Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် BIMSTEC နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို မြန်မာ အပါအဝင် အဖွဲ့ဝင်နိုင်ငံအားလုံး တက်ရောက်ဖွယ်ရှိနေ

ဂျန်ဇက် (NP News) - မေ ၁ဝ

ထိုင်းနိုင်ငံသည် လာမည့်ဇူလိုင်လတွင် BIMSTEC နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အိမ်ရှင်အဖြစ် တစ်ကျော့ပြန်ကျင်းပမည်ဖြစ်ရာ မြန်မာ အပါအဝင် အဖွဲ့ဝင်နိုင်ငံအားလုံး၏ နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက် ဖွယ်ရှိနေကြောင်း သိရသည်။

အဆိုပါအစည်းအဝေးနှင့်နီးစပ်သော သတင်းအရင်းမြစ်က အဖွဲ့ဝင်နိုင်ငံအားလုံး၏ နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်ရန် သဘောတူညီထားကြောင်း သိရသည်။ 

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်ဦးဆောင်သော အနောက်အုပ်စုနိုင်ငံများသည် နစက တာဝန်ရှိသူများကို နိုင်ငံတကာအစည်းအဝေး တက်ရောက်ခွင့်မပေးရန် ဖိအားပေးမှုများရှိခဲ့ရာ ပြီးခဲ့သောနှစ် ကလည်း သီရိလင်္ကာနိုင်ငံတွင်ကျင်းပသော BIMSTEC အစည်းအဝေးကို နစက တာဝန်ရှိသူများ တက်ရောက်ခွင့် မပေးရန်တောင်းဆိုခဲ့ကြောင်း သိရသည်။ 

သို့သော်လည်း အိမ်ရှင်အဖြစ် လက်ခံသော သီရိလင်္ကာနိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့သည် မြန်မာနိုင်ငံကို BIMSTEC  အစည်းအဝေးတက်ရောက်ရန် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ BIMSTEC  အဖွဲ့တွင် ဘင်္ဂလားဒေရှ့်နိုင်ငံ၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနိုင်ငံ၊ ထိုင်းနိုင်ငံတို့ ပါဝင်လျက်ရှိနေကြောင်း သိရသည်။ ထိုင်းနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပချိန်အတွင်း ၂ဝ၁၈ ခုနှစ်တုန်းက ထိုင်းနိုင်ငံက အဆိုပြုကမ်းလှမ်းထားသော သယ်ယူပို့ဆောင် ရေးဆိုင်ရာ BIMSTEC Master Plan ကို အကောင်အထည်ဖော်ရန် အဓိက ဦးစားပေးဆောင်ရွက်ဖွယ်ရှိနေ ကြောင်း သိရသည်။ 

BIMSTEC အဖွဲ့ဝင်နိုင်ငံများ၏ လူဦးရေ စုစုပေါင်းက ၁ ဒသမ ၈ ဘီလျံရှိနေပြီး အဖွဲ့ဝင်နိုင်ငံအားလုံး၏ ပြည်တွင်း ဂျီဒီပီက၂ဝ၂၂ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၄ ထရီလီယံ ရှိခဲ့ကြာင်း သိရသည်။ ထိုင်းနိုင်ငံအနေဖြင့် အဖွဲ့ဝင်နိုင်ငံအားလုံးနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်နေပြီး၊ အလှည့်ကျဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားချိန်အတွင်း BIMSTEC အဖွဲ့ဝင်နိုင်ငံအားလုံး၏ ဖွံ့ဖြိုးတိုးတက်ရေး အားလုံးပါဝင်ရေး နှင့် ပြည်သူအချင်းချင်း ပူးပေါင်းနိုင်ရေး၊ စီးပွားရေးလုပ်ငန်းများ နီးကပ်စွာဆောင်ရွက်ရေးတို့ကို အဓိကထားဆောင်ရွက်သွားဖွယ်ရှိနေကြောင်း သတင်း အရင်းမြစ်တွေ က ပြောသည်။


Zawgyi Version;


ဂျန်ဇက် (NP News) - မေ ၁ဝ






Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အိန္ဒိယ၏ အကူအညီဖြင့် ဆောင်ရွက်ခဲ့သည့် စစ်တွေကုလားတန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း စတင်ဖွင့်လှစ်

RELATED POSTS
RECENT POSTS
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved