Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အာဆီယံသဘောတူညီချက်ငါးချက်နဲ့အညီ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ချုပ်တည်းရှောင်ရှားဖို့ တိုက် တွန်းကြောင်း စင်ကာပူအစိုးရပြော

ဂျန်ဇက် (NP News) - မေ ၉

မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးဟာ အာဆီယံသဘောတူညီချက်ငါးချက်နဲ့အညီ အကြမ်းဖက်တိုက် ခိုက်မှုတွေကို ချုပ်တည်းရှောင်ရှားဖို့ တိုက်တွန်းကြောင်း၊ မြန်မာနိုင်ငံရေးအခက်အခဲမှာပါဝင်နေတဲ့အဖွဲ့အစည်းအားလုံးကြား အပြုသဘောဆောင်တဲ့တွေ့ဆုံဆွေးနွေးမှုလုပ်မှသာ ပြည်သူအကျိုးစီးပွာနဲ့ပတ် သက်ပြီး ငြိမ်းချမ်းစွာအဖြေရှာနိုင်မှာဖြစ်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးအတွက် သွားရောက်ခဲ့တဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံများပါဝင်ခဲ့တဲ့ ယာဉ်တန်း တိုက်ခိုက်ခံရမှုကို ပြစ်တင်ရှုတ်ချတယ်လို့လည်း

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးအဖွဲ့များနှင့် သံတမန်များဘေးကင်းလုံခြုံရေးက အဓိကအရေးကြီးကြောင်း၊ ဘေးကင်းလုံခြုံမှုများရှိမှသာ အကူအညီလိုအပ်သောသူများကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီများပေးနိုင်မှာဖြစ်တယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ်မှာ လူသားချင်းဆိုင်ရာစာနာမှုအကူအညီများပေးဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများလိုက်ပါသွားတဲ့ ယာဉ်တန်း မေလ ၇ ရက်က တိုက်ခိုက်ခံရပြီး မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံရုံး ဝန်ထမ်းနှစ်ဦလည်း အဲဒီ သံတမန်ယာဉ်တန်းထဲမှာပါဝင်ခဲ့ပါတယ်။ သို့ပေမယ့်လည်း  ဘေကင်းစွာဖြင့် ပြန်လာနိုင်ခဲ့တယ်လို့လည်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက "အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ သံတမန်တွေနဲ့လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးအဖွဲ့တွေ ပါဝင်တဲ့ယာဉ်တန်းတိုက်ခိုက်ခံရမှုမှာ ရန်ကုန်မြို့ရှိ စင်ကာပူသံရုံးက ဝန်ထမ်းနှစ်ဦးပါဝင်ခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ဘေးကင်းစွာနဲ့ ရန်ကုန်မြို့ကို ပြန်လာနိုင်ခဲ့တယ်"လို့ပြောပါတယ်။

အဆိုပါ ယာဉ်တန်းတိုက်ခိုက်ခံရမှုဟာ အင်ဒိုနီးရှားနိုင်ငံမှာ လာမယ့်ရက်ပိုင်းအတွင်းကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးကျင်းပခါနီးချိန်မှာဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

zawgyi version


ဂျန်ဇက် (NP News) - မေ ၉







Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နယူးဇီလန်ကို ရောက်ရှိနေတဲ့ စင်ကာပူနိုင်ငံသား (၃)ဦး ယာဉ်တိုက်မှုကြောင့် သေဆုံး

RELATED POSTS
RECENT POSTS
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved