Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဖြစ်နိုင်ခြေအရ မုန်တိုင်းဝင်ရောက်မည့် လမ်းကြောင်း(၂)ခုကို ခန့်မှန်းထားပြီး ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားရန် ဒုတပ်ချုပ်တိုက်တွန်း

စော (NP News) - မေ ၇

မြန်မာ့ကမ်းရိုးတန်းဒေသသို့ မုန်တိုင်းဝင်ရောက်မည့် လမ်းကြောင်းအား ဖြစ်နိုင်ခြေအရ လမ်းကြောင်း (၂) ကြောင်းခန့်မှန်းထားပြီး အရေးပေါ်အခြေအနေတွင် ဆောင်ရွက်ရသည့် ပစ္စည်းကိရိယာများကိုလည်း ပြည့်ပြည့်စုံစုံဖြစ်စေရန် ကြိုတင်စုံစမ်းဆောင်ရွက်ထားရမည် ဖြစ်ကြောင်း အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တိုက်တွန်းပြောဆိုထားသည်။

၎င်းက မေလ ၆ ရက်က ကျင်းပသည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အရေးပေါ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ခန့်မှန်းထားသည့် လမ်းကြောင်း (၂)ခုတွင် ပထမလမ်းကြောင်းအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်တို့အကြားမှ ကုန်းတွင်းပိုင်းသို့ဝင်ရောက်မည့် ခန့်မှန်း လမ်းကြောင်းနှင့် ဒုတိယလမ်းကြောင်းအနေဖြင့် ရခိုင်ကမ်းရိုးတန်းသို့ဖြတ်သန်း၍ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့ကြားမှ ကုန်းတွင်းမုန်တိုင်းအဖြစ် ဝင်ရောက်မည်ဆိုသည့် လမ်းကြောင်းကိုလည်း ခန့်မှန်းထားကြောင်းသိရသည်။

“ပြင်ဆင်မှုက မဖြစ်မနေဆောင်ရွက်ရမယ့် ကိစ္စတစ်ရပ်ဖြစ်တာကြောင့် ယခုမှစတင်ပြီး ပြင်ဆင်သင့်တဲ့ အချက်တွေကို ပြင်ဆင်ရမှာဖြစ်ပါတယ်။ မိမိတို့အနေနဲ့ မုန်တိုင်းနဲ့ပတ်သက်ပြီး အတွေ့အကြုံတွေရှိပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းတွေအနက် ၂ဝဝ၈ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ နာဂစ်မုန်တိုင်းက ထိခိုက်ဆုံးရှုံးမှုများပြားတဲ့ မုန်တိုင်းကြီးဖြစ်ပါတယ်”ဟု ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက သတိပေးပြောကြားခဲ့သည်။

ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်သည့်အခါတွင် အမျိုးသားအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသာမက သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်တွင်ရှိသည့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များကလည်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပြီး ကမ်းရိုးတန်း တစ်လျှောက်တွင် နေထိုင်ကြသည့် ပြည်သူများအတွက်လည်း မြို့နယ်၊ ကျေးရွာများအလိုက် ယခုကတည်းကပင် ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်ပြီဖြစ်ကြောင်း ၎င်းက အသိပေးပြောဆိုထားသည်။

European Centre for Medium-Range Weather Forecasts (ECMWF)၊ Global Forecast System (GFS) Model (၂) ခုနှင့် မြန်မာနိုင်ငံမိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနတို့၏ ကြိုတင်ခန့်မှန်းမှုအရ ဘင်္ဂလားပင်လယ်အော်အတွင်း မေလ ၈ ရက်၌ လေဖိအားနည်းရပ်ဝန်းမှ တစ်ဆင့် မုန်တိုင်းဖြစ်ပေါ်ရာမှ အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပြောင်းလဲကာ မြန်မာနိုင်ငံအတွင်းသို့ မေလ ၁၃ ရက်နှင့် ၁၄ ရက်ခန့်တွင် မုန်တိုင်းဝင်ရောက်မည်ဟု ခန့်မှန်းထားကြသည်။ 

အကယ်၍ မုန်တိုင်းသည် အခြားနေရာများသို့ လမ်းကြောင်းပြောင်း၍ ဝင်ရောက်သွားပါကလည်း မိမိတို့အတွက် ယခုကဲ့သို့ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းသည် လေ့ကျင့်ဆောင်ရွက်ပြီး အကျိုး ကျေးဇူးကို ရရှိမည်ဖြစ်ကြောင်း ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အသိပေးပြောကြားခဲ့သည်။


zawgyi version
ျဖစ္ႏိုင္ေျခအရ မုန္တိုင္းဝင္ေရာက္မည့္ လမ္းေၾကာင္း(၂)ခုကို ခန႔္မွန္းထားၿပီး ႀကိဳတင္ျပင္ဆင္မႈမ်ားေဆာင္႐ြက္ထားရန္ ဒုတပ္ခ်ဳပ္တိုက္တြန္း
ေစာ (NP News) - ေမ ၇

ျမန္မာ့ကမ္း႐ိုးတန္းေဒသသို႔ မုန္တိုင္းဝင္ေရာက္မည့္ လမ္းေၾကာင္းအား ျဖစ္ႏိုင္ေျခအရ လမ္းေၾကာင္း (၂) ေၾကာင္းခန႔္မွန္းထားၿပီး အေရးေပၚအေျခအေနတြင္ ေဆာင္႐ြက္ရသည့္ ပစၥည္းကိရိယာမ်ားကိုလည္း ျပည့္ျပည့္စုံစုံျဖစ္ေစရန္ ႀကိဳတင္စုံစမ္းေဆာင္႐ြက္ထားရမည္ ျဖစ္ေၾကာင္း အမ်ိဳးသားသဘာဝေဘး အႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈေကာ္မတီ ဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက တိုက္တြန္းေျပာဆိုထားသည္။

၎က ေမလ ၆ ရက္က က်င္းပသည့္ အမ်ိဳးသားသဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈေကာ္မတီ အေရးေပၚလုပ္ငန္းညႇိႏႈိင္းအစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ခန႔္မွန္းထားသည့္ လမ္းေၾကာင္း (၂)ခုတြင္ ပထမလမ္းေၾကာင္းအေနျဖင့္ ရန္ကုန္တိုင္းေဒသႀကီး၊ ဖ်ာပုံၿမိဳ႕နယ္ႏွင့္ ကြမ္းၿခံကုန္းၿမိဳ႕နယ္တို႔အၾကားမွ ကုန္းတြင္းပိုင္းသို႔ဝင္ေရာက္မည့္ ခန႔္မွန္း လမ္းေၾကာင္းႏွင့္ ဒုတိယလမ္းေၾကာင္းအေနျဖင့္ ရခိုင္ကမ္း႐ိုးတန္းသို႔ျဖတ္သန္း၍ စစ္ေတြၿမိဳ႕ႏွင့္ ေက်ာက္ျဖဴၿမိဳ႕ၾကားမွ ကုန္းတြင္းမုန္တိုင္းအျဖစ္ ဝင္ေရာက္မည္ဆိုသည့္ လမ္းေၾကာင္းကိုလည္း ခန႔္မွန္းထားေၾကာင္းသိရသည္။

“ျပင္ဆင္မႈက မျဖစ္မေနေဆာင္႐ြက္ရမယ့္ ကိစၥတစ္ရပ္ျဖစ္တာေၾကာင့္ ယခုမွစတင္ၿပီး ျပင္ဆင္သင့္တဲ့ အခ်က္ေတြကို ျပင္ဆင္ရမွာျဖစ္ပါတယ္။ မိမိတို႔အေနနဲ႔ မုန္တိုင္းနဲ႔ပတ္သက္ၿပီး အေတြ႕အႀကဳံေတြရွိၿပီးျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာ ျဖစ္ေပၚခဲ့တဲ့ မုန္တိုင္းေတြအနက္ ၂ဝဝ၈ ခုႏွစ္မွာ ျဖစ္ေပၚခဲ့တဲ့ နာဂစ္မုန္တိုင္းက ထိခိုက္ဆုံးရႈံးမႈမ်ားျပားတဲ့ မုန္တိုင္းႀကီးျဖစ္ပါတယ္”ဟု ဒုတိယ ဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက သတိေပးေျပာၾကားခဲ့သည္။

ႀကိဳတင္ျပင္ဆင္မႈမ်ား ေဆာင္႐ြက္သည့္အခါတြင္ အမ်ိဳးသားအဆင့္ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈေကာ္မတီသာမက သက္ဆိုင္ရာ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္တြင္ရွိသည့္ သဘာဝေဘး အႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈအဖြဲ႕မ်ားကလည္း ပူးေပါင္းေဆာင္႐ြက္ရန္ လိုအပ္ၿပီး ကမ္း႐ိုးတန္း တစ္ေလွ်ာက္တြင္ ေနထိုင္ၾကသည့္ ျပည္သူမ်ားအတြက္လည္း ၿမိဳ႕နယ္၊ ေက်း႐ြာမ်ားအလိုက္ ယခုကတည္းကပင္ ျပင္ဆင္ေဆာင္႐ြက္ရန္ လိုအပ္ၿပီျဖစ္ေၾကာင္း ၎က အသိေပးေျပာဆိုထားသည္။

European Centre for Medium-Range Weather Forecasts (ECMWF)၊ Global Forecast System (GFS) Model (၂) ခုႏွင့္ ျမန္မာႏိုင္ငံမိုးေလဝသႏွင့္ ဇလေဗဒဦးစီးဌာနတို႔၏ ႀကိဳတင္ခန႔္မွန္းမႈအရ ဘဂၤလားပင္လယ္ေအာ္အတြင္း ေမလ ၈ ရက္၌ ေလဖိအားနည္းရပ္ဝန္းမွ တစ္ဆင့္ မုန္တိုင္းျဖစ္ေပၚရာမွ အလြန္အားေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္းအျဖစ္ ေျပာင္းလဲကာ ျမန္မာႏိုင္ငံအတြင္းသို႔ ေမလ ၁၃ ရက္ႏွင့္ ၁၄ ရက္ခန႔္တြင္ မုန္တိုင္းဝင္ေရာက္မည္ဟု ခန႔္မွန္းထားၾကသည္။ 

အကယ္၍ မုန္တိုင္းသည္ အျခားေနရာမ်ားသို႔ လမ္းေၾကာင္းေျပာင္း၍ ဝင္ေရာက္သြားပါကလည္း မိမိတို႔အတြက္ ယခုကဲ့သို႔ႀကိဳတင္ျပင္ဆင္ေဆာင္႐ြက္ျခင္းသည္ ေလ့က်င့္ေဆာင္႐ြက္ၿပီး အက်ိဳး ေက်းဇူးကို ရရွိမည္ျဖစ္ေၾကာင္း ဒုတိယ ဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက အသိေပးေျပာၾကားခဲ့သည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးများကြား အကြမ်းဖက်တိုက် ခိုက်မှုဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး (၅၄)ဦးသေဆုံး

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved