ကလောမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်(၁ဝဝ)ကျော် ရေနစ်မြုပ်
စော (NP News) - မေ ၁၁
ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ ရွှေဖုန်းမင်းကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ် (၁၁ဝ)ကျော် ရေနစ်မြုပ်သွားကြောင်း ကလာမြို့နယ် မီးသတ်စခန်းမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(မေလ ၁၁ ရက်)၊ နံနက်(၈)နာရီအချိန်တွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“မြုပ်တာကတစ်ရွာလုံးပါ။ အိမ်ခြေအကုန်ကတော့ (၁၁ဝ)ပါ။ အခုတော့ သူတို့ကို ယာယီတဲလေးလုပ်ပေးထားတာပါတယ်။ ဘုန်းကြီးကျောင်းကိုလည်း ပို့ထားပါတယ်။ မိုးကတော့မရွာတော့ပါဘူး။ မိုးရွာရင်တော့ ရေထပ်တက်လာနိုင်ပါတယ်။ လောလောဆယ်တော့ ရေလမ်းဖွင့်ပေးနေပါတယ်”ဟု ကလောမြို့နယ်မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
လက်ရှိတွင် ပြည်သူများအား ဘုန်းကြီးကျောင်းများသို့ပို့ဆောင်ပေးထားပြီး အဆိုပါ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူသေဆုံးမှု မရှိခဲ့ကြောင်း ၎င်းမှဆိုသည်။
အဆိုပါကျေးရွာသို့ ကလောမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
zawgyi version
ကေလာၿမိဳ႕နယ္တြင္ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ေနအိမ္(၁ဝဝ)ေက်ာ္ ေရနစ္ျမဳပ္
ေစာ (NP News) - ေမ ၁၁
ရွမ္းျပည္နယ္၊ ကေလာၿမိဳ႕နယ္၊ ေ႐ႊဖုန္းမင္းေက်း႐ြာတြင္ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ေနအိမ္ (၁၁ဝ)ေက်ာ္ ေရနစ္ျမဳပ္သြားေၾကာင္း ကလာၿမိဳ႕နယ္ မီးသတ္စခန္းမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔(ေမလ ၁၁ ရက္)၊ နံနက္(၈)နာရီအခ်ိန္တြင္ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
“ျမဳပ္တာကတစ္႐ြာလုံးပါ။ အိမ္ေျခအကုန္ကေတာ့ (၁၁ဝ)ပါ။ အခုေတာ့ သူတို႔ကို ယာယီတဲေလးလုပ္ေပးထားတာပါတယ္။ ဘုန္းႀကီးေက်ာင္းကိုလည္း ပို႔ထားပါတယ္။ မိုးကေတာ့မ႐ြာေတာ့ပါဘူး။ မိုး႐ြာရင္ေတာ့ ေရထပ္တက္လာႏိုင္ပါတယ္။ ေလာေလာဆယ္ေတာ့ ေရလမ္းဖြင့္ေပးေနပါတယ္”ဟု ကေလာၿမိဳ႕နယ္မီးသတ္စခန္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
လက္ရွိတြင္ ျပည္သူမ်ားအား ဘုန္းႀကီးေက်ာင္းမ်ားသို႔ပို႔ေဆာင္ေပးထားၿပီး အဆိုပါ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ လူေသဆုံးမႈ မရွိခဲ့ေၾကာင္း ၎မွဆိုသည္။
အဆိုပါေက်း႐ြာသို႔ ကေလာၿမိဳ႕နယ္မီးသတ္စခန္းမွ မီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ အရန္မီးသတ္တပ္ဖြဲ႕ဝင္မ်ားႏွင့္ သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားက ကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ား သြားေရာက္ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သံဖြူဇရပ်-ရေးလမ်းမကြီးတွင် ကုန်တင်ကားနှင့် အိမ်စီးကားတို့တိုက်မိ၍ လူ(၂)ဦးထိခိုက်ဒဏ်ရာရရှိ
RELATED POSTS
19 Sep 2024 | လူမှုရေး,ပြည်တွင်း
18 Sep 2024 | လူမှုရေး,ပြည်တွင်း