Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲ၌ ဆွေးနွေးမည့် အစီအစဉ်(၈)ရပ်ကို EAO (၅)ဖွဲ့နှင့် နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့ သဘောတူ

မျိုးကြီး (NP News) - ဒီဇင်ဘာ ၂၈

ငြိမ်းချမ်းရေးဆွေးနွေးပွဲ၌ ဆွေးနွေးမည့် အစီအစဉ်(၈)ရပ်ကို EAO (၅)ဖွဲ့နှင့် နိုင်ငံ တော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့ ညှိနှိုင်းကာ သဘောတူညီမှုရရှိခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော်၌ ဒီဇင်ဘာလ ၂၇ ရက်တွင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် NCA ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAO) (၅)ဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့က ဖိတ်ခေါ်သည့် ဆွေးနွေးပွဲသို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ နာယက ဖြားတန်ခွန် ဥက္ကာ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)မှ ဒုတိယဥက္ကဋ္ဌ စောမြရာဇာလင်း၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) စစ်ဦးစီးချုပ် စောစတီး၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ဒုတိယဥက္ကဋ္ဌဒေါက်တာ နော်ကပေါ်ထူးနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)မှ ဒုတိယဥက္ကဋ္ဌ ကျာဖူးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့တက်ရောက်ဆွေးနွေးရာတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ၌ ဆွေးနွေးမည့်အစီအ စဉ်များကို နှစ်ဖက်အသေးစိတ်ညှိနှိုင်းခဲ့ပြီးနောက် အစီအစဉ်(၈)ရပ်ကို ညှိနှိုင်းသ ဘောတူအတည်ပြုခဲ့ကြကြောင်း နစကဘက်မှ အသိပေးထုတ်ပြန်ထားသည်။

ထို့ပြင် ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်)တွင်လည်း နှစ်ဖက်သဘောတူအတည်ပြုထားသည့်အစီအစဉ်များအတိုင်း EAO (၅) ဖွဲ့နှင့် နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့အကြား ဆက်လက်ဆွေးနွေးညှိနှိုင်းလျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သော ဒီဇင်ဘာလ ၁၉ ရက်တွင် နစက၏ NSPNC သည် NCA လက်မှတ်ရေးထိုးထားသည့် RCSS၊ NMSP၊ DKBA၊ ALP၊ PNLO၊ LDU နှင့် KUN/KNLA – PC လက်နက်ကိုင်အဖွဲ့(၇)ဖွဲ့တို့ကို ဒီဇင်ဘာလ ၂၇ ရက်မှ ၂၉ ရက်အထိ တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ ကမ်းလှမ်းမှုအပေါ် ရှမ်းအဖွဲ့ RCSS နှင့် မွန်အဖွဲ့ NMSP တို့မှလွဲ၍ ကျန်ရှိသော EAO (၅)ဖွဲ့က ဆွေးနွေးပွဲသို့ တက်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

NSPNC အနေဖြင့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ပြင်ဆင်လိုသည့်အချက်များနှင့် သီးခြားအခြားအချက်များကို ဆွေးနွေးလိုပါက ဆွေးနွေးခွင့်ရရှိရေးအတွက် ဖိတ်ခေါ်ကမ်းလှမ်းခဲ့ခြင်းဖြစ် ကြောင်း သိရသည်။


zawgyi version











Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြောက်ဦးမြို့မရဲစခန်း၌ ထိန်းသိမ်းထားသည့် လိုင်စင်မဲ့ဆိုင်ကယ်များကို ပိုင်ရှင်များအနေ ဖြင့် လာရောက်ထုတ်ယူနိုင်ဟုအသိပေး

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved