Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နစက၏ နိုင်ငံခြားရေးဝန်ကြီးကို အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲတက်ရောက်ခွင့်ပေးခြင်းနှင့်ပတ်သက်ပြီး ထိုင်းထောက်လှမ်းရေးဒုတိယအကြီးအကဲ တုံ့ပြန်ပြောဆို

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၂၈

ထိုင်းနိုင်ငံက ဘန်ကောက်မြို့တွင် ပြုလုပ်သည့် မြန်မာ့အရေးအလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ရန် မြန်မာနိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ခေါ်ပြီး အာဆီယံကို နှစ်ခြမ်းကွဲအောင်လုပ်ခဲ့သည်ဆိုသော မီဒီယာများ၏ရေးသားဖော်ပြချက်များကို ထိုင်းအမျိုးသားထောက်လှမ်းရေး ဒုတိယညွှန်ကြားရေးမှူးဟောင်းနန်တီဝက် ဆာမတ်က တုံ့ပြန်ပြောဆိုလိုက်ကြောင်း သိရသည်။

ထိုင်း အမျိုးသားထောက်လှမ်းရေး ဒုတိယညွှန်ကြားရေးမှူးဟောင်းက အဆိုပါ အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုကြောင့် အာဆီယံအဖွဲ့ကို နှစ်ပိုင်းကွဲခြင်းမရှိကြောင်းဆိုသည်။

ထိုင်း အမျိုးသားထောက်လှမ်းရေး ဒုတိယညွှန်ကြားရေးမှူးဟောင်းနန်တီဝက် ဆာမတ်က"ကျွန်တော့်ရဲ့အမြင်တော့ ဒီတွေ့ဆုံဆွေးနွေးပွဲက သင့်တော်ပြီး ခေတ်မီမှုရှိတယ်။ မတူညီတဲ့အချက်တွေကို ဘေးဖယ်ထားပြီး တူညီတဲ့ ဘုံသဘောတူညီမှုရအောင်ကြိုးပမ်းတာမျိုးဖြစ်တယ်။ ဆွေးနွေးမှုကနေ တူညီတဲ့အမြင်တွေရမယ်ဆိုရင် ရှေ့ဆက်နိုင်အောင်တွန်းအားပေးလုပ်ဆောင်ရမယ်။ မိတ်ဆွေတွေကနေ ရန်သူတွေအဖြစ် မပြောင်းလဲရေးဟာ အဓိကအရေကြီးတယ်။ သံတမန်ရေးရာရဲ့အဓိကအရေးပါဆုံးက တွေ့ဆုံဆွေးနွေးခြင်း၊ နားလည်မှုရအောင် ကြိုးစားခြင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီခြင်းတို့ဖြစ်တယ်။ သံတမန်ရေးရာရဲ့အဓိကအရေးပါဆုံးအချက်က ဘယ်သူမှန်တယ် ဘယ်သူမှားတယ်ဆိုပြီး လက်ညှိုးထိုး ပြစ်တင်ရှုတ်ချတာမျိုးမဟုတ်ဘူး။ သံတမန်နည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေးမှုတွေမလုပ်ဆောင်ဘူးဆိုရင် စစ်ပွဲတွေဖြစ်လာနိုင်ဖွယ်ရှိတယ်။ ထိုင်းအစိုးရဟာ ဒေသအတွင်းမှာ ငြိမ်းချမ်းမှုတွေရယူနိုင်အောင် မိတ်ဆွေပီသတဲ့နိုင်ငံအဖြစ်ဆောင်ရွက်နိုင်ဖို့ ကြိုးစားတာဖြစ်တယ်။ ထိုင်းနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးရဲ့နိုင်ငံခြားရေးဝန်ကြီးများကို ဖိတ်ခေါ်ခဲ့တယ်။တွေ့ဆုံဆွေးနွေးမှုလုပ်နိုင်ဖို့ မြန်မာအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးကို ဖိတ်ခေါ်ခဲ့တာဖြစ်တယ်။ ဒီတွေ့ဆုံဆွေးနွေးပွဲက အလွတ်သဘောတွေ့ဆုံဆွေးနွေးတာမျိုးဖြစ်တယ်။ ဒါပေမယ့်အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့ရဲ့ နိုင်ငံ ခြားရေးဝန်ကြီးတွေ တက်ရောက်တာမျိုးမရှိခဲ့ဘူး။ ဒီတွေ့ဆုံဆွေးနွေးပွဲက မြန်မာ နိုင်ငံရေးအခက်ခဲတွေကို အဖြေရှာနိုင်အောင် ကြိုးပမ်းတာမျိုးလည်းဖြစ်တယ်။ မတူကွဲပြားမှုတွေကို နားလည်ဖို့ အနည်းဆုံးတော့ တစ်ခါလောက်တော့ တွေ့ဆုံဆွေး နွေးသင့်တယ်။ ထိုင်းနိုင်ငံဟာ အိမ်နီးချင်းမြန်မာနိုင်ငံမှာဖြစ်နေတဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီး သက်ရောက်မှုများကိုတိုက်ရိုက်တွေ့ကြုံနေရတယ်။ ထိုင်းပြည်သူတွေလည်း အဲဒီသက်ရောက်မှုတွေကို တွေ့ကြုံခံစားနေရတယ်။ မြန်မာနိုင်ငံဘက်ခြမ်းမှာဖြစ်နေတဲ့တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးတဲ့ ဒုက္ခသည်ပြဿနာနဲ့ မူးယစ်ဆေးဝါးတင်သွင်းဖို့ကြိုးပမ်းတဲ့ ပြဿနာတွေကိုတွေ့ ကြုံရင်ဆိုင်နေရတာဖြစ်တယ်။ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံရေးပြဿနာနဲ့ပတ်သက်ပြီး သဟဇာတဖြစ်ရေးအတွက် နည်းလမ်းရှာကြိုးပမ်းမှာဖြစ်တယ်"ဟု ၎င်း၏ Facebook စာမျက်နှာတွင်ရေးသားဖော်ပြထားသည်။

ထို့ပြင် ၎င်းက အာဆီယံ၏အခြေခံပဋိဉာဏ်စည်းကမ်းများထဲတွင် အဖွဲ့တစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားအဖွဲ့ဝင်နိုင်ငံများ ကြားဝင်စွက်ဖက်ခြင်းမျိုး မလုပ်ရန်ဆိုသည့်အချက်ကို သတ်မှတ်ထားပြီး လက်ရှိအချိန်အထိ လက်ခံကျင့်သုံးနေဆဲဖြစ် ကြောင်း၊ အာဆီယံသည် အဖွဲ့ဝင်နိုင်ငံ၏ ပြည်တွင်းကို ဖြေရှင်းနိုင်ရန်အတွက် အခြားအဖွဲ့ဝင်နိုင်ငံများနှင့်အတူပူးပေါင်းဆောင်ရွက်ရန်အချိန်ယူရမည်ဖြစ်ကြောင်း၊ထိုင်းပြည်သူများသည် အိမ်နီးချင်းမြန်မာနိုင်ငံတွင် တိုက်ပွဲများဖြစ်ပွားနေခြင်းကို တွေ့မြင်လိုခြင်းမရှိကြောင်း ထိုင်းအမျိုးသားထောက်လှမ်းရေး ဒုတိယညွှန်ကြားရေးမှူးဟောင်း နန်တီဝက် ဆာမတ်ကဆိုသည်။

မြန်မာ့အရေးနှင့်ပတ်သက်ပြီးတွေ့ဆုံဆွေးနွေးပွဲတွင်ပါဝင်ခဲ့သော နိုင်ငံများသည် တွေ့ဆုံဆွေနွေးရေးနည်းလမ်းကို အသုံးပြုရန်နှင့်အချိန်ယူဆွေးနွေးဖြေရှင်းရန် သဘောတူညီခဲ့ကြောင်း၊ အဆိုပါအချက်သည် တစ်စုံတစ်ဦးကို တွေ့ဆုံဆွေးနွေးပွဲများတွင်ပါဝင်ခွင့် ပိတ်ပင်ခြင်းထက် ပိုမိုကောင်းမွန်ကြောင်း ထိုင်းအမျိုးသားထောက်လှမ်းရေး ဒုတိယညွှန်ကြားရေးမှူးဟောင်းနန်တီဝက် ဆာမတ်က သုံးသပ်ပြောဆိုထားသည်။


zawgyi version

နစက၏ ႏိုင္ငံျခားေရးဝန္ႀကီးကို အလြတ္သေဘာေတြ႕ဆုံေဆြးေႏြးပြဲတက္ေရာက္ခြင့္ေပးျခင္းႏွင့္ပတ္သက္ၿပီး ထိုင္းေထာက္လွမ္းေရးဒုတိယအႀကီးအကဲ တုံ႔ျပန္ေျပာဆို

ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၂၈

ထိုင္းႏိုင္ငံက ဘန္ေကာက္ၿမိဳ႕တြင္ ျပဳလုပ္သည့္ ျမန္မာ့အေရးအလြတ္သေဘာေတြ႕ဆုံေဆြးေႏြးပြဲကို တက္ေရာက္ရန္ ျမန္မာႏိုင္ငံျခားေရးဝန္ႀကီးကို ဖိတ္ေခၚၿပီး အာဆီယံကို ႏွစ္ျခမ္းကြဲေအာင္လုပ္ခဲ့သည္ဆိုေသာ မီဒီယာမ်ား၏ေရးသားေဖာ္ျပခ်က္မ်ားကို ထိုင္းအမ်ိဳးသားေထာက္လွမ္းေရး ဒုတိယၫႊန္ၾကားေရးမႉးေဟာင္းနန္တီဝက္ ဆာမတ္က တုံ႔ျပန္ေျပာဆိုလိုက္ေၾကာင္း သိရသည္။

ထိုင္း အမ်ိဳးသားေထာက္လွမ္းေရး ဒုတိယၫႊန္ၾကားေရးမႉးေဟာင္းက အဆိုပါ အလြတ္သေဘာေတြ႕ဆုံေဆြးေႏြးမႈေၾကာင့္ အာဆီယံအဖြဲ႕ကို ႏွစ္ပိုင္းကြဲျခင္းမရွိေၾကာင္းဆိုသည္။

ထိုင္း အမ်ိဳးသားေထာက္လွမ္းေရး ဒုတိယၫႊန္ၾကားေရးမႉးေဟာင္းနန္တီဝက္ ဆာမတ္က"ကြၽန္ေတာ့္ရဲ႕အျမင္ေတာ့ ဒီေတြ႕ဆုံေဆြးေႏြးပြဲက သင့္ေတာ္ၿပီး ေခတ္မီမႈရွိတယ္။ မတူညီတဲ့အခ်က္ေတြကို ေဘးဖယ္ထားၿပီး တူညီတဲ့ ဘုံသေဘာတူညီမႈရေအာင္ႀကိဳးပမ္းတာမ်ိဳးျဖစ္တယ္။ ေဆြးေႏြးမႈကေန တူညီတဲ့အျမင္ေတြရမယ္ဆိုရင္ ေရွ႕ဆက္ႏိုင္ေအာင္တြန္းအားေပးလုပ္ေဆာင္ရမယ္။ မိတ္ေဆြေတြကေန ရန္သူေတြအျဖစ္ မေျပာင္းလဲေရးဟာ အဓိကအေရႀကီးတယ္။ သံတမန္ေရးရာရဲ႕အဓိကအေရးပါဆုံးက ေတြ႕ဆုံေဆြးေႏြးျခင္း၊ နားလည္မႈရေအာင္ ႀကိဳးစားျခင္းနဲ႔ ပူးေပါင္းေဆာင္႐ြက္ဖို႔ သေဘာတူညီျခင္းတို႔ျဖစ္တယ္။ သံတမန္ေရးရာရဲ႕အဓိကအေရးပါဆုံးအခ်က္က ဘယ္သူမွန္တယ္ ဘယ္သူမွားတယ္ဆိုၿပီး လက္ညႇိဳးထိုး ျပစ္တင္ရႈတ္ခ်တာမ်ိဳးမဟုတ္ဘူး။ သံတမန္နည္းလမ္းနဲ႔ ေတြ႕ဆုံေဆြးေႏြးမႈေတြမလုပ္ေဆာင္ဘူးဆိုရင္ စစ္ပြဲေတြျဖစ္လာႏိုင္ဖြယ္ရွိတယ္။ ထိုင္းအစိုးရဟာ ေဒသအတြင္းမွာ ၿငိမ္းခ်မ္းမႈေတြရယူႏိုင္ေအာင္ မိတ္ေဆြပီသတဲ့ႏိုင္ငံအျဖစ္ေဆာင္႐ြက္ႏိုင္ဖို႔ ႀကိဳးစားတာျဖစ္တယ္။ ထိုင္းႏိုင္ငံဟာ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံအားလုံးရဲ႕ႏိုင္ငံျခားေရးဝန္ႀကီးမ်ားကို ဖိတ္ေခၚခဲ့တယ္။ေတြ႕ဆုံေဆြးေႏြးမႈလုပ္ႏိုင္ဖို႔ ျမန္မာအပါအဝင္ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံအားလုံးကို ဖိတ္ေခၚခဲ့တာျဖစ္တယ္။ ဒီေတြ႕ဆုံေဆြးေႏြးပြဲက အလြတ္သေဘာေတြ႕ဆုံေဆြးေႏြးတာမ်ိဳးျဖစ္တယ္။ ဒါေပမယ့္အာဆီယံအဖြဲ႕ဝင္ႏိုင္ငံအခ်ိဳ႕ရဲ႕ ႏိုင္ငံ ျခားေရးဝန္ႀကီးေတြ တက္ေရာက္တာမ်ိဳးမရွိခဲ့ဘူး။ ဒီေတြ႕ဆုံေဆြးေႏြးပြဲက ျမန္မာ ႏိုင္ငံေရးအခက္ခဲေတြကို အေျဖရွာႏိုင္ေအာင္ ႀကိဳးပမ္းတာမ်ိဳးလည္းျဖစ္တယ္။ မတူကြဲျပားမႈေတြကို နားလည္ဖို႔ အနည္းဆုံးေတာ့ တစ္ခါေလာက္ေတာ့ ေတြ႕ဆုံေဆြး ေႏြးသင့္တယ္။ ထိုင္းႏိုင္ငံဟာ အိမ္နီးခ်င္းျမန္မာႏိုင္ငံမွာျဖစ္ေနတဲ့တိုက္ပြဲေတြနဲ႔ပတ္သက္ၿပီး သက္ေရာက္မႈမ်ားကိုတိုက္႐ိုက္ေတြ႕ႀကဳံေနရတယ္။ ထိုင္းျပည္သူေတြလည္း အဲဒီသက္ေရာက္မႈေတြကို ေတြ႕ႀကဳံခံစားေနရတယ္။ ျမန္မာႏိုင္ငံဘက္ျခမ္းမွာျဖစ္ေနတဲ့တိုက္ပြဲေတြေၾကာင့္ ေနရပ္စြန႔္ခြာထြက္ေျပးတဲ့ ဒုကၡသည္ျပႆနာနဲ႔ မူးယစ္ေဆးဝါးတင္သြင္းဖို႔ႀကိဳးပမ္းတဲ့ ျပႆနာေတြကိုေတြ႕ ႀကဳံရင္ဆိုင္ေနရတာျဖစ္တယ္။ ထိုင္းႏိုင္ငံဟာ ျမန္မာႏိုင္ငံေရးျပႆနာနဲ႔ပတ္သက္ၿပီး သဟဇာတျဖစ္ေရးအတြက္ နည္းလမ္းရွာႀကိဳးပမ္းမွာျဖစ္တယ္"ဟု ၎၏ Facebook စာမ်က္ႏွာတြင္ေရးသားေဖာ္ျပထားသည္။

ထို႔ျပင္ ၎က အာဆီယံ၏အေျခခံပဋိဉာဏ္စည္းကမ္းမ်ားထဲတြင္ အဖြဲ႕တစ္ႏိုင္ငံ၏ ျပည္တြင္းေရးကို အျခားအဖြဲ႕ဝင္ႏိုင္ငံမ်ား ၾကားဝင္စြက္ဖက္ျခင္းမ်ိဳး မလုပ္ရန္ဆိုသည့္အခ်က္ကို သတ္မွတ္ထားၿပီး လက္ရွိအခ်ိန္အထိ လက္ခံက်င့္သုံးေနဆဲျဖစ္ ေၾကာင္း၊ အာဆီယံသည္ အဖြဲ႕ဝင္ႏိုင္ငံ၏ ျပည္တြင္းကို ေျဖရွင္းႏိုင္ရန္အတြက္ အျခားအဖြဲ႕ဝင္ႏိုင္ငံမ်ားႏွင့္အတူပူးေပါင္းေဆာင္႐ြက္ရန္အခ်ိန္ယူရမည္ျဖစ္ေၾကာင္း၊ထိုင္းျပည္သူမ်ားသည္ အိမ္နီးခ်င္းျမန္မာႏိုင္ငံတြင္ တိုက္ပြဲမ်ားျဖစ္ပြားေနျခင္းကို ေတြ႕ျမင္လိုျခင္းမရွိေၾကာင္း ထိုင္းအမ်ိဳးသားေထာက္လွမ္းေရး ဒုတိယၫႊန္ၾကားေရးမႉးေဟာင္း နန္တီဝက္ ဆာမတ္ကဆိုသည္။

ျမန္မာ့အေရးႏွင့္ပတ္သက္ၿပီးေတြ႕ဆုံေဆြးေႏြးပြဲတြင္ပါဝင္ခဲ့ေသာ ႏိုင္ငံမ်ားသည္ ေတြ႕ဆုံေဆြေႏြးေရးနည္းလမ္းကို အသုံးျပဳရန္ႏွင့္အခ်ိန္ယူေဆြးေႏြးေျဖရွင္းရန္ သေဘာတူညီခဲ့ေၾကာင္း၊ အဆိုပါအခ်က္သည္ တစ္စုံတစ္ဦးကို ေတြ႕ဆုံေဆြးေႏြးပြဲမ်ားတြင္ပါဝင္ခြင့္ ပိတ္ပင္ျခင္းထက္ ပိုမိုေကာင္းမြန္ေၾကာင္း ထိုင္းအမ်ိဳးသားေထာက္လွမ္းေရး ဒုတိယၫႊန္ၾကားေရးမႉးေဟာင္းနန္တီဝက္ ဆာမတ္က သုံးသပ္ေျပာဆိုထားသည္။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ငြိမ်းချမ်းရေးဆွေးနွေးပွဲ၌ ဆွေးနွေးမည့် အစီအစဉ်(၈)ရပ်ကို EAO (၅)ဖွဲ့နှင့် နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့ သဘောတူ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved