Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းကို စိုးရိမ်မိကြောင်း အာဆီယံအဖွဲ့ခေါင်းဆောင်များ သတင်းထုတ်ပြန်

ဂျန်ဇက် (NP News) - မေ ၁ဝ 

အာဆီယံအဖွဲ့နိုင်ငံများရဲ့ခေါင်းဆောင်များက မြန်မာနိုင်ငံမှာအကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းအပေါ် အလွန်မင်းစိုးရိမ်မိကြောင်း၊ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံရှိ နေရပ်စွန့်ခွာသူများကို လူသားချင်းဆိုင်ရာစာနာမှု အကူအညီပေးဖို့သွားရောက်ခဲ့တဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံများရဲ့သံတမန်များ လိုက်ပါလာတဲ့ ယာဉ်တန်း တိုက်ခိုက်ခံ ရခြင်းအပေါ် ပြစ်တင်ရှုတ်ချကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။

အာဆီယံခေါင်းဆောင်များက "မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေတာတွေကို စိုးရိမ်မိပါ တယ်။ မြန်မာနိုင်ငံမှာ အာလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ၊ လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေ အချိန်မီ လွှဲပြောင်းပေးနိုင်ဖို့၊ ဘေးကင်းမှုတွေဖြစ်လာအောင် အပြုသဘောဆောင် ပတ်ဝန်းကျင်ကောင်းတွေ ဖန်တီးနိုင်ဖို့ လုပ်ဆောင်စေလိုပါတယ်။ ဒါ့အပြင် အင်အားသုံးဖြေရှင်းတာမျိုးတွေ၊ အကြမ်းဖက်မှုပုံစံအားလုံးကို ချက်ချင်းရပ်တန့်စေဖို့ တိုက်တွန်းပါတယ်" လို့ သတင်းထုတ်ပြန်ထားပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ခေါင်းဆောင်တွေဟာ မေလ ၁ဝ ရက်ကနေ စတင်ကျင်းပတော့ အာဆီယံထိပ်သီး အစည်းအဝေးကို တက်ရောက်လာခဲ့ပြီးနောက် ပူးတွဲကြေညာချက်ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အခုလိုမျိုးထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဒါ့အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများရဲ့ခေါင်းဆောင်တွေက ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံမှာ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေရဲ့သံတမန်တွေ လိုက်ပါလာတဲ့ ယာဉ်တန်းတိုက်ခိုက်ခံရမှုအပေါ် ပြစ်တင်ရှုတ်ချကြောင်း၊ ကျူးလွန်သူများဟာ တာဝန်ယူမှုတာဝန်ခံမှုရှိရမှာဖြစ်ကြောင်း ဆိုပါတယ်။

အာဆီယံထိပ်သီးအစည်းအဝေး မကျင်းပခင် ပြီးခဲ့တဲ့ရက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံ  Flores ကျွန်းမှာ အာဆီယံ အဖွဲ့ဝင်နိုင်ငံများရဲ့ နိုင်ငံခြားရေးဝန်ကြီးများ ကနဦး တွေ့ဆုံဆွေးနွေးခဲ့ရာ မြန်မာနိုင်ငံရေးအခက်အခဲများကို ဖြေရှင်းရေးနဲ့ပတ်သက်ပြီး အာဆီယံသဘောတူညီချက်ငါးချက်ကို ဆက်လက်လုပ်ကိုင်ဖို့ သဘောတူညီခဲ့ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာရယူမှုပြီးတဲ့နောက်ပိုင်း အာဆီယံခေါင်းဆောင်တွေဟာ နစကခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေးပြီး အာဆီယံသဘောတူညီချက်ငါးချက်ကို ရယူခဲ့ပေမယ့် ၂ နှစ်ကျော်ကြာချိန်အထိ သဘောတူညီချက်များကို အပြည့်အဝအကောင်ထည်ဖော်နိုင်ခြင်းမရှိကြောင်း ဝေဖန်မှုများလည်းရှိနေခဲ့ပါတယ်။


Zawgyi Version;

ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္မႈမ်ား ဆက္လက္ျဖစ္ပြားေနျခင္းကို စိုးရိမ္မိေၾကာင္း အာဆီယံအဖြဲ႕ေခါင္းေဆာင္မ်ား သတင္းထုတ္ျပန္ 

ဂ်န္ဇက္ (NP News) - ေမ ၁ဝ 

အာဆီယံအဖြဲ႕ႏိုင္ငံမ်ားရဲ႕ေခါင္းေဆာင္မ်ားက ျမန္မာႏိုင္ငံမွာအၾကမ္းဖက္မႈမ်ား ဆက္လက္ျဖစ္ပြားေနျခင္းအေပၚ အလြန္မင္းစိုးရိမ္မိေၾကာင္း၊ ၿပီးခဲ့တဲ့ရက္ပိုင္းက ျမန္မာႏိုင္ငံရွိ ေနရပ္စြန႔္ခြာသူမ်ားကို လူသားခ်င္းဆိုင္ရာစာနာမႈ အကူအညီေပးဖို႔သြားေရာက္ခဲ့တဲ့ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားရဲ႕သံတမန္မ်ား လိုက္ပါလာတဲ့ ယာဥ္တန္း တိုက္ခိုက္ခံ ရျခင္းအေပၚ ျပစ္တင္ရႈတ္ခ်ေၾကာင္း သတင္းထုတ္ျပန္လိုက္ပါတယ္။

အာဆီယံေခါင္းေဆာင္မ်ားက "ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္မႈမ်ား ဆက္လက္ျဖစ္ပြားေနတာေတြကို စိုးရိမ္မိပါ တယ္။ ျမန္မာႏိုင္ငံမွာ အာလုံးပါဝင္တဲ့ ေတြ႕ဆုံေဆြးေႏြးမႈေတြ၊ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေတြ အခ်ိန္မီ လႊဲေျပာင္းေပးႏိုင္ဖို႔၊ ေဘးကင္းမႈေတြျဖစ္လာေအာင္ အျပဳသေဘာေဆာင္ ပတ္ဝန္းက်င္ေကာင္းေတြ ဖန္တီးႏိုင္ဖို႔ လုပ္ေဆာင္ေစလိုပါတယ္။ ဒါ့အျပင္ အင္အားသုံးေျဖရွင္းတာမ်ိဳးေတြ၊ အၾကမ္းဖက္မႈပုံစံအားလုံးကို ခ်က္ခ်င္းရပ္တန႔္ေစဖို႔ တိုက္တြန္းပါတယ္" လို႔ သတင္းထုတ္ျပန္ထားပါတယ္။

အာဆီယံအဖြဲ႕ဝင္ႏိုင္ငံေတြရဲ႕ေခါင္းေဆာင္ေတြဟာ ေမလ ၁ဝ ရက္ကေန စတင္က်င္းပေတာ့ အာဆီယံထိပ္သီး အစည္းအေဝးကို တက္ေရာက္လာခဲ့ၿပီးေနာက္ ပူးတြဲေၾကညာခ်က္ထုတ္ျပန္ရာမွာ ျမန္မာႏိုင္ငံနဲ႔ပတ္သက္ၿပီး အခုလိုမ်ိဳးထုတ္ျပန္ထားတာျဖစ္ပါတယ္။

ဒါ့အျပင္ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားရဲ႕ေခါင္းေဆာင္ေတြက ၿပီးခဲ့တဲ့ရက္ပိုင္းက ျမန္မာႏိုင္ငံမွာ အာဆီယံအဖြဲ႕ဝင္ ႏိုင္ငံေတြရဲ႕သံတမန္ေတြ လိုက္ပါလာတဲ့ ယာဥ္တန္းတိုက္ခိုက္ခံရမႈအေပၚ ျပစ္တင္ရႈတ္ခ်ေၾကာင္း၊ က်ဴးလြန္သူမ်ားဟာ တာဝန္ယူမႈတာဝန္ခံမႈရွိရမွာျဖစ္ေၾကာင္း ဆိုပါတယ္။

အာဆီယံထိပ္သီးအစည္းအေဝး မက်င္းပခင္ ၿပီးခဲ့တဲ့ရက္ပိုင္းက အင္ဒိုနီးရွားႏိုင္ငံ  Flores ကြၽန္းမွာ အာဆီယံ အဖြဲ႕ဝင္ႏိုင္ငံမ်ားရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီးမ်ား ကနဦး ေတြ႕ဆုံေဆြးေႏြးခဲ့ရာ ျမန္မာႏိုင္ငံေရးအခက္အခဲမ်ားကို ေျဖရွင္းေရးနဲ႔ပတ္သက္ၿပီး အာဆီယံသေဘာတူညီခ်က္ငါးခ်က္ကို ဆက္လက္လုပ္ကိုင္ဖို႔ သေဘာတူညီခဲ့ေၾကာင္း သိရပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္ အာဏာရယူမႈၿပီးတဲ့ေနာက္ပိုင္း အာဆီယံေခါင္းေဆာင္ေတြဟာ နစကေခါင္းေဆာင္နဲ႔ ေတြ႕ဆုံေဆြးေႏြးၿပီး အာဆီယံသေဘာတူညီခ်က္ငါးခ်က္ကို ရယူခဲ့ေပမယ့္ ၂ ႏွစ္ေက်ာ္ၾကာခ်ိန္အထိ သေဘာတူညီခ်က္မ်ားကို အျပည့္အဝအေကာင္ထည္ေဖာ္ႏိုင္ျခင္းမရွိေၾကာင္း ေဝဖန္မႈမ်ားလည္းရွိေနခဲ့ပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လက်နက်ခဲယမ်းဖြင့် ဥပဒေဘောင်အတွင်း ဝင်လာမည့် PDF အဖွဲ့ဝင်များကို အများဆုံး ငွေကျပ်(၇၅) သိန်း ဆုကြေးငွေပေးမည်ဟု နစကကြေညာ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved