Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
လက်နက်ခဲယမ်းဖြင့် ဥပဒေဘောင်အတွင်း ဝင်လာမည့် PDF အဖွဲ့ဝင်များကို အများဆုံး ငွေကျပ်(၇၅) သိန်း ဆုကြေးငွေပေးမည်ဟု နစကကြေညာ

မျိုးကြီး (NP News) - မေ ၁ဝ

လက်နက်ခဲယမ်းများဖြင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာမည့် PDF အဖွဲ့ဝင်များကို အများဆုံးငွေကျပ်(၇၅)သိန်းဖြင့် ဆုကြေးငွေထောက်ပံ့ပေးသွားမည်ဟု နစကမှကြေညာလိုက်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် မေလ ၉ ရက် ညပိုင်းအတွင် အထက်ပါကဲ့သို့ ထည့်သွင်းကြေ ညာကာ PDF အဖွဲ့ဝင်များ၊ အဖွဲ့အစည်းအမျိုးမျိုးအမည်ခံကာ လက်နက်ကိုင်ဆန့်ကျင်နေသူများကို ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

နစကသည် နိုင်ငံတော်၏တာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွှဲပြောင်းတာဝန်ထမ်းဆောင်စဉ် နိုင်ငံတော်အလုံးစုံပျက်သုဉ်းရေးကို ဦးတည်ဆောင်ရွက်လိုသူများက CRPH၊ NUG နှင့် NUG ၏လက်ဝေခံဖြစ်သည့် PDF အဖွဲ့အစည်းများကို ဖွဲ့စည်းကာ လက်နက်ကိုင်အကြမ်းဖက်လုပ်ရပ်များကို လုပ် ဆောင်ခဲ့ကြသဖြင့် ဥပဒေအရ အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာခဲ့ရကြောင်း နစကမှ ဆိုသည်။

၎င်းတို့၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် သံဃာတော်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူ များစွာ အသက်ဆုံးရှုံးခဲ့ကြရပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ အဟန့်အတားများ ဖြစ်ပေါ်စေခဲ့ကြောင်းလည်း နစကမှ ထုတ်ပြန်ထားသည်။

ထို့ကြောင့် နိုင်ငံတော်အား အလုံးစုံပျက်သုဉ်းစေလိုသူများ၏ ဝါဒမှိုင်းအောက်မှရုန်းထွက်ကာ နိုင်ငံတည် ဆောက်ရေး၌ အတူတကွပူးပေါင်းဆောင်ရွက်ရမည့် အချိန်ဖြစ်သည့်အတွက် အကြောင်းအမျိုးမျိုးကြောင့် PDF အပါအဝင် အကြမ်းဖက်အဖွဲ့များအတွင်းရောက်ရှိနေသူများ၊ ဥပဒေပြင်ပရှိ အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအနေဖြင့် နိုင်ငံတော်တည်ဆောက်ရေး၌ ပါဝင်နိုင်ရန်အတွက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ရန် နစကမှ ဖိတ်ခေါ်လိုက်သည်။

သို့သော် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအနေဖြင့် လူသတ်မှု၊ မုဒိမ်းမှု၊ သူတစ်ပါးအပေါ် ထိ ခိုက်နစ်နာစေမှုစသည့် ပြစ်မှုတစ်ခုခုကျူးလွန်ထားသူဖြစ်ပါက ဥပဒေအရ တရားရုံး၌ အမှုရင်ဆိုင်ဖြေရှင်းရမည်ဖြစ်ပြီး အစိုးရအနေဖြင့်လည်း ပြစ်မှုအပေါ်မူတည်ကာ လိုအပ်သည့် ဖြေလျှော့မှုများ ပြုလုပ်ပေးသွားမည်ဟု နစကမှ အသိပေးထားသည်။

ထို့ပြင် ၎င်းကဲ့သို့ ဝင်ရောက်လာပါက လိုအပ်သည့်ကူညီပံ့ပိုးမှုများကို ဆောင်ရွက်ပေးသွားမည့်အပြင် လက်နက်/ခဲယမ်းပါရှိလာသူများကိုလည်း ဆုကြေးငွေများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းလည်း ကြေညာထားသည်။

ထိုသို့ ဥပဒေဘောင်အတွင်း ဝင်ရောက်လာရာ၌ စိန်ပြောင်း၊ လောင်ချာ၊ အာပီဂျီကဲ့သို့သော လက်နက်များအနက် တစ်လက်ပါရှိပါက ငွေကျပ်(၇၅)သိန်း ဆုကြေးငွေထောက်ပံ့မည်ဖြစ်ကြောင်း နစကမှဆို သည်။

ရိုင်ဖယ်သေနတ်တစ်လက်လျှင် ငွေကျပ်သိန်း(၅ဝ)၊ ပစ္စတိုတစ်လက်လျှင် ငွေကျပ်သိန်း(၂ဝ)၊ ပြောင်းချောသေနတ်တစ်လက်လျှင် ငွေကျပ်သိန်း(၃ဝ)၊ လက်လုပ်ပြောင်းချောသေနတ်၊ လက်လုပ်စိန်ပြောင်းတစ်လက်လျှင် ငွေကျပ်(၅)သိန်း ထောက်ပံ့ပေးမည်ဟု နစကမှ ဖိတ်ခေါ်ထားသည်။

ထို့ပြင် လက်လုပ်မိုင်းများ၊ လက်ပစ်ဗုံးများပါရှိပါက ငွေကျပ်(၃)သိန်း၊ စကားပြောစက်ပါရှိပါက ငွေကျပ်(၂)သိန်းနှင့် ဗုံးဖောက်ခွဲရေးအတွက် အသုံးပြုနိုင်သော ဒရုန်းတစ်စင်းပါရှိပါက ငွေကျပ်သိန်း (၅ဝ)အထိ ဆုကြေးငွေအဖြစ် ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း နစကမှ ကြေညာထားသည်။

ထို့ကြောင့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ ဆက်သွယ်သတင်းပို့ကာ ဝင်ရောက်နိုင်ကြောင်း နစကမှ ဖိတ်ခေါ်ထားသည်။

zawgyi version

လက္နက္ခဲယမ္းျဖင့္ ဥပေဒေဘာင္အတြင္း ဝင္လာမည့္ PDF အဖြဲ႕ဝင္မ်ားကို အမ်ားဆုံး ေငြက်ပ္(၇၅) သိန္း ဆုေၾကးေငြေပးမည္ဟု နစကေၾကညာ

မ်ိဳးႀကီး (NP News) - ေမ ၁ဝ

လက္နက္ခဲယမ္းမ်ားျဖင့္ ဥပေဒေဘာင္အတြင္း ဝင္ေရာက္လာမည့္ PDF အဖြဲ႕ဝင္မ်ားကို အမ်ားဆုံးေငြက်ပ္(၇၅)သိန္းျဖင့္ ဆုေၾကးေငြေထာက္ပံ့ေပးသြားမည္ဟု နစကမွေၾကညာလိုက္သည္။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီသည္ ေမလ ၉ ရက္ ညပိုင္းအတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေၾက ညာကာ PDF အဖြဲ႕ဝင္မ်ား၊ အဖြဲ႕အစည္းအမ်ိဳးမ်ိဳးအမည္ခံကာ လက္နက္ကိုင္ဆန႔္က်င္ေနသူမ်ားကို ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ေရာက္ရန္ ဖိတ္ေခၚခဲ့ျခင္းျဖစ္သည္။

နစကသည္ ႏိုင္ငံေတာ္၏တာဝန္မ်ားကို ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္အညီ လႊဲေျပာင္းတာဝန္ထမ္းေဆာင္စဥ္ ႏိုင္ငံေတာ္အလုံးစုံပ်က္သုဥ္းေရးကို ဦးတည္ေဆာင္႐ြက္လိုသူမ်ားက CRPH၊ NUG ႏွင့္ NUG ၏လက္ေဝခံျဖစ္သည့္ PDF အဖြဲ႕အစည္းမ်ားကို ဖြဲ႕စည္းကာ လက္နက္ကိုင္အၾကမ္းဖက္လုပ္ရပ္မ်ားကို လုပ္ ေဆာင္ခဲ့ၾကသျဖင့္ ဥပေဒအရ အၾကမ္းဖက္အဖြဲ႕မ်ားအျဖစ္ ေၾကညာခဲ့ရေၾကာင္း နစကမွ ဆိုသည္။

၎တို႔၏ အၾကမ္းဖက္တိုက္ခိုက္မႈမ်ားေၾကာင့္ သံဃာေတာ္မ်ား၊ ႏိုင္ငံ့ဝန္ထမ္းမ်ားႏွင့္ အျပစ္မဲ့ျပည္သူ မ်ားစြာ အသက္ဆုံးရႈံးခဲ့ၾကရၿပီး ႏိုင္ငံေတာ္ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ပါ အဟန႔္အတားမ်ား ျဖစ္ေပၚေစခဲ့ေၾကာင္းလည္း နစကမွ ထုတ္ျပန္ထားသည္။

ထို႔ေၾကာင့္ ႏိုင္ငံေတာ္အား အလုံးစုံပ်က္သုဥ္းေစလိုသူမ်ား၏ ဝါဒမႈိင္းေအာက္မွ႐ုန္းထြက္ကာ ႏိုင္ငံတည္ ေဆာက္ေရး၌ အတူတကြပူးေပါင္းေဆာင္႐ြက္ရမည့္ အခ်ိန္ျဖစ္သည့္အတြက္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ PDF အပါအဝင္ အၾကမ္းဖက္အဖြဲ႕မ်ားအတြင္းေရာက္ရွိေနသူမ်ား၊ ဥပေဒျပင္ပရွိ အဖြဲ႕အစည္းမ်ားအတြင္း ေရာက္ရွိေနသူမ်ားအေနျဖင့္ ႏိုင္ငံေတာ္တည္ေဆာက္ေရး၌ ပါဝင္ႏိုင္ရန္အတြက္ ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ေရာက္ရန္ နစကမွ ဖိတ္ေခၚလိုက္သည္။

သို႔ေသာ္ ဥပေဒေဘာင္အတြင္း ဝင္ေရာက္လာသူမ်ားအေနျဖင့္ လူသတ္မႈ၊ မုဒိမ္းမႈ၊ သူတစ္ပါးအေပၚ ထိ ခိုက္နစ္နာေစမႈစသည့္ ျပစ္မႈတစ္ခုခုက်ဴးလြန္ထားသူျဖစ္ပါက ဥပေဒအရ တရား႐ုံး၌ အမႈရင္ဆိုင္ေျဖရွင္းရမည္ျဖစ္ၿပီး အစိုးရအေနျဖင့္လည္း ျပစ္မႈအေပၚမူတည္ကာ လိုအပ္သည့္ ေျဖေလွ်ာ့မႈမ်ား ျပဳလုပ္ေပးသြားမည္ဟု နစကမွ အသိေပးထားသည္။

ထို႔ျပင္ ၎ကဲ့သို႔ ဝင္ေရာက္လာပါက လိုအပ္သည့္ကူညီပံ့ပိုးမႈမ်ားကို ေဆာင္႐ြက္ေပးသြားမည့္အျပင္ လက္နက္/ခဲယမ္းပါရွိလာသူမ်ားကိုလည္း ဆုေၾကးေငြမ်ား ေထာက္ပံ့ေပးသြားမည္ျဖစ္ေၾကာင္းလည္း ေၾကညာထားသည္။

ထိုသို႔ ဥပေဒေဘာင္အတြင္း ဝင္ေရာက္လာရာ၌ စိန္ေျပာင္း၊ ေလာင္ခ်ာ၊ အာပီဂ်ီကဲ့သို႔ေသာ လက္နက္မ်ားအနက္ တစ္လက္ပါရွိပါက ေငြက်ပ္(၇၅)သိန္း ဆုေၾကးေငြေထာက္ပံ့မည္ျဖစ္ေၾကာင္း နစကမွဆို သည္။

႐ိုင္ဖယ္ေသနတ္တစ္လက္လွ်င္ ေငြက်ပ္သိန္း(၅ဝ)၊ ပစၥတိုတစ္လက္လွ်င္ ေငြက်ပ္သိန္း(၂ဝ)၊ ေျပာင္းေခ်ာေသနတ္တစ္လက္လွ်င္ ေငြက်ပ္သိန္း(၃ဝ)၊ လက္လုပ္ေျပာင္းေခ်ာေသနတ္၊ လက္လုပ္စိန္ေျပာင္းတစ္လက္လွ်င္ ေငြက်ပ္(၅)သိန္း ေထာက္ပံ့ေပးမည္ဟု နစကမွ ဖိတ္ေခၚထားသည္။

ထို႔ျပင္ လက္လုပ္မိုင္းမ်ား၊ လက္ပစ္ဗုံးမ်ားပါရွိပါက ေငြက်ပ္(၃)သိန္း၊ စကားေျပာစက္ပါရွိပါက ေငြက်ပ္(၂)သိန္းႏွင့္ ဗုံးေဖာက္ခြဲေရးအတြက္ အသုံးျပဳႏိုင္ေသာ ဒ႐ုန္းတစ္စင္းပါရွိပါက ေငြက်ပ္သိန္း (၅ဝ)အထိ ဆုေၾကးေငြအျဖစ္ ေထာက္ပံ့ ေပးသြားမည္ျဖစ္ေၾကာင္း နစကမွ ေၾကညာထားသည္။

ထို႔ေၾကာင့္ ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ေရာက္လိုသူမ်ားအေနျဖင့္ နီးစပ္ရာ ခ႐ိုင္၊ ၿမိဳ႕နယ္စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕မ်ား၊ တပ္စခန္းမ်ားႏွင့္ ရဲစခန္းမ်ားသို႔ ဆက္သြယ္သတင္းပို႔ကာ ဝင္ေရာက္ႏိုင္ေၾကာင္း နစကမွ ဖိတ္ေခၚထားသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စာရေးဆရာမတစ်ဦးကို လိင်ပိုင်းဆိုင်ရာကျူးလွန်စော်ကားမှုနဲ့ပတ်သက်ပြီး ဒေါ်နယ်ထရမ့်ကို နစ်နာကြေး အမေရိကန်ဒေါ်လာ ၅ သန်းပေးဖို့ တရားရုံး အမိန့်ချမှတ်

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved