Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန်နိုင်ငံ တက္ကဆက်နှင့် ကယ်လီဖိုးနီးယားပြည်နယ်တို့တွင် ပစ်ခတ်မှုများ ထပ်မံဖြစ်ပွားခဲ့ပြီး အနည်းဆုံး(၁ဝ)ဦးသေဆုံး

Pika (NP News) - မေ ၇

အမေရိကန်နိုင်ငံတွင် အကြမ်းဖက်ပစ်ခတ်မှုများ မကြာခဏဖြစ်ပွားလျက်ရှိနေရာ မေလ(၆)ရက်က တက္ကဆက်ပြည်နယ်နှင့် ကယ်လီဖိုးနီးယားပြည်နယ်တို့တွင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုများရှိခဲ့ကြောင်းသိရသည်။

တက္ကဆက်ပြည်နယ် Dallas မြို့ မြောက်ဘက်ရှိ ကုန်တိုက်တစ်ခုတွင် သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် လူရှစ်ဦးသေဆုံးခဲ့ကြောင်း အာဏာပိုင်များကထုတ်ပြန်ပြောကြားခဲ့သည်။ ပစ်ခတ်မှုဖြစ်ပွားချိန်အတွင်း Allen မြို့ရှိ ကုန်တိုက်မှ ရာနှင့်ချီသောလူများကို ဘေးလွတ်ကင်းရာသို့ပြောင်းရွေ့ပေးခဲ့ရပြီး မျက်မြင် သက်သေများသည် လမ်းသွားလမ်းလာများကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သော သေနတ်သမား၏ပုံကို ပြောပြခဲ့ကြောင်းသိရသည်။

ရဲတပ်ဖွဲ့ဝင်များသည် သေနတ်သမားကို အခင်းဖြစ်ပွားရာနေရာတွင် ပစ်သတ်ခဲ့ပြီး ၎င်းသည် ပစ်ခတ်မှုအားလုံးကို တစ်ယောက်တည်းလုပ်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေများက ပြောဆိုခဲ့သည်။ ယင်းပစ်ခတ်မှုအတွင်း သေဆုံးခဲ့သူ များထဲတွင် ကလေးများလည်းပါဝင်ကြောင်းသိရသည်။ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အနည်းဆုံးလူ(၇)ဦးကို ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ၎င်းတို့အနက်မှ (၃)ဦးမှာ စိုးရိမ်ရသည့်အခြေအနေတွင်ရှိကြောင်း သိရသည်။

သေနတ်သမားအပါအဝင် လူ(၇)ဦးသည် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ပြီး နှစ်ဦးမှာ ဆေးရုံသို့ပို့ဆောင်ပြီးနောက် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း Allen မြို့ မီးသတ်ဦးစီးချုပ် Jonathan Boyd က ပြောကြားခဲ့သည်။ ယင်းပစ်ခတ်မှုသည် အလွန်ဝမ်းနည်ဖွယ်ကောင်းသော ပစ်ခတ်မှုတစ်ခုဖြစ်ပြီး ပြည်နယ်အတွင်းရှိ ဒေသဆိုင်ရာအာဏာပိုင်များကို အကူအညီပေးရန်အတွက် အဆင်သင့်ရှိနေကြောင်း တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးမှူး Greg Abbott က ပြောကြားခဲ့သည်။

ထို့ပြင် ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်း ကောလိပ်ကျောင်းဝင်းတစ်ခုအနီးရှိ ပါတီပွဲတစ်ခုတွင် မေလ(၆)ရက် အစောပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အသက် (၁၇)နှစ်အရွယ် မိန်းကလေးတစ်ဦးသေဆုံးခဲ့ကာ အခြားလူ(၅)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။ ချီကိုမြို့ရှိ တိုက်ခန်းအဆောက်အဦးတစ်ခုတွင် လူခြောက်ဦးသေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း သတင်းရရှိပြီးနောက် နံနက်(၃)နာရီခွဲအချိန်တွင် ရဲတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ပွားရာနေရာသို့ ချက်ချင်းသွားရောက်ခဲ့ကြောင်း ရဲမှူးချုပ် Billy Aldridge ကပြောကြားခဲ့သည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသူအားလုံးကို ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး အသက်(၁၇)နှစ်အရွယ် မိန်းကလေးမှာ ဆေးရုံတွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။ ထိခိုက်ဒဏ်ရာရရှိသူ(၅)ဦးအနက် (၃)ဦးမှာ ဆေးရုံတွင် ဆေးကုသမှုခံယူနေရဆဲဖြစ်ပြီး အခြားနှစ်ဦးမှာ ဆေးရုံမှဆင်းသွားပြီဖြစ်ကြောင်း ရဲမှူးချုပ် Billy Aldridge ကပြောကြားခဲ့သည်။အဆိုပါပစ်ခတ်မှုသည် သီးခြားဖြစ်ရပ်တစ်ခုဖြစ်ပြီး ပတ်ဝန်းကျင်ရှိ အခြားလူများကို ခြိမ်းခြောက်မှုများမရှိကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

zawgyi version


Pika (NP News) - မေ ၇







Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဧပြီလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန်(၉ဝဝဝဝ)နီးပါး တင်ပို့နိုင်ခဲ့

RECENT POSTS
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved