Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန်နိုင်ငံ၌ အစုအပုံလိုက် သေနတ်ပစ်ခံရမှုကြောင့် ယခုနှစ် တစ်နှစ်လုံးအတွက် လူပေါင်း ၁၄ဝဝဝ ကျော် သေဆုံးရဖွယ်ရှိဟု အိမ်ဖြူတော်ပြောဆို

Htay Oung (NP News) - မေ ၉

၂ဝ၂၃ ခုနှစ် ပထမ (၁၂၈)ရက်အတွင်း အမေရိကန်နိုင်ငံမှာ လူအစုအပုံလိုက် သေနတ်ပစ်ခံရမှု (၂ဝ၁)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ တိုင်းပြည်မှာ ထိပ်တန်းဖြစ်နေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မီဒီယာတွေ့ဆုံပွဲမှာ အိမ်ဖြူတော် သတင်းပြန်ကြားရေးအတွင်းဝန် “ကာရင်း_ယွန်း-ပိုင်ရီ“ က ပြောဆိုကြောင်း RT က ယနေ့ (မေလ ၉ ရက်)မှာရေးသားပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ တက္ကဆက်ပြည်နယ် အယ်လင်းမြို့ စျေးဝယ်စင်တာ အစုလိုက်အပုံလိုက် သတ်ဖြတ်ခံရမှုမှာ ယခုနှစ်အတွင်း ၂ဝ၁ ကြိမ်မြောက်ဖြစ်ပြီး လူရှစ်ဦးသေဆုံးကာ ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါတယ်။

"သေနတ် အကြမ်းဖက်မှုတွေကြောင့် ဒီနှစ်မှာ လူပေါင်း ၁၄ဝဝဝ ကျော် သေဆုံးရလိမ့်မယ်လို့ ယုံကြည်ရ လောက်တဲ့ ခန့်မှန်းချက်တွေက ပြသနေပါတယ်။ အဲဒါ အကျပ်အတည်းပါပဲ။ ပြောရရင် ကွန်ဂရက်လွှတ် တော်မှာ ရီပတ်ဘလီကန်တွေ ဖြေရှင်းဖို့ ငြင်းဆန်နေတဲ့ အကျပ်အတည်းပါပဲ"လို့ ယွန်းပိုင်ရီက မှတ်ချက်ပေးပါတယ်။

နိုင်ငံအတွင်း အကြမ်းဖက်မှုတွေ ဒီရေအလား တိုးမြင့်လာနေတယ်လို့ ပြောဆိုသူ အိမ်ဖြူတော် သတင်းပြန်ကြားရေးအတွင်းဝန်က ဒီကိစ္စအတွက် ရီပတ်ဘလစ်ကင်များကို အပြစ်တင်လိုက်ပြီး ယခင် နှစ်ဖက်ပါတီများ ပူးပေါင်း ဥပဒေပြုရေးမှာ ထောက်ခံမှုမရရှိခဲ့တဲ့ “သေနတ်ထိန်းချုပ်ရေး” အစီအမံများကို အတည်ပြုဖို့အတွက် ကွန်ဂရက်လွှတ်တော်ကို တောင်းဆိုလိုက်ပါတယ်။

ကွန်ဂရက်လွှတ်တော်ဟာ (စစ်သုံး) ချေမှုန်းရေးလက်နက်များနဲ့ စွမ်းရည်မြင့် ခဲယမ်းများကို တားမြစ်သင့်ပြီး၊ သေနတ်ထုတ်လုပ်သူများအတွက် ဥပဒေကြောင်းအရ ရရှိနေတဲ့ အကာအကွယ်များကိုလည်း ဖယ်ရှားပစ်ရန် လိုအပ်ကြောင်း၊ သေနတ်များနဲ့ ခဲယမ်းကို "ဘေးအန္တရာယ်ကင်းရှင်းရေး တင်းကြပ်ရန်" ထိရောက်ကျယ်ပြန့်တဲ့ နောက်ကြောင်း ရာဇ၀င်စစ်ဆေးမှုများကို ပြုလုပ်သင့်ကြောင်း၊ ဂျိုးဘိုင်ဒန်က သမ္မတရဲ့ အခွင့်အာဏာကိုအသုံးပြုပြီး လက်နက်ရောင်းချခြင်းနဲ့ အသုံးပြုခြင်းအပေါ် ကန့်သတ် အမိန့် ထုတ်ပြန်ခဲ့တာ အကြိမ်ပေါင်း နှစ်ဒါဇင်ကျော် ရှိခဲ့ပြီးဖြစ်ကြောင်း၊ ဒါပေမဲ့ သေနတ်ထိန်းချုပ်ရေးကို ဥပဒေပြဋ္ဌာန်းတဲ့အထိ ကွန်ဂရက်လွှတ်တော်က ဆောင်ရွက်နိုင်မှု မရှိသေးခြင်းဟာ ဝမ်းနည်းစရာဖြစ်ကြောင်း ကာရင်းယွန်းပိုင်ရီက ဆက်လက်ပြောဆိုပါတယ်။ 

သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ ဒီမိုကရက်တစ်ပါတီဟာ ၂ဝ၂၂ ခုနှစ် နှစ်လယ်ပိုင်းအထိ လွှတ်တော်နှစ်ရပ်လုံးကို ထိန်းချုပ်ထားနိုင်ခဲ့ပေမဲ့ လောလောဆယ် အောက်လွှတ်တော်ကို ရီပတ်ဘလီကန်များက လွှမ်းမိုးနေပြီး ဒီမိုကရက်တစ်များက အထက်လွှတ်တော်ကို ထိန်းချုပ်ထားပါတယ်။

အိမ်ဖြူတော် သတင်းပြန်ကြားရေးအတွင်းဝန်ရဲ့ လူအစုအပုံလိုက် သေနတ်ပစ်ခံရမှု အချက်အလက်တွေဟာ “ သေနတ်ကိုင် အကြမ်းဖက်မှု မော်ကွန်းတိုက်“ GVA မှ စာရင်းဇယားများ ဖြစ်ပုံရပါတယ်။ အခင်းဖြစ်ပွားရာမှာ သေနတ်ပစ်သူကို အသေဖမ်းဆီး သို့မဟုတ် ဒဏ်ရာရရှိစေခြင်းများ မပါ၀င်ပဲ ဒဏ်ရာရ/ သေဆုံးသည်ဖြစ်စေ သေနတ်ပစ်ခံရသူ အနည်းဆုံး ၄ ဦးရှိတဲ့ အမှုများကိုသာ ရေတွက်ထားခြင်းဖြစ်ပါတယ်။ GVA ဟာ အကျိုးအ မြတ်မယူတဲ့ အမေရိကန် အင်န်ဂျီအိုတစ်ခုဖြစ်ပြီး ဖက်ဒရယ်ပြည်ထောင်စုအတွင်း သေနတ်ကိုင်အကြမ်းဖက်မှုတိုင်းကို စာရင်းဇယားနဲ့တကွ အင်တာနက်ဝက်ဘ်ဆိုက်နဲ့ လူမှုကွန်ရက်တို့မှာ လွှင့်တင်ဖော်ပြပေးနေပါတယ်။ 

၂ဝ၂၃ ခုနှစ်အတွက် GVA က ခန့်မှန်းမှတ်တမ်းတင်ထားတဲ့ သေနတ်ကြောင့် သေဆုံးသူ ၁၄,၈၃၆ တို့မှာ မိမိကိုယ်မိမိ အဆုံးစီရင်သူတို့ လက်ချက်ကြောင့် အသက်ဆုံးရှုံးရသူ ၅၇% ပါ၀င်နေပါတယ်။ တစ်နေ့လျှင် သေနတ်ဖြင့် သေဆုံးမှု ၁၁၅ ခုမှာ ၆၆ မှုဟာ မိမိကိုယ်ကို သတ်သေမှုဖြစ်တယ်လို့ ဆိုလိုပါတယ်။ ၂ဝ၂၁ ခုနှစ်မှာ အစုအပုံလိုက် ပစ်ခတ်ခံရမှု ၆၉ဝ မှု ဖြစ်ပွားခဲ့ပြီး လွန်ခဲ့တဲ့နှစ်မှာ ၆၄၇-မှုကို ကျဆင်းသွားခဲ့ပါတယ်။

အမေရိကန် ဖက်ဒရယ် စုံစမ်းစစ်ဆေးရေး ဗျူရို FBI ကတော့ လူလေးဦး သို့မဟုတ် အဲဒီထက်ပိုပြီး သေဆုံးရတဲ့ ဖြစ်ရပ်တိုင်းကို အစုအပုံလိုက် သေနတ်ပစ်ခတ်မှုအဖြစ် ထုံးစံသတ်မှတ်ထားပါတယ်။ အဲ့ဒီ သတ်မှတ်ချက် အရဆိုရင် ယခုနှစ်မှာ (၂၁) ယောက်ခန့် အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဖြစ်နေပါပြီ။

ယခုနောက်ပိုင်း သေနတ်ကိုင် အကြမ်းဖက်မှုကျူးလွန်ကို အသေဖမ်းဆီးသည့်တိုင် ထိခိုက်ပျက်စီးသူအရေအတွက် ပိုမိုများပြားလာတယ်လို့ သိရှိရပါတယ်။ FBI ရဲ့ အဆိုအရ အမေရိကန်နိုင်ငံရဲ့ သေနတ်ကိုင် ကျူးလွန် သူအရေအတွက်ဟာ ၂၀၂၁ ခုနှစ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ၂ဝ၂၂ ခုနှစ်မှာ ၆၁ ဦးမှ ၅ဝ အထိ ကျဆင်းသွားခဲ့ကြောင်း၊ ဒါပေမဲ့ သေနတ်ပစ်ခံရသူအရေအတွက်မှာ ၂၄၃ မှ ၃၁၃ ဦးအထိ တိုးမြင့်လာပြီး သေဆုံးသူကတော့ ၁ဝ၃ ဦး မှ ၁ဝဝ ကို ကျဆင်းသွားပါတယ်။

သေနတ်ထိန်းချုပ်ရေးအစီအစဉ်ကို ဥပဒေအဖြစ် ပြီးခဲ့တဲ့နှစ်မှာ သမ္မတဂျိုးဘိုင်ဒင်က လက်မှတ်ရေးထိုးခဲ့ပါတယ်။ အန္တရာယ် သို့မဟုတ် ပြဿနာအကျပ်အတည်းဖြေရှင်းရေးဆိုင်ရာ ဥပဒေများကို အကောင် အထည်ဖော်ရန်၊ တရားမဝင် သေနတ်၀ယ်ယူခြင်း၊ တည်ဆဲဥပဒေကို လက်တစ်လုံးခြား ပြုလုပ်ဖို့ ကိုယ်စား ၀ယ်ယူခြင်း၊ သေနတ်ဝယ်ယူသူတိုင်းအပေါ် နောက်ကြောင်း ရာဇဝင်စုံစမ်းစစ်ဆေးမှုများ ခိုင်မာအားကောင်း လာစေရေး အကောင်အထည်ဖော်ရန်အတွက် ဒေါ်လာ သန်း ၇၅ဝ ထောက်ပံ့ခဲ့ပါတယ်။ ဒါပေမဲ့ ပြဋ္ဌာန်းသမျှ စည်းမျဉ်းအသစ်တွေဟာ အမေရိကန်တွင် သေနတ်ပစ်ခတ်မှုနှုန်းအပေါ် သိသာထင်ရှားတဲ့ အကျိုးသက်ရောက်မှုကို မတွေ့ရှိရပါဘူး။

တက္ကဆက်သေနတ်ပစ်ခတ်မှုမှာ ကျူးလွန်သူ သေနတ်သမားဟာ လူဖြူလူမျိုးကြီးဝါဒ နာဇီလက်သစ်ပုံစံ ပို့စ် များကို လူမှုကွန်ရက်မှာ လွှင့်တင်ခဲ့ဖူးကြောင်း FBI ကို ကိုးကားပြီး Rolling Stone က ယနေ့ ရေးသားပါတယ်။ “news.com” က ယနေ့ ရေးသားရာမှာလည်း အမေရိကန်နိုင်ငံအတွင်း သေနတ်ကိုင်အကြမ်းဖက်မှု ကြောင့် အစုအပုံလိုက်သေဆုံးမှုများ ဖြစ်ပေါ် နေကြောင်း၊ နိုင်ငံသားများအနေနဲ့ အမေရိကန် ၂၇ ပြည်နယ်ကို ခရီးသွားလာခြင်းမှ ရှောင်ရှားသင့်ကြောင်း သြစတြေးလျှအစိုးရက သတိပေးထားတယ်ဖော်ပြပါတယ်။

(၂ဝ၂ဝ ပြည့်နှစ် အမေရိကန်နိုင်ငံရဲ့ ကာကွယ်ရေးအသုံးစရိတ်ဟာ ဒေါ်လာ ၇၃၈ ဘီလျံရှိနေပြီး အခြားထိပ်တန်း ကမ္ဘာ့အင်အားကြီး ၁ဝ နိုင်ငံစုစုပေါင်းထက် ပိုမိုများပြားနေတယ်လို့ ဆွီဒင်အခြေစိုက် နိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသနအင်စတီကျု့ SIPRI က ဖော်ပြခဲ့ဖူးပါတယ်။ 

တစ်ပြိုင်တည်းမှာပဲ ၂ဝ၂၁ ခုနှစ် အမေရိကန်ရဲ့ ပြည်ပနိုင်ငံများသို့ စစ်လက်နက်ရောင်းချမှုဟာ လွန်ခဲ့တဲ့နှစ်ထက် ၂၁ ရာခိုင်နှုန်းတိုးမြင့်လာပြီး ဒေါ်လာ ၁၃၈ ဒသမ ၂ ဘီလျံရှိတယ်လို့ SIPRI အရ Reuters (23 December 2021) က ရေးသားခဲ့ဖူးပါတယ်။

အမေရိကန်ရဲ့ ကာကွယ်ရေးစက်မှုလုပ်ငန်း (သို့မဟုတ် ကာကွယ်ရေးလုပ်ငန်း)၊ စစ်ဘက်ဆိုင်ရာလုပ်ငန်း သို့မဟုတ် လက်နက်ရောင်းဝယ်ရေးလို့ လူသိများတဲ့ လက်နက်အရောင်းအ၀ယ်လုပ်ငန်းဟာ လက်နက်နဲ့ စစ်ဘက်ဆိုင်ရာနည်းပညာများကို ထုတ်လုပ်ရောင်းချရေးဟာ ကမ္ဘာလုံးဆိုင်ရာလုပ်ငန်းတစ်ခုဖြစ်ပြီး အစိုးရကိုယ်တိုင်နဲ့ ပုဂ္ဂလိက ကုမ္ပဏီများက ဝန်ဆောင်မှုပေးအပ်နေပါတယ်။ ပြည်တွင်းမှာလည်း စစ်သုံးအဆင့် သေနတ်များကို အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။


ပြည်တွင်း သေနတ် လက်နက်ထိန်းချုပ်ဖို့ကို အမေရိကန် ရီပတ်ဘလစ်ကင်တို့က ကန့်ကွက်ပြီး ဒီမိုကရက် တစ်တို့က လိုလားကြပါတယ်။ နိုင်ငံထူထောင်ကာစ ကောင်းဘွိုင်ခေတ်ကို ဖြတ်သန်းခဲ့ဖူးတဲ့ အမေရိကန်နိုင်ငံမှာ လူထောင်သောင်းချီ အလုပ်အကိုင်ရရှိနေပြီး ရင်းနှီးမြှုပ်နှံမှုကြီးမားတဲ့လုပ်ငန်းကြီးအပေါ် ထိန်းချုပ်ဖို့ ဆိုတာ အတော်ခဲယဉ်းတဲ့ ကိစ္စဖြစ်နေပါတယ်။

ဒီနေရာမှာ သေနတ်လက်နက် ထိန်းချုပ်ဖို့ တက်တက်ကြွကြွနဲ့ ထိရောက်အောင် ကြိုးစားခဲ့သူ ဂျေအက်ဖ် ကနေဒီဆိုလျှင် သမ္မတကြီး တစ်ယောက်လုံးဖြစ်ပါလျှက် လူပုံအလယ် ပစ်Tတ်ခံရပြီး လက်သည် မပေါ်တဲ့ သမိုင်းရှိခဲ့ဖူးပါတယ်။ ။သတင်းဘာသာပြန်သူ၏ သုံးသပ်ချက်ဖြစ်ပါသည်။)

(Reuters., 07 May 2023,” Thai voters cast early ballots one week before election” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

zawgyi version

အေမရိကန္ႏိုင္ငံ၌ အစုအပုံလိုက္ ေသနတ္ပစ္ခံရမႈေၾကာင့္ ယခုႏွစ္ တစ္ႏွစ္လုံးအတြက္ လူေပါင္း ၁၄ဝဝဝ ေက်ာ္ ေသဆုံးရဖြယ္ရွိဟု အိမ္ျဖဴေတာ္ေျပာဆို

Htay Oung (NP News) - ေမ ၉

၂ဝ၂၃ ခုႏွစ္ ပထမ (၁၂၈)ရက္အတြင္း အေမရိကန္ႏိုင္ငံမွာ လူအစုအပုံလိုက္ ေသနတ္ပစ္ခံရမႈ (၂ဝ၁)ႀကိမ္ ျဖစ္ပြားခဲ့တယ္လို႔ တိုင္းျပည္မွာ ထိပ္တန္းျဖစ္ေနတဲ့ ကိစၥနဲ႔ပတ္သက္ၿပီး မီဒီယာေတြ႕ဆုံပြဲမွာ အိမ္ျဖဴေတာ္ သတင္းျပန္ၾကားေရးအတြင္းဝန္ “ကာရင္း_ယြန္း-ပိုင္ရီ“ က ေျပာဆိုေၾကာင္း RT က ယေန႔ (ေမလ ၉ ရက္)မွာေရးသားပါတယ္။

ၿပီးခဲ့တဲ့ စေနေန႔ တကၠဆက္ျပည္နယ္ အယ္လင္းၿမိဳ႕ ေစ်းဝယ္စင္တာ အစုလိုက္အပုံလိုက္ သတ္ျဖတ္ခံရမႈမွာ ယခုႏွစ္အတြင္း ၂ဝ၁ ႀကိမ္ေျမာက္ျဖစ္ၿပီး လူရွစ္ဦးေသဆုံးကာ ခုနစ္ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း သိရွိရပါတယ္။

"ေသနတ္ အၾကမ္းဖက္မႈေတြေၾကာင့္ ဒီႏွစ္မွာ လူေပါင္း ၁၄ဝဝဝ ေက်ာ္ ေသဆုံးရလိမ့္မယ္လို႔ ယုံၾကည္ရ ေလာက္တဲ့ ခန႔္မွန္းခ်က္ေတြက ျပသေနပါတယ္။ အဲဒါ အက်ပ္အတည္းပါပဲ။ ေျပာရရင္ ကြန္ဂရက္လႊတ္ ေတာ္မွာ ရီပတ္ဘလီကန္ေတြ ေျဖရွင္းဖို႔ ျငင္းဆန္ေနတဲ့ အက်ပ္အတည္းပါပဲ"လို႔ ယြန္းပိုင္ရီက မွတ္ခ်က္ေပးပါတယ္။

ႏိုင္ငံအတြင္း အၾကမ္းဖက္မႈေတြ ဒီေရအလား တိုးျမင့္လာေနတယ္လို႔ ေျပာဆိုသူ အိမ္ျဖဴေတာ္ သတင္းျပန္ၾကားေရးအတြင္းဝန္က ဒီကိစၥအတြက္ ရီပတ္ဘလစ္ကင္မ်ားကို အျပစ္တင္လိုက္ၿပီး ယခင္ ႏွစ္ဖက္ပါတီမ်ား ပူးေပါင္း ဥပေဒျပဳေရးမွာ ေထာက္ခံမႈမရရွိခဲ့တဲ့ “ေသနတ္ထိန္းခ်ဳပ္ေရး” အစီအမံမ်ားကို အတည္ျပဳဖို႔အတြက္ ကြန္ဂရက္လႊတ္ေတာ္ကို ေတာင္းဆိုလိုက္ပါတယ္။

ကြန္ဂရက္လႊတ္ေတာ္ဟာ (စစ္သုံး) ေခ်မႈန္းေရးလက္နက္မ်ားနဲ႔ စြမ္းရည္ျမင့္ ခဲယမ္းမ်ားကို တားျမစ္သင့္ၿပီး၊ ေသနတ္ထုတ္လုပ္သူမ်ားအတြက္ ဥပေဒေၾကာင္းအရ ရရွိေနတဲ့ အကာအကြယ္မ်ားကိုလည္း ဖယ္ရွားပစ္ရန္ လိုအပ္ေၾကာင္း၊ ေသနတ္မ်ားနဲ႔ ခဲယမ္းကို "ေဘးအႏၲရာယ္ကင္းရွင္းေရး တင္းၾကပ္ရန္" ထိေရာက္က်ယ္ျပန္႔တဲ့ ေနာက္ေၾကာင္း ရာဇ၀င္စစ္ေဆးမႈမ်ားကို ျပဳလုပ္သင့္ေၾကာင္း၊ ဂ်ိဳးဘိုင္ဒန္က သမၼတရဲ႕ အခြင့္အာဏာကိုအသုံးျပဳၿပီး လက္နက္ေရာင္းခ်ျခင္းနဲ႔ အသုံးျပဳျခင္းအေပၚ ကန္႔သတ္ အမိန္႔ ထုတ္ျပန္ခဲ့တာ အႀကိမ္ေပါင္း ႏွစ္ဒါဇင္ေက်ာ္ ရွိခဲ့ၿပီးျဖစ္ေၾကာင္း၊ ဒါေပမဲ့ ေသနတ္ထိန္းခ်ဳပ္ေရးကို ဥပေဒျပ႒ာန္းတဲ့အထိ ကြန္ဂရက္လႊတ္ေတာ္က ေဆာင္႐ြက္ႏိုင္မႈ မရွိေသးျခင္းဟာ ဝမ္းနည္းစရာျဖစ္ေၾကာင္း ကာရင္းယြန္းပိုင္ရီက ဆက္လက္ေျပာဆိုပါတယ္။ 

သမၼတ ဂ်ိဳးဘိုင္ဒန္ရဲ႕ ဒီမိုကရက္တစ္ပါတီဟာ ၂ဝ၂၂ ခုႏွစ္ ႏွစ္လယ္ပိုင္းအထိ လႊတ္ေတာ္ႏွစ္ရပ္လုံးကို ထိန္းခ်ဳပ္ထားႏိုင္ခဲ့ေပမဲ့ ေလာေလာဆယ္ ေအာက္လႊတ္ေတာ္ကို ရီပတ္ဘလီကန္မ်ားက လႊမ္းမိုးေနၿပီး ဒီမိုကရက္တစ္မ်ားက အထက္လႊတ္ေတာ္ကို ထိန္းခ်ဳပ္ထားပါတယ္။

အိမ္ျဖဴေတာ္ သတင္းျပန္ၾကားေရးအတြင္းဝန္ရဲ႕ လူအစုအပုံလိုက္ ေသနတ္ပစ္ခံရမႈ အခ်က္အလက္ေတြဟာ “ ေသနတ္ကိုင္ အၾကမ္းဖက္မႈ ေမာ္ကြန္းတိုက္“ GVA မွ စာရင္းဇယားမ်ား ျဖစ္ပုံရပါတယ္။ အခင္းျဖစ္ပြားရာမွာ ေသနတ္ပစ္သူကို အေသဖမ္းဆီး သို႔မဟုတ္ ဒဏ္ရာရရွိေစျခင္းမ်ား မပါ၀င္ပဲ ဒဏ္ရာရ/ ေသဆုံးသည္ျဖစ္ေစ ေသနတ္ပစ္ခံရသူ အနည္းဆုံး ၄ ဦးရွိတဲ့ အမႈမ်ားကိုသာ ေရတြက္ထားျခင္းျဖစ္ပါတယ္။ GVA ဟာ အက်ိဳးအ ျမတ္မယူတဲ့ အေမရိကန္ အင္န္ဂ်ီအိုတစ္ခုျဖစ္ၿပီး ဖက္ဒရယ္ျပည္ေထာင္စုအတြင္း ေသနတ္ကိုင္အၾကမ္းဖက္မႈတိုင္းကို စာရင္းဇယားနဲ႔တကြ အင္တာနက္ဝက္ဘ္ဆိုက္နဲ႔ လူမႈကြန္ရက္တို႔မွာ လႊင့္တင္ေဖာ္ျပေပးေနပါတယ္။ 

၂ဝ၂၃ ခုႏွစ္အတြက္ GVA က ခန္႔မွန္းမွတ္တမ္းတင္ထားတဲ့ ေသနတ္ေၾကာင့္ ေသဆုံးသူ ၁၄,၈၃၆ တို႔မွာ မိမိကိုယ္မိမိ အဆုံးစီရင္သူတို႔ လက္ခ်က္ေၾကာင့္ အသက္ဆုံးရႈံးရသူ ၅၇% ပါ၀င္ေနပါတယ္။ တစ္ေန႔လွ်င္ ေသနတ္ျဖင့္ ေသဆုံးမႈ ၁၁၅ ခုမွာ ၆၆ မႈဟာ မိမိကိုယ္ကို သတ္ေသမႈျဖစ္တယ္လို႔ ဆိုလိုပါတယ္။ ၂ဝ၂၁ ခုႏွစ္မွာ အစုအပုံလိုက္ ပစ္ခတ္ခံရမႈ ၆၉ဝ မႈ ျဖစ္ပြားခဲ့ၿပီး လြန္ခဲ့တဲ့ႏွစ္မွာ ၆၄၇-မႈကို က်ဆင္းသြားခဲ့ပါတယ္။

အေမရိကန္ ဖက္ဒရယ္ စုံစမ္းစစ္ေဆးေရး ဗ်ဴ႐ို FBI ကေတာ့ လူေလးဦး သို႔မဟုတ္ အဲဒီထက္ပိုၿပီး ေသဆုံးရတဲ့ ျဖစ္ရပ္တိုင္းကို အစုအပုံလိုက္ ေသနတ္ပစ္ခတ္မႈအျဖစ္ ထုံးစံသတ္မွတ္ထားပါတယ္။ အဲ့ဒီ သတ္မွတ္ခ်က္ အရဆိုရင္ ယခုႏွစ္မွာ (၂၁) ေယာက္ခန္႔ အသက္ဆုံးရႈံးခဲ့ရတယ္လို႔ ျဖစ္ေနပါၿပီ။

ယခုေနာက္ပိုင္း ေသနတ္ကိုင္ အၾကမ္းဖက္မႈက်ဴးလြန္ကို အေသဖမ္းဆီးသည့္တိုင္ ထိခိုက္ပ်က္စီးသူအေရအတြက္ ပိုမိုမ်ားျပားလာတယ္လို႔ သိရွိရပါတယ္။ FBI ရဲ႕ အဆိုအရ အေမရိကန္ႏိုင္ငံရဲ႕ ေသနတ္ကိုင္ က်ဴးလြန္ သူအေရအတြက္ဟာ ၂၀၂၁ ခုႏွစ္နဲ႔ ႏႈိင္းယွဥ္မယ္ဆိုရင္ ၂ဝ၂၂ ခုႏွစ္မွာ ၆၁ ဦးမွ ၅ဝ အထိ က်ဆင္းသြားခဲ့ေၾကာင္း၊ ဒါေပမဲ့ ေသနတ္ပစ္ခံရသူအေရအတြက္မွာ ၂၄၃ မွ ၃၁၃ ဦးအထိ တိုးျမင့္လာၿပီး ေသဆုံးသူကေတာ့ ၁ဝ၃ ဦး မွ ၁ဝဝ ကို က်ဆင္းသြားပါတယ္။

ေသနတ္ထိန္းခ်ဳပ္ေရးအစီအစဥ္ကို ဥပေဒအျဖစ္ ၿပီးခဲ့တဲ့ႏွစ္မွာ သမၼတဂ်ိဳးဘိုင္ဒင္က လက္မွတ္ေရးထိုးခဲ့ပါတယ္။ အႏၲရာယ္ သို႔မဟုတ္ ျပႆနာအက်ပ္အတည္းေျဖရွင္းေရးဆိုင္ရာ ဥပေဒမ်ားကို အေကာင္ အထည္ေဖာ္ရန္၊ တရားမဝင္ ေသနတ္၀ယ္ယူျခင္း၊ တည္ဆဲဥပေဒကို လက္တစ္လုံးျခား ျပဳလုပ္ဖို႔ ကိုယ္စား ၀ယ္ယူျခင္း၊ ေသနတ္ဝယ္ယူသူတိုင္းအေပၚ ေနာက္ေၾကာင္း ရာဇဝင္စုံစမ္းစစ္ေဆးမႈမ်ား ခိုင္မာအားေကာင္း လာေစေရး အေကာင္အထည္ေဖာ္ရန္အတြက္ ေဒၚလာ သန္း ၇၅ဝ ေထာက္ပံ့ခဲ့ပါတယ္။ ဒါေပမဲ့ ျပ႒ာန္းသမွ် စည္းမ်ဥ္းအသစ္ေတြဟာ အေမရိကန္တြင္ ေသနတ္ပစ္ခတ္မႈႏႈန္းအေပၚ သိသာထင္ရွားတဲ့ အက်ိဳးသက္ေရာက္မႈကို မေတြ႕ရွိရပါဘူး။

တကၠဆက္ေသနတ္ပစ္ခတ္မႈမွာ က်ဴးလြန္သူ ေသနတ္သမားဟာ လူျဖဴလူမ်ိဳးႀကီးဝါဒ နာဇီလက္သစ္ပုံစံ ပို႔စ္ မ်ားကို လူမႈကြန္ရက္မွာ လႊင့္တင္ခဲ့ဖူးေၾကာင္း FBI ကို ကိုးကားၿပီး Rolling Stone က ယေန႔ ေရးသားပါတယ္။ “news.com” က ယေန႔ ေရးသားရာမွာလည္း အေမရိကန္ႏိုင္ငံအတြင္း ေသနတ္ကိုင္အၾကမ္းဖက္မႈ ေၾကာင့္ အစုအပုံလိုက္ေသဆုံးမႈမ်ား ျဖစ္ေပၚ ေနေၾကာင္း၊ ႏိုင္ငံသားမ်ားအေနနဲ႔ အေမရိကန္ ၂၇ ျပည္နယ္ကို ခရီးသြားလာျခင္းမွ ေရွာင္ရွားသင့္ေၾကာင္း ၾသစေၾတးလွ်အစိုးရက သတိေပးထားတယ္ေဖာ္ျပပါတယ္။

(၂ဝ၂ဝ ျပည့္ႏွစ္ အေမရိကန္ႏိုင္ငံရဲ႕ ကာကြယ္ေရးအသုံးစရိတ္ဟာ ေဒၚလာ ၇၃၈ ဘီလ်ံရွိေနၿပီး အျခားထိပ္တန္း ကမာၻ႔အင္အားႀကီး ၁ဝ ႏိုင္ငံစုစုေပါင္းထက္ ပိုမိုမ်ားျပားေနတယ္လို႔ ဆြီဒင္အေျခစိုက္ ႏိုင္ငံတကာ ၿငိမ္းခ်မ္းေရးသုေတသနအင္စတီက်ဳ႕ SIPRI က ေဖာ္ျပခဲ့ဖူးပါတယ္။ 

တစ္ၿပိဳင္တည္းမွာပဲ ၂ဝ၂၁ ခုႏွစ္ အေမရိကန္ရဲ႕ ျပည္ပႏိုင္ငံမ်ားသို႔ စစ္လက္နက္ေရာင္းခ်မႈဟာ လြန္ခဲ့တဲ့ႏွစ္ထက္ ၂၁ ရာခိုင္ႏႈန္းတိုးျမင့္လာၿပီး ေဒၚလာ ၁၃၈ ဒသမ ၂ ဘီလ်ံရွိတယ္လို႔ SIPRI အရ Reuters (23 December 2021) က ေရးသားခဲ့ဖူးပါတယ္။

အေမရိကန္ရဲ႕ ကာကြယ္ေရးစက္မႈလုပ္ငန္း (သို႔မဟုတ္ ကာကြယ္ေရးလုပ္ငန္း)၊ စစ္ဘက္ဆိုင္ရာလုပ္ငန္း သို႔မဟုတ္ လက္နက္ေရာင္းဝယ္ေရးလို႔ လူသိမ်ားတဲ့ လက္နက္အေရာင္းအ၀ယ္လုပ္ငန္းဟာ လက္နက္နဲ႔ စစ္ဘက္ဆိုင္ရာနည္းပညာမ်ားကို ထုတ္လုပ္ေရာင္းခ်ေရးဟာ ကမာၻလုံးဆိုင္ရာလုပ္ငန္းတစ္ခုျဖစ္ၿပီး အစိုးရကိုယ္တိုင္နဲ႔ ပုဂၢလိက ကုမၸဏီမ်ားက ဝန္ေဆာင္မႈေပးအပ္ေနပါတယ္။ ျပည္တြင္းမွာလည္း စစ္သုံးအဆင့္ ေသနတ္မ်ားကို အလြယ္တကူ ဝယ္ယူႏိုင္ပါတယ္။

ျပည္တြင္း ေသနတ္ လက္နက္ထိန္းခ်ဳပ္ဖို႔ကို အေမရိကန္ ရီပတ္ဘလစ္ကင္တို႔က ကန္႔ကြက္ၿပီး ဒီမိုကရက္ တစ္တို႔က လိုလားၾကပါတယ္။ ႏိုင္ငံထူေထာင္ကာစ ေကာင္းဘြိဳင္ေခတ္ကို ျဖတ္သန္းခဲ့ဖူးတဲ့ အေမရိကန္ႏိုင္ငံမွာ လူေထာင္ေသာင္းခ်ီ အလုပ္အကိုင္ရရွိေနၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈႀကီးမားတဲ့လုပ္ငန္းႀကီးအေပၚ ထိန္းခ်ဳပ္ဖို႔ ဆိုတာ အေတာ္ခဲယဥ္းတဲ့ ကိစၥျဖစ္ေနပါတယ္။

ဒီေနရာမွာ ေသနတ္လက္နက္ ထိန္းခ်ဳပ္ဖို႔ တက္တက္ႂကြႂကြနဲ႔ ထိေရာက္ေအာင္ ႀကိဳးစားခဲ့သူ ေဂ်အက္ဖ္ ကေနဒီဆိုလွ်င္ သမၼတႀကီး တစ္ေယာက္လုံးျဖစ္ပါလွ်က္ လူပုံအလယ္ ပစ္Tတ္ခံရၿပီး လက္သည္ မေပၚတဲ့ သမိုင္းရွိခဲ့ဖူးပါတယ္။ ။သတင္းဘာသာျပန္သူ၏ သုံးသပ္ခ်က္ျဖစ္ပါသည္။)

(Reuters., 07 May 2023,” Thai voters cast early ballots one week before election” ကို ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပျော်ဘွယ်မြို့၌ မိုးကြိုးပစ်ခံရမှုကြောင့် လူ(၁)ဦးနှင့် တိရိစ္ဆာန်အများအပြားသေဆုံးခဲ့

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved