တင္ကားကသစ္ေတြကိုတင္လာတာပါ”ဟု လမိုင္းလူငယ္ပရဟိတအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ယာဥ္တိုက္မႈေၾကာင့္ လူ(၂)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး ၎တို႔အား လမိုင္းျပည္သူေဆး႐ုံသို႔ပို႔ေဆာင္ေပးခဲ့ေၾကာင္း လမိုင္းလူငယ္ပရဟိတအသင္းမွဆိုသည္။
အလားတူ ယေန႔(ေမလ ၁၁ ရက္)၊ နံနက္(၁၁)နာရီဝန္းက်င္အခ်ိန္တြင္ ရန္ကုန္တိုင္း၊ ေျမာက္ဥကၠလာၿမိဳ႕နယ္တြင္ YBS ကားတစ္စီးႏွင့္ ကုန္တင္ကားတစ္စီးတို႔တိုက္မိ၍ လူ(၂)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
အဆိုပါယာဥ္တိုက္မႈသည္မွတ္တိုင္တြင္ ခရီးသည္အတင္အခ်လုပ္ေန႔သည့္ YBS ယာဥ္အား ကုန္တင္ကားမွစလစ္ျဖစ္၍ အရွိန္မထိန္းႏိုင္ဘဲ ဝင္တိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံတွင် ချုပ်လုပ်သည့် အထည်များကို “Made in Myanmar” ထုတ်ကုန်အဖြစ် ရောက်ရှိအောင်ဆောင်ရွက်နေ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း